Category: ကျန်းမာရေး
အိမ်ထဲနေရင်း လူ့ခန္ဓာကိုယ်အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းရင်းများ
တစ်ခါတစ်လေ အိမ်ထဲမှာနေရင်းနဲ့ ရုတ်တရက်နှာခေါင်းယားလာပြီး မရပ်မနားနှာချေတာမျိုးတွေ ကြုံဖူးမှာပါ။ အပြင်ထွက်တာလည်း မဟုတ်၊ အိမ်ထဲနေတာတောင် ဘာကြောင့်များ အရေပြားယားတာ၊ နှာခေါင်းထဲ ယားကျိကျိဖြစ်နေရတာလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ တကယ်လို့များ စာဖတ်သူက အခုလို မကြာမကြာဖြစ်တတ်တယ်ဆိုရင်တော့ အိမ်ထဲမှာ ဒီလိုပစ္စည်းတွေရှိသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။ အထပ်သားတွေနဲ့ ကြိတ်သားပရိဘောဂများ Pexels/ Pixabay ပရိဘောဂအသစ်တွေ ၀ယ်တဲ့အခါ အနံ့စူးစူးတစ်ခုကို ရလေ့ရှိပါတယ်။ ဒီအနံ့ဟာ VOCs နဲ့ ဖော်မာဒီဟိုက်ဒ်တွေက လေထဲကို ထုတ်လွှတ်တဲ့ရနံ့တွေပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ သစ်သားအမျှင်အစအနတွေ၊ ကြိတ်ခွဲပြီး ပြုပြင်ထားတဲ့ ပရိဘောဂတွေထက်စာရင် သဘာဝသစ်ပရိဘောဂတွေက ပိုကောင်းတယ်ဆိုပေမယ့် အဖိုးကြီးမြင့်တဲ့အတွက် တော်ရုံမ၀ယ်နိုင်ကြပါဘူး။ ဒါကြောင့် အထပ်သားကြိတ်သားပရိဘောဂအသစ်တွေကို ၀ယ်ယူပြီးတဲ့အခါ သူတို့ဆီက ထွက်လာတဲ့ အခိုးတွေကို မရှူရှိုက်မိရအောင် လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးဖို့ လိုအပ်လှပါတယ်။ အိမ်စိုက်ပန်းပင်များ […]
လူတော်တော်များများ သတိမထားမိကြတဲ့ ဒူးရင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၆ ခု
အရှေ့တောင်အာရှမှာ နတ်သုဒ္ဓါအဖြစ်တင်စားထားကြတဲ့ အသီးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ဒူးရင်းသီးပါ။ တော်တော်များများကတော့ ဒူးရင်းသီးစားရင် သွေးတိုးတယ်၊ အနံ့စူးရှလွန်းလို့ ခေါင်းကိုက်တယ်လို့ပဲ သိထားကြပမေယ့် သင်တို့မသိသေးတဲ့ ဒူးရင်းသီးစားခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးပေါင်း များစွာရှိနေပါတယ်။ အဲဒီအထဲမှ ဒူးရင်းသီးနဲ့လုံးဝမဆက်စပ်မိတဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခုကို ဖော်ပြပေးသွားမှာမလို့ ဗဟုသုတရအောင် ဖတ်ကြည့်လိုက်ကြပါဦး။ ဒူးရင်းသီးမှာပါတဲ့အာဟာရဓာတ်များ USDA National Nutruent Database ရဲ့ ဖော်ပြချက်အရ ဒူးရင်းသီးမှာ မထင်မှတ်ထားတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေ အများကြီးပါဝင်နေတာကို တွေ့ရပါတယ်။ လုံးဝမထင်ထားတဲ့ ဗီတာမင် စီ ကို တွေ့ရပြီး ဖောလစ်အက်ဆစ်၊ thiamin ဓာတ်၊ riboflavin, niain အပြင် ဗီတာမင် အေးနဲ့ B6 တို့လည်း ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ ဖော့စ်ဖောယက်တို့ကိုလည်း ဒူးရင်းသီးထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ရေဓာတ်နဲ့ လူ့ခန္ဓာကိုယ်တွင်းရောဂါတွေ ကာကွယ်ပေးတဲ့ phytonutrients, ပရိုတင်းနဲ့ အကျိုးပြုအဆီတွေလည်း ပါဝင်နေပါတယ်။ (၁) ဒူးရင်းသီးနဲ့အစာချေစနစ် […]
Recent Comments