Month: March 2019

ချစ်သူရဲ့ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုအတိုင်းအတာကို ပြောပြလာတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အမြဲလိုလိုရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးလေး သင်ဇာဝင့်ကျော်ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာအဖြစ် ထပ်မံဖြစ်နေပြန်ပါတယ်။ သူမကို နားလည်ပေးနိုင်မယ့် ချစ်သူမျိုးကိုသာ ရှာတော့မယ့်အကြောင်းကိုလည်း မီဒီယာတွေမှာ မကြာခဏဆိုသလို ပြောကြားပြီးတဲ့နောက် သင်ဇာတစ်ယောက် သူမချစ်သူနိုင်ငံခြားသားနဲ့အတူ မောဒိုက်ကမ်းခြေရောက်ရှိနေချိန်မှာတော့ ပရိသတ်အချို့ရဲ့ စူးစမ်းရှာဖွေမှုတွေနဲ့ အတူ သူမရဲ့ Relationship တစ်ခုကို ပရိသတ်တွေဆီ ချပြလာခဲ့ရတဲ့ အခြေအနေတစ်ခုကိုရောက်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းကပဲ သင်ဇာ့ရဲ့ ချစ်သူဟာ မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီး သူမနဲ့အတူ ကျိုက်ထီးရိုးဘုရားကိုလည်း သွားရောက်ဖူးမြော်ခဲ့ပြန်ပါသေးတယ်။ သူမရဲ့ ချစ်သူဟာ ဘုရားတွေ ဖူးရတာကို ပိုမို သဘောကျကြောင်းကိုလည်း MC ရဲ့ အင်တာဗျူးမှာ ယခုလိုဖြေကြားသွားခဲ့ပါတယ်။ “အဓိကသူက သွားချင်တာ ပထမလာတုန်းက ရွှေတိဂုံဘုရားရောက်ဖူးတယ်။ ပုဂံလည်းရောက်ဖူးတယ်။ပုဂံကဘုရားတွေလည်း ဖူးဖူးတယ်။ ကျန်နေတာက ဒီကျိုက်ထီးရိုးဘုရားလေးဖူးချင်တယ် အဲ့ဒါနဲ့ သူအလုပ်အားတဲ့ရက်လေးမှာ သီးသန့်လာပြီးတော့ ဘုရားလေးလိုက်ပို့ရင်းနဲ့ […]

မဲမပေးလို့ ခွေးကိုက်ခံရပြီမလား ဆိုတဲ့ပို့စ်ကို ဖြေရှင်းလိုက်တဲ့ ထက်ထက်ထွန်း

စည်ပင်ကိုယ်စားလှယ်လောင်း အလှမယ် ထက်ထက်ထွန်းကတော့ လက်ရှိအချိန်မှာ ရုပ်ရှင်ကားတွေ ရိုက်ကူးနေသလို ရုပ်ရှင်ရိုက်ရင်း ထိခိုက်ဒဏ်ရာရသွားတဲ့အတွက် ” အပေးအယူ” ရုပ်ရှင်ကားကြီးမှာ ဆက်လက်ပါဝင်ဖို့ လက်လျှော့လိုက်ရပါတယ်။ လတ်တလောမှာ ခွေးလေခွေလွင့် ပြသနာတွေ ဂယက်ထနေပြီး စည်ပင်သာယာနဲ့ တိချစ်သူတွေကြားမှာ အမြင်မတူမှုလေးတွေ ပြင်းထန်နေပါတယ်။ စည်ပင်ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်တဲ့ ထက်ထက်ထွန်းအနေနဲ့ ခွေးလေခွေးလွင့်တွေပေါ် အမြင်ကို ခုလို ပြောပြသွားပါတယ်။ “ပြောရရင် ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့ မရပါဘူး။ သူတို့လည်း သက်ရှိသတ္တဝါတွေ လွတ်လပ်ခွင့်အရ ဒီမိုကရေစီဆိုပြီး အော်နေပုံအရ တွေးမယ်ဆိုရင် သူတို့လည်း သက်ရှိသတ္တဝါတွေ ဒီကမ္ဘာမြေပေါ်မှာ နေချင်တဲ့နေရာ နေခွင့်ရှိတယ်။ စာနာစိတ်အရ ကြည့်ရင်တော့ မတရားဘူး။ သက်ရှိသတ္တဝါတိုင်းပေါ်မှာ တူညီတဲ့ မေတ္တာထားသူတိုင်းက ဒီလိုမျိုး အဆိပ်ကျွေးသတ်တာမျိုးကို မကြိုက်ဘူး လို့ ထင်တယ်။” […]

မစိမ့်ထက်ရဲ့ ဝမ်းနည်းစရာ နောက်ဆုံးဈာပနမြင်ကွင်းများ

လူတစ်ယောက်ရဲ့နောက်ဆုံးအချိန်ဆိုတာ ဘယ်လိုဖြစ်ပြီး ၊ ဘယ်လိုအချိန် ဘယ်လိုအခြေနေနဲ့ရောက်လာနိုင်တယ်ဆိုတာ ကျနော်တို့ကြိုမသိနိုင်ပါဘူး။ လူတချို့အတွက်တော့ ဘဝဟာရှည်လျားလွန်းလှသလိုပဲ လူတချို့အတွက်တော့ တိုတောင်းလွန်းလှပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဆင်းရဲချမ်းသာ မရွေး အသက်အရွယ်မရွေး ရူပါအသွင်သဏ္ဍာန်မရွေးဟာနောက်ဆုံးအချိန်ကို သေချာပေါက်ရင်ဆိုင်လာရမှာပါ။ အဲ့ဒီအချိန်တွေမှာ တချို့အတွက်တော့ ရုတ်တရက်ဆိုတဲ့အချိန်လေးတစ်ခုကိုပဲ ရင်ဆိုင်ဖို့အချိန်ရခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလို တဒင်္ဂလလေးအတွင်းမှာ နောက်ဆုံးအချိန်ကိုရင်ဆိုင်သွားရတဲ့သူတွေထဲမှာ မစိမ့်ထက်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်နေ့မှာ ဖန်ဂရန်ရာဇီရေခဲတောင်တက်ခရီးမှာ မမျှော်လင့်ထားတဲ့ အဖြစ်ပျက်တစ်ခုကသူမကိုရိုက်ခတ်ခဲ့ပါတယ် ။ သူရဲ့အဖြစ်အပျက်ပေါ်မှာလည်းအွန်လိုင်းပေါ်မှာအမြင်အမျိုးမျိုးကွဲပြားပြီး သံသယတွေများစွာနဲ့ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုဥက္ကဌ ဦးကျင်ဦးခေါင်းဆောင်ပြီး ဒုတိယအကြိမ်မြောက်ပြန်လည်ရှာဖွေခဲ့ချိန်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကို မေလ၂၄ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့ပါတယ်။ ပြန်လည်ရှာဖွေခဲ့ချိန်မှာတော့ သူရဲ့ ခန္ဓာကိုယ်ကို အကောင်းအတိုင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလိုတွေ့ရှိခဲ့ပေမယ့်လည်း အဖြစ်ပျက်ဖြစ်ခဲ့တဲ့အချိန်ကာလကြာမြင့်သွားတာကြောင့်တစ်ကြောင်းသယ်ယူရမယ့်ခရီးဝေးကွာလွန်းလှတာတစ်ကြောင်းဖြစ်တာကြောင့် ပူတာအိုမြို့မှာပဲ သဂြိုဟ်ဖို့ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ မေလ ၂၉ရက်နေ့ နေ့လယ် ၁နာရီမိနစ်၃၀အချိန်မှာတော့ မစိမ့်ထက်ရဲ့ခန္ဓာကိုယ်ကို သဂြိုဟ်ခဲ့ကြတယ်လို့သိရှိရပြီး အရိုးပြာကိုတော့ […]

မြင့်မြတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်ဆိုတဲ့ နေခြည်ဦး

Beauty Blogger တယောက်အဖြစ် ရပ်တည်နေတဲ့ နေခြည်ဦးကတော့ သူ့ရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့အချက်လေးတွေကြောင့် ပရိသတ်တွေကြားမှာ တဖြည်းဖြည်း အောင်မြင်လာခဲ့ပြီး လက်ရှိမှာဆိုရင်တော့ မင်းသမီးတယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ သူမင်းသမီးဖြစ်လာတော့လည်း အားပေးတဲ့သူတွေ ရှိကြပြီး သူ့စိတ်ထဲက ဆုံချင်တဲ့အနုပညာရှင်တွေနဲ့ ဆုံရလို့လည်း ပျော်နေတာ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ 7 Sense Creation နဲ့ အင်တာဗျူးမှာ ဘယ်အနုပညာရှင်နဲ့ တွေ့ဆုံချင်လဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ “ကိုမြင့်မြတ်နဲ့တော့ နေခြည်ဆုံချင်တယ်။ ကိုမြင့်မြတ်ကိုလည်း ကြိုက်တော့လေ သူနဲ့ ရုပ်ရှင်ရိုက်ရရင် ကောင်းမှာပဲလို့ တွေးမိတယ်။ အရင်တုန်းကတော့ ကိုနေတိုးနဲ့လည်း ရိုက်ချင်တယ်။ ကိုမြင့်မြတ်နဲ့လည်း ရိုက်ချင်တယ်။ ခုက ကိုနေတိုးနဲ့ ရိုက်နေတော့ ကိုမြင့်မြတ်နဲ့လည်း ရိုက်ချင်တယ်” အနုပညာအပေါ် ခံယူချက်နဲ့ ပတ်သက်ပြီး “ခံယူချက်ကတော့ နေခြည်က […]

အမေရှိတုန်းလေးကျေးဇူးဆပ်ချင်လို့ ကျောင်းထွက်လိုက်တဲ့အကြောင်းပြောပြတဲ့ ဇွန်ပြည့်

မိဘရဲ့ကျေးဇူးကိုဆပ်ဖို့အခွင့်အရေးဆိုတာက လူတိုင်းရဖို့လွယ်ကူလှတဲ့အခွင့်အရေးဖြစ်သလို ၊ သား၊သမီးတိုင်းလုပ်နိုင်တဲ့အရာတွေလေးမဟုတ်ပါဘူး ။အခြေနေနဲ့ကံအကြောင်းတရားရဲ့ တိုက်ဆိုင်မှုကြောင့်သာ ဒီလိုအခွင့်ရေးမျိုးရှိကြတာပါ ။ တချို့ကျတော့ပျော်ရွှင်ဖွယ်ရာအကြောင်းအရာတွေနဲ့ မိဘကျေးဇူးဆပ်ခွင့်ရခဲ့သလို တချို့ကျရင်လည်း ပူဆွေးသောကတွေနဲ့ မိဘအတွက် တစ်ခုခုကိုစတေးပြီး မိဘကျေးဇူးကိုဆပ်ကြရပါတယ်။ အဲ့ဒီလိုဆိုအခြေနေတွေထဲမှာတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့သမီးလေး ဇွန်ပြည့်လည်းပါပါတယ်။ အခုဇွန်ပြည့်နဲ့ 8Daysမီဒီယာနဲ့အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေကိုသိအောင်ပြောပြပေးလိုက်ပါတယ်။ ဇွန်ပြည့်က “ အမေ့အခြေနေက အခုတော်တော်လေးတော့ကောင်းလာပါပြီ။ အရင်ကထက်စာရင်မောလည်းမမောတော့ဘူး ၊ အသံကလည်းတော်တော်လေးမာလာပြီဆိုတော့ အကောင်းဘက်ကိုရောက်သွားပြီလိုတော့ပြောရမှာပေါ့။ အမေဆုံးပြီဆိုတဲ့ သတင်းတွေကို စတွေ့တွေ့ချင်းမှာတော့ ညကလည်းတစ်ညလုံးကောင်းကောင်းမအိပ်ရဘူး ငိုရတယ်။ မနက်ကျတော့ ဟုတ်ပမလားပေါ့ အစ်ကိုနဲ့အဒေါ်ကိုဖုန်းဆက်ကြည့်လိုက်တော့ မှ မဟုတ်ဘူးတဲ့အကောင်းအတိုင်းရှိသေးတယ်။ ဆေးရုံမှာပဲရှိသေးတယ်။ ကိုယ်တိုင်လည်းမယုံလို့လာကြည့်လိုက်တော့ အမေကကောင်းသေးတယ်ဆိုမှာ အဲ့ဒီအလုံးကြီးကကျသွားတာပေါ့နော် ။လူတွေကဘယ်လိုပြောရမလဲ အကြောင်းကိစ္စတစ်စုံတရာကို ဂဃနဏမသိပဲနဲ့ရှောက်တင်တာတွေဘာတွေဆိုတာက ဘာပဲဖြစ်ဖြစ်တစ်ဖက်သား သူတွေကိုဒုက္ခရောက်စေချင်တယ် ။ အဲ့ဒီလိုမျိုးမလုပ်စေချင်ဘူး။ စိတ်မကောင်းဘူးပေါ့ သူဒီတောင်ကိုကျော်နိုင်ပါ့မလား […]

မေမေဆူလို့ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဝမ်းနည်းနေတဲ့ ချောရတနာရဲ့ သားလေး

ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောရတနာကိုတော့ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ အနေနဲ့ မှတ်မိကြဦးမှာပါ။ အကယ်ဒမီ ရရှိထားတဲ့အထိကို အောင်မြင်မှုတွေ ရယူထားတဲ့ မင်းသမီး ချောရတနာကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်တော့တာကတော့ အနည်းငယ်ကြာနေပါပြီ။ သူ့အနေနဲ့ အိမ်ထောင်ပြုပြီးနောက် မိသားစုကို အချိန်ပေးနေရတာကြောင့်လည်း အနုပညာလုပ်ငန်းတွေနဲ့ ကင်းကွာနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချောရတနာကတော့ အနုပညာလုပ်ငန်းတွေ မလုပ်ပေမယ့်လည်း သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုနဲ့ သားလေး သမီးလေးတွေကိုတော့ ပရိသတ်တွေက အားပေးကြပါတယ်။ လက်ရှိမှာလည်း ချောရတနာ တယောက်သူ့သားလေး ကောင်းသုတကို ဆူနေတဲ့ အချိန်မှာ သားလေးတယောက် မျက်ရည်ပေါက်ကြီးငယ်ကျအောင် အော်ငိုနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပြီး ပရိသတ်တွေကြားမှာ ပြန့်နှံနေတာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ချောရတနာ တယောက် […]

အန်တီကစ်ကို လှူတာကတော့ ပေါ်ပြူလာလုပ်တာ မဟုတ်ဘူးဆိုတဲ့ ကျော်ကျော်နန္ဒ

ထူးခြားတဲ့သီချင်းတွေ ထူးခြားတဲ့ ဝတ်စားဆင်ယင်မှုပုံတေတွကြောင့် ပရိသတ်တွေရဲ့ အမြင်အာရုံဖမ်းစားထားနိုင်တဲ့ တေးသံရှင် ကျော်ကျော်နန္ဒကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အရမ်းကို လူပြောသူပြောများနေတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါတယ်။ အခုလက်ရှိအချိန်မှာတော့ သူက ကျန်းမာရေးတော်တော်မကောင်းတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို သွားရောက်လှူဒါန်းခဲ့ပြီး ဒီလိုလှူတာကလည်း ပေါ်ပြူလာဖြစ်ချင်လို့ လှူတာမဟုတ်ဘူးလို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ကျော်ကျော်နန္ဒ”အန်တီကစ်ကို အလှူလုပ်ဖြစ်တဲ့အကြောင်း ပြောရမယ်ဆိုရင်တော့ အားလုံးကတော့ ကျွန်တော့်ကို ဝိုင်းဆဲမှာပဲ။ သူများပေါ်ပြူလာလုပ်လို့ သွားလုပ်တယ်လို့ ပြောကြမှာ။ အဲ့အတွက် ကျွန်တော် လှူမလုပ်ခင်ကနေ တစ်ရက်အလိုလောက်မှ လူမှုကွန်ရက်မှာ တင်ထားလိုက်တယ်။ ဆဲရင်လည်း ဆဲပါစေတော့ ဘာလို့ဆိုတော့ ကျွန်တော်သွားတွေ့ချင်တယ်လေ။ အဓိက လှူလည်းလှူချင်တယ် အဲ့ထက်ကို ဘာဖြစ်ချင်တာလဲဆိုတော့ လွန်ခဲ့သော ဆယ်စုနှစ်တစ်စု ဆိုတဲ့ ကျွန်တော့်ရဲ့ အနုပညာသက်တမ်းကာလ ဖြတ်လာတဲ့ တောက်လျှောက်မှာ အန်တီကစ်က […]

Live လွှင့်ပြီး သတ်သေပြမယ်ဆိုတဲ့ ကိစ္စကို ပြန်ဖြေရှင်းလိုက်တဲ့ ဒေါက်တာမြဝတ်ရည်

အခုလက်ရှိအချိန် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေပန်းစားနေကာ တချို့ကတော့ သူဘက်က ရပ်တည်တယ် တချို့ကတော့ ဝေဖန် ဆဲရေတိုင်းထွာခြင်းတွေကို ခံနေရတဲ့ မီးသတ်နဲ့နောက်ဆုံး ပြဿနာတတ်ထားတဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာမြဝတ်ရည်ကတော့ သူတင်ခဲ့တဲ့ Live လွှင့်ပြီး သေမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်ကို အကုန်သိမီဒီယာနဲ့ တွေ့ဆုံပြီး ပြောသွားခဲ့ပါတယ်။ ဒေါက်တာ မြဝတ်ရည်က “အရင် Cosmetic နဲ့ ပတ်သက်တဲ့ တရားရေးက အစ်မအတွက် မတော်မတရားဖြစ်မယ်ဆိုရင် အစ်မ Live လွှင့်ပြီး သတ်သေပြမယ်ဆိုတဲ့ video file ရှိတယ်။ အဲ့ဟာကို သူတို့က ဖြတ်ညှပ်ကပ်လုပ်ပြီး အခုပဲ ပြောသလိုပုံစံမျိုးနဲ့လုပ်တော့ လူတွေ အကုန်လုံးက စိုးရိမ်ပြီး လာပြောတဲ့သူရှိသလို တစ်ချို့တွေက သေလိုက်တော့လေ နင်သေလိုက်တော့ ငါ့အကောင့်စစ် နင်မြန်မြန်သေ […]

ဝိတ်မတက်အောင်ထိန်းတဲ့ လျို့ဝှက်ချက်ကို ပြောပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

မကစ်မကစ်နဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေအပြင် အိမ်နီးချင်းနိုင်ငံကပရိသတ်တွေပါ သည်းသည်းလှုပ်ချစ်ရတဲ့ ဝတ်မှုန်ရွှေရည်လေးဟာအခုလက်ရှိမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိသရုပ်ဆောင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ ကစ်လေးက ဆယ်ကျော်သက်မဟုတ်တော့ပေမယ့် ဆယ်ကျော်သက်ကောင်မလေးတွေထိုင်ငိုရလောက်အောင် ဖူးသစ်နုရွလတ်ဆတ်လှပနေလွန်းလို့ ပရိသတ်တွေက ကစ်လေးကို လူစင်စစ်မဟုတ်ပဲ နတ်မိမယ်လေးများလားလို့အထင်မှားနေရတာလည်းအမှန်ပါပဲ။ကစ်လေးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ သူလတ်တလောစားဖြစ်နေတဲ့ အစားအသောက်တွေအကြောင်းနဲ့ဝိတ်မတက်အောင်ထိန်းတဲ့လျို့ဝှက်ချက်လေးတွေကိုပါမျှဝေပေးလိုက်ပါတယ်။ ကစ်က ဂျပန်စာလေးတွေကြိုက်တယ်ဆိုတဲ့အကြောင်း “ကစ်က ဂျပန်စာကြိုက်တယ်။ J’s Kitchen ဆိုတဲ့ဆိုင်ကို အခုမှစားဖူးတော့အရမ်းကောင်းတယ်။ ကစ်အကြိုက်လည်းဖြစ်တယ်ပေါ့နော်။ အရသာလေးကလည်းတစ်ခုနဲ့တစ်ခုကမတူဘူး။ တော်တော်ကောင်းပါတယ်”လို့ ပြောပြထားပါတယ်။ ကစ်က ဝိတ်ထိန်းတဲ့လျို့ဝှက်ချက်လေးကိုလည်း “ကစ်က တစ်ခါတစ်လေ ဝိတ်တွေဘာတွေတက်လာရင်တော့ ကစ် ဂျပန်စာစားဖြစ်တာများတယ်။ ဆူရှီစားတယ်။ Salmon Sashimi စားတယ်။ အကုန်စားတယ်။အမဲသားကင်တာတွေဘာတွေလည်းကြိုက်တယ်။ အစားအသောက်ကတော့အကုန်စားတယ်။ဝိတ်နည်းနည်းတက်လာရင်တော့ ဂျပန်စာ Healthy ဖြစ်တဲ့အစားလေးတွေရွေးစားဖြစ်တယ်ပေါ့နော်။အသီးအရွက် salad တို့ဘာတို့စားဖြစ်တယ်။ကိုယ့်ကိုယ်ကိုယ် fit ဖြစ်အောင်နေတယ်။ အရမ်းလည်းမဝ၊အရမ်းလည်းမပိန်အောင်နေဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုးနေဖြစ်ပါတယ်”လို့ […]

ဗိုက်မကြီးပဲနဲ့ကလေးတွေကို မေတ္တာဘာလို့မထားနိုင်ရမှာလဲဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတမင်းသမီးလို့နာမည်ကြီးတဲ့ ခိုင်နှင်းဝေဟာဆိုရင်အနုပညာအလုပ်တွေလုပ်နေရင်းတစ်ဖက်ကလည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေပြီးမိဘမဲ့ကလေးတွေရဲ့ ပဲ့ကိုင်ရှင်အဖြစ်ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေက မကြာသေးမီက စရိုက် ရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲကိုတက်ရောက်လာရင်းနဲ့မီဒီယာတွေနဲ့အင်တာဗျူးမှာ စရိုက်ထဲက သရုပ်ဆောင်တွေကို ဝေဖန်သွားခဲ့သလို ပရဟိတအလုပ်တွေနဲ့ပတ်သက်ပြီးတော့လည်းပြောပြသွားခဲ့ပါတယ်။ ခိုင်နှင်းဝေက စရိုက် ရုပ်ရှင်ဇာတ်ကားကြီးအထူးပွဲကို တက်ရောက်ဖြစ်ပုံကို “မခိုင်လေးကိုလည်းအရမ်းချစ်တယ်ပေါ့နော်။ မောင်လေးကျော်ထက်အောင် ကျော်ထက်အောင်ကိုလည်းအားပေးတယ်၊ကျော်ထက်အောင်က သဘောလည်းကောင်းတယ်။ စိတ်ရင်းစေတနာလည်းကောင်းတယ်။အန်ကယ်လေးဆိုရင်တော့ ပြောစရာမလိုဘူးပေါ့နော်။ကိုယ့်ဆရာသမားလည်းဖြစ်နေတော့။ ဒီဇာတ်ကားက ဝါရင့်သရုပ်ဆောင်တွေလည်းပါဝင်တာကြောင့် လာရောက်အားပေးတာပါ”လို့ပြောပြထားပါတယ်။ ကျော်ထက်အောင်က တကယ်တော်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ကြောင်းလည်း “ကျော်ထက်အောင်က တော်တယ်။ တော်တော်တော်တယ်။ သူ့ကိုအစ်မကလေတွေ့လို့ရှိရင် သူက မင်းသားလေးလိုပဲကျော့ကျော့လေး။ဒီ Trailer ကြည့်ပြီးတဲ့အချိန်မှာ သူက ကွမ်းတွေလည်းစားတယ်။ စပယ်ယာလုပ်ရတယ်။လုံးဝစရိုက်ပုံစံမျိုး။ စရိုက်ဆိုတဲ့အတိုင်း စရိုက်ပုံစံမျိုးသူနေရတယ်။ အစ်မကတော့ ဇာတ်ကားမကြည့်ရသေးဘူးပေါ့နော်။Trailer ကြည့်ပြီးတဲ့အချိန်မှာသူကစရိုက်ပုံစံမျိုး။လုံးဝစရိုက်ပုံစံမျိုးပေါ့နော်။ အိမ်ထောင်ရေးဖောက်ပြန်တယ်။စွာတယ်။သူ့ရဲ့ကာရိုက်တာကို သူ ပီပြင်အောင်ကြိုးစားပြီးသရုပ်ဆောင်မယ်ဆိုတာယုံကြည်တယ်။ သူ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာမယ်ဆိုတာအစ်မ ယုံကြည်ပါတယ်”လို့ ချီးကျူးထားပါတယ်။ ကလေးတွေမွေးစားတဲ့အပေါ် ဝေဖန်ကြတဲ့ပရိသတ်တွေကိုလည်းခိုင်နှင်းဝေက “ဗိုက်မကြီးပဲနဲ့ ကလေးတစ်ယောက်မှမမွေးဖူးပဲနဲ့ […]