Month: March 2019

ကိုယ်တိုင်ဂစ်တာတီးပြီး မေမေအူဝဲကို Birthday Wish လုပ်လိုက်တဲ့ သားသားလေး ပြေဓီရ

အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာ သားလေး ပြေဓီရ က Happy Birthday သီချင်းလေးကို ကိုယ်တိုင် ဂစ်တာတီးပြီးဆိုခဲ့ပါတယ်။ ဖေဖေ ပြေတီဦးကတော့ သူ့ထက်သာ သွားပြီလို့ ဆိုပါတယ်။ ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာတော့ သားငယ်လေး ပြေဓီရ က ကိုယ်တိုင် ဂစ်တာတီးပြီး Happy Birthday သီချင်းကို မေမေ့အတွက် သီဆိုပေးခဲ့ပါတယ်။ ဒါကြောင့် ဖေဖေ ပြေတီဦးကတော့ သားငယ်လေးရဲ့ လုပ်ရပ်အပေါ် ချီးကျူးစကား ဆိုလိုက်ပါသေးတယ်။ ‘’ပြေဓီရ မင်း အဖေ့ထက်အများကြီးသာသွားပြီကွာ။ သူ့အမေအတွက် Happy Birthday သီချင်းကို ကိုယ်တိုင် ဂစ်တာတီးပြီးဆိုနေသော ပြေဓီရ’’ ဆိုပြီးတော့ မေမေ့ကို Happy Birthday Song လေးနဲ့ […]

.ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

*သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ *သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။ သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ ကြည့်စမ်း […]

.ဝက်ခြံ ၊ ဆားဝက်ခြံ နှင့် ချွေးပေါက် ကျယ်တာတွေအတွက် အစွမ်းထက် ခရမ်းချဉ်သီးနည်းလမ်း

Zawgyi ဖြင့်ဖတ်၇န် ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။ ဒါေ့ကြာင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် .. ၁။မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြား ပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။ […]

ဇာတ်ရုပ်ပီပြင်ဖို့ KTV ခန်းတွေထိသွားရောက်လေ့လာခဲ့တယ်ဆိုတဲ့ နန်းစန္ဒာလှထွန်း

ချစ်စရာကောင်းတဲ့ ရဝေတီဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အနုပညာလောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေးဖြစ်တဲ့ နန်းစန္ဒာလှထွန်းက အချိန်တိုအတွင်းအောင်မြင်မှုတွေပိုင်ဆိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော လေးတစ်ယောက်လဲဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိပြီး ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှ မ်းနေတာကို မြင်တွေ့ရမှာပါ။ လတ်တလောမှာလည်း နန်းရဲ့ ၀င်္ကပါရှင်းတမ်းဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပြသနေတာကဖြစ်ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့ရှိတယ်လို့သိရပါတယ် ။ ဇာတ်လမ်းတွဲမှာ ပါဝင်ရမယ့် ကာရိုတာနဲ့ပတ်သက်ပြီး MRTV -4 က Stylishတွေနဲ့ အတူတူ ညှိနှိုင်းပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ပုံစံကို ရွေးချယ်တယ်လို့လည်း နန်းက သူမရဲ့ ဇာတ်လမ်းအတွက်ပြင်ဆင် ပုံလေးတွေကို ပြောပြခဲ့ပါတယ် ။ ခု နန်း နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ဇာတ်ကောင်ကတော့ KTV မှာ […]

ပူလွန်းတဲ့ရာသီဥတုကြောင့် ဘန်ကောက်မှာ သာသာယာယာရေစိမ်နေတဲ့ မြင့်မြတ်တို့ သားအဖနှစ်ယောက်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်ကတော့ အကယ်ဒမီသရုပ်ဆောင် မင်းသားချောမြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ပကာသနမဖက်တဲ့ အနေအေးမှုတွေအပြင် ပရိသတ်တွေအပေါ် အမြဲချစ်ခင်လေးစားတတ်တဲ့ စိတ်ထားမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပို အားပေးနေကြတာဆိုလည်း မမှားပါဘူး..။ အောင်မြင်ကျော်ကြားပြီး ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်ဇနီးချောလေးနဲ့အတူ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုက်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်တော် မိသားစုလေးဖြစ်တဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ လတ်တလောမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေကြပြီး သားအဖနှစ်ယောက်အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေေးတွကိုလည်း ပရိသတ်တွေကို အလွမ်းပြေလေး မျှဝေထားတာလည်း တွေ့ရပါတယ်..။ မြင့်မြတ်နဲ့ သူ့ရဲ့ ချစ်စရာသားချောလေး ဂျူနီယာမြင့်မြတ်လေးကတော့ ပူလွန်းတဲ့ ရာသီဥတုကြောင့် […]

အိမ်ထောင်သက် (၆) လအတွင်း ချစ်ဇနီးလေး ရွှေမှုန်ရတီရဲ့ ရင့်ကျက်လာမှုတွေကို ပြောပြလာတဲ့ ရွှေထူး

ရွှေထူးက ဇနီးအပေါ် ချစ်တဲ့ အချစ်တွေကို ရွှေမှုံရတီ သိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာလည်း ဇနီးချောလေးက ပိုပြီး ရင့်ကျက်လာပါတယ်တဲ့။အဆိုတော် ရွှေထူးက ဇနီးချောလေး ရွှေမှုံရတီကို သူလည်း အရမ်းချစ်ပါတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေ အမြင်မှာ ရွှေမှုံရတီက ပိုချစ်တတ်ပေမယ့် သူ ချစ်တာကိုတော့ ဇနီးချောလေး သိပါတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။ ‘’ ဒါကတော့ ဗျာ ကျွန်တော့်ကို လူတိုင်းပြောတယ်။ သူ ကျွန်တော့်ကို ချစ်ပါတယ်။ ကျွန်တော်လည်း ချစ်ပါတယ်။ အဲဒီလို မထင်ကြပါနဲ့။ ကျွန်တော်ချစ်တာကို တခြားလူတော့ မြင်ချင်မှ မြင်လိမ့်မယ်။ သူကိုယ်တိုင်ပေါ့ ကာယကံရှင်က သိပါတယ်။ ကာယကံရှင်သိလို့လည်း ကျွန်တော့်ကို လက်ထပ်တာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကို လက်ထပ်တယ်ဆိုတာ လွယ်တာမှ မဟုတ်တာ’’ […]

ခြေညှိုးက ခြေမထက် ပိုရှည်နေတဲ့သူဆို ဒါကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ

( For Zawgyi ) ခြေညှိုးက ခြေမထက် ပိုရှည်နေတဲ့သူဆို ဒါကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူတွေကတော့ အောက်ပါ အချက်တွေနဲ့ ကိုက်ညီသူတွေပဲ ဖြစ်တာ တွေ့ရမှာပါ..။ ၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီးတယ် ခံစားလွယ်တယ်..။ ၂။ အငြိုးကြီးတယ် ရန်ငြိုး ထားတတ်တယ်..။ ၃။ ချစ်သူကို ဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်..။ ၄။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝ လှည့်မကြည့်ဘူး..။ ၅။ စကားပြောတည်တယ် ခင်သွားရင် ပေါတောတော လုပ်တတ်တယ်..။ ၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး..။ ၇။ သူများ အားမကိုးတတ်ဘူး အကူအညီ ယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့ မမေ့တတ်ဘူး..။ […]

မယုံဘူး ဆိုသူတွေတောင် ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ “နီးကပ်လာသော တဘောင်နှစ်ခု”

နီးကပ်လာသော တဘောင်နှစ်ခု ” နိမိတ်တဘောင်ဆိုတာ မယုံကြည်လို့မရဘူး။ခုတွေ့လိုက်ရတဲ့ တဘောင်ကို လေ့လာကြည့်ရင် မှန်သင့်သလောက်မှန်နေတာကို တွေ့ရပါတယ်။ ၅၆၇ ဝယ် ရေတွေကြီးလို့  ၈ ဆုံးမြေကြီး လှု ပ်လိမ့်မယ် ၉ ဝယ်မြေခါ သွက်သွက်ရမ်းလို့  အကြမ်းစားကြီး လှု ပ်လိမ့်မယ် ၃ ကို အစဉ်ဆောင် ၅ ကို ထိမ်းလို့  ကပ်စိမ်းကြီးကို ကျော်ကြမယ် ကျော်ကြကွယ် ကျော်ကြကွယ် မကြာခင် သေချာလာပါမယ်။ အပေါ်ကတဘောင်အရဆိုရင် ” ၅၆၇ ဝယ်ရေတွေကြီးလို့ ” ဆိုတာ ၂၀၁၅/၁၆/၁၇ မှာ ရေတွေကြီးလို့ ဆိုလို တာလို့ ယူဆပါတယ်။ တကယ်လဲ ရေတွေကြီးခဲ့တယ်။ ” ၈ ဆုံးမြေကြီးလှုပ်လိမ့်မယ် ” […]

ဇာတိမြေမှာ ရုပ်ရှင်ရုံဆောက်ပေးဖို့ ပြင်ဆင်နေတဲ့ နေတိုး

ပြည်သူ့အချစ်တော် ထိပ်တန်းမင်းသားတယောက် ဖြစ်တဲ့ နေတိုးကတော့ရခိုင်လူမျိုးတယောက်ဆိုတာကို တော်တော်များများသိကြမှာပါ။ နေတိုးကတော့ ရခိုင်လူမျိုးတယောက်ဖြစ်တဲ့အပြင် သူ့နေခဲ့တဲ့ ဇာတိမြို့လေး မာန်အောင်မြို့ကိုလည်းတိုးတက်အောင် လုပ်ပေးဖို့ ရည်ရွယ်ချက်ရှိတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးကတော့ ဇာတိမြေဖြစ်တဲ့ရခိုင်ပြည်နယ် မာန်အောင်မြို့မှာတော့ ရုပ်ရှင်ရုံဆောက်ပေးဖို့စီစဉ်နေတာလည်း ဖြစ်ပါတယ်။ နေတိုးကတော့ eleven နဲ့အင်တာဗျူးမှာတော့ ရခိုင် မာန်အောင်မြို့မှာ ရုပ်ရှင်ရုံဆောက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး “ဆောက်ဖြစ်ဖို့တော့များမယ် ထင်တယ်။ ကျနော်တို့တိုင်ပင်နေတယ်။ နေရာတွေဘာတွေမေးနေတယ်။ ကိုယ့်မြို့ရယ်လို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ကလည်းအနုပညာရှင်တွေ ဆိုတော့ ငယ်ငယ်လေးကလည်းကျနော်တို့ ရုပ်ရှင်တွေကြည့်ခဲ့ရတယ်။ အခုချိန်မှာလည်း လူငယ်လေးတွေကို ရခိုင်မှာရှိတဲ့ လူငယ်လေးတွေကို ရုပ်ရှင်ရုံမှာ ကြည့်ရတဲ့ ခံစားမှုမျိုးဖြစ်စေချင်တယ်။ ရုပ်ရှင်ရုံမရှိတာလည်း ဖြစ်တယ်။ ကိုယ့်ရဲ့မွေးရပ်မြေ မာန်အောင်မှာလည်းဖြစ်တာကြောင့် ကျနော်တို့လုပ်ဖို့အတွက် အကြံဥာဏ်လေး ပေးကြတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ပေးချင်စိတ် ဖြစ်တာကြောင့် ကျနော်တို့တိုင်ပင်နေပါတယ်။ […]

ညီမကိုဝင်ဆဲနေတဲ့သူတွေက ပညာတတ်တွေများတယ်ဆိုတဲ့ သင်းသင်း

မင်းသား ဝေဠုကျော်ကို တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ လူသိများလာတဲ့ အလှမယ် သင်းသင်းတယောက်ကတော့ လက်ရှိချိန်ထိကို သူ့ကိုဝေဖန်သူတွေ များပြားနေပြီး သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကိုလည်း ဝေဖန်တိုက်ခိုက်တဲ့သူတွေ များပြားနေတာ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးအလှမယ် သင်းသင်းကတော့ သူ့ကိုဝေဖန်တဲ့သူတွေ ဝင်ဆဲတဲ့သူတွေကို ထိထိမိမိပြောကြားသွား ခဲ့ပါတယ်။ သင်းသင်းကတော့ Sunday နဲ့ အင်တာဗျူးတွင် ဘာပဲလုပ်လုပ်ဝေဖန်ခံနေရတဲ့ အပေါ်မှာ “ကိုယ်ကောင်းတာလုပ်လည်း ဝေဖန်ခံနေရတယ်။ ဘာလုပ်လုပ်ဝေဖန်နေကြတာဆိုတော့ ဘယ်သူ့ကိုမှလည်း အပြစ်မပြောတော့ဘူး။ အချိန်တန်ရင်တော့ နားလည်သွားမှာပါ။ ဘယ်သူတွေ ဘယ်လိုပြောပြောကိုယ်လည်း မသိပါဘူး။ အမရဲ့ ထီးကိစ္စနဲ့ ပတ်သက်တဲ့ ပုံမှာဆိုလည်း မန့်လေးတွေတော့ ဝင်ဖတ်မိပါတယ်။ အဲ့မှာဝင်ရေးထားတဲ့သူတွေ ဆဲတဲ့ဆိုတဲ့သူတွေ အားလုံးက သူတို့ရဲ့ ပရိုဖိုင်ကို ဝင်ကြည့်လိုက်တဲ့အချိန်မှာ။ ညီမသည် ပညာမတတ်ဘူး။ ပညာမတတ်လို့ ညီမကို သူတို့ဘယ်လိုပဲ […]