Month: March 2019

သူတင်လိုက်တဲ့ပို့စ်ကြောင့် အမေတွေ အမတွေတောင် စကားမပြောတော့ဘူးဆိုတဲ့ လှနုထွန်း

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေတဲ့ “အိမ်ထောင်ရှင်မတစ်ယောက်ဆိုတာ” ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်ထောင်ရှင်မတွေက ခင်ပွန်းသည်ကို ဘယ်လိုဂရုစိုက်ပြီး ဘယ်လိုပြုစုပေးရမလဲဆိုတဲ့အချက်တွေကိုရေးသားထားတာကြောင့် လူပြောသူပြောများခဲ့တဲ့ လှနုထွန်းကတော့ နောက် status တစ်ခုကို သူ့ရဲ့ page မှာ တင်ထားခဲ့တဲ့ ကိစ္စတင်ထားပြီးနောက်ပိုင်းမှာတော့ အမြင်မတူကွဲပြားကြတဲ့ လူတွေရဲ့ ဝေဖန်သံတွေ ဆီဆီညံနေခဲ့ပါတယ်။ အခုကျနော်တို့ ပြောချင်လွန်းလို့ မိတ်ဆွေတွေကို မလှနုထွန်းရဲ့ ဒီ Post တင်ပြီးနောက်ပိုင်း ရိုက်ခတ်လာတဲ့ အခြေအနေတချို့ကို Cele 7 မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို မိတ်ဆွေတို့သိရအောင် ပြန်ပြောပြလိုက်ပါတယ် ။ မလှနုက“လှနုတို့facebookတို့ပတ်ဝန်းကျင်တို့မှာစနိုက်ကျော်တာတို့ကိုယ့်အမျိုးသားနဲ့ငြိုငြင်တာလေးတွေအဆင်မပြေတာလေးတွေတို့တွေ့နေရတယ်အဲ့ဒါကြောင့်လှနုကချစ်တဲ့သူတွေကိုဘာတွေကူညီပေးနိုင်မလဲဆိုပီးအိမ်ထောင်ရေးစာလေးတွေဖတ်တယ်အဲ့မှာအရမ်းကောင်းတဲ့အချက်၁၀ချက်ပါတဲ့စာလေးတွေ့တယ်ပညာပေးအနေနဲ့ပါအဲ့ဒါလေးကိုတစ်ယောက်နှစ်ယောက်လောက်ကပဲဖြစ်ဖြစ်ပြင်သင့်တာပြင်မယ်ဆိုရင်ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေရောက်လာမှာပါလို့ဒါကိုရှက်စရာလို့ထင်ပီးအိမ်ထောင်ကျတဲ့အခါမပြောရင်မိန်ကလေးဘက်ကကိုယ်နားမလည်တာတွေဖြစ်သွားနိုင်တယ်ယောက်ကျားလေးဘက်ကလဲနားမလည်ဘဲအိမ်ထောင်ရေးသုခမရတာတွေရှိတယ်ဒါလေးကနေပီးတဖြည်းဖြည်းနဲ့ဖောက်ပြန်ခြင်းဆိုတာလေးတွေအများကြီးဖြစ်သွားနိုင်တယ်လေ ဒါကိုတစ်ဘက်ကကြည့်ပြီးတော့ ပိုကောင်းအောင်သူတို့နေတာထိုင်တာအဆင်ပြေအောင် လှနုကshareပေးတာပါ လှနုဘက်ကလှနုအမေ၊ အစ်မတွေကရှက်လို့ အဲ့လိုစာတွေshareစကားမပြောကြတော့ဘူး ။ ဟိုနေ့ကလှနုမွေးနေ့ဆိုဆွမ်းကပ်တာအမေကလိုက်ပြီးမပို့တော့ဘူး အစ်မကဆို ငါ့ကိုစကားလာမပြောနဲ့တော့တဲ့ အဲ့စာအတွက်လှနုဘက်ကအများကြီးနစ်နာတာတွေရှိတယ် ။ ဒါပေမယ့်လှနုကိုယ်ချစ်တဲ့သူတွေအတွက်သစ္စာဆိုရဲပါတယ်ဖြူစင်စွာနဲ့ရေးသားလိုက်တဲ့စာပါခါးအောက်ပိုင်းလို့မြင်ရင်လဲခါးအောက်ပိုင်းလို့မြင်ပါလိမ့်မယ့်နှာအတွေးနဲ့တွေးရင်လဲနှာအတွေးပေါ့ပညာပေးလို့မြင်ရင်ချစ်တဲ့စိတ်နဲ့ဖတ်ရင်ပညာပေးစာလို့ဖတ်ရပါ့မယ် […]

ကျောင်းမှာ နန္ဒာလှိုင်မရောက်ခင် စောရောက်ခဲ့လို့ Queen ရခဲ့တာ ဆိုတဲ့ ခိုင်သင်းကြည်

Facebook မှာ Live လွှင့်ပြီး ပရိသတ်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောတက်တဲ့ ခိုင်သင်းကြည်ရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်းလေးကို ပရိသတ်တို့ သိအောင် ပြောပြပေးချင်ပါတယ်။ Live လွှင့်ဖြစ်တဲ့ အကြောင်းကတော့ ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီိလိုပဲ ပရိသတ်နဲ့ပြောချင်လို့ လွှင့်ဖြစ်တာ။ ရန်ကုန်မှာကျတော့ အလုပ်တွေမအားတာတဲ့ မလွှင့်ဖြစ်ဘူးလေ။ အခုက နယ်မှာ ကားရိုက်ပဲရှိတော့ တခြားလုပ်စရာလဲမရှိတော့ ပရိသတ်နဲ့စကားပြောချင်လို့လဲပါတာပေါ့။ ရန်ကုန်မှာက စီးပွားရေး၊ လူမှုရေး၊ သာရေး၊ နာရေး အဲ့ဒါတွေလုပ်နေရတာနဲ့ မအားလပ်တော့ ပရိသတ်နဲ့စကားမပြောဖြစ်ဘူးလေ။ အခုက ကားရိုက်နေရင်းကိုယ့်အခန်းမပါတဲ့အချိန် နားရင်း မအေးသောင်းနဲ့ သူ့ပရိသတ်ကိုယ့်ပရိသတ် ပေါင်းပြီး စကားပြောဖြစ်တာပါ။ ပရိသတ်နှစ်စုပေါင်းသွားတော့ပိုပျော်ဖို့ကောင်းသွားတာပေါ့။ ပြီးခဲ့တဲ့ တလောက အူဝဲနဲ့ လွှင့်ဖြစ်တုန်းကလည်း ဒီလိုပဲရီနေရတာပါပဲ။ ကိုယ်နဲ့သိတဲ့သူတွေနဲ့ပဲ လွှင့်ဖြစ်တော့ ပိုပျော်ဖို့ကောင်းတာပေါ့။ ပေါက်စီနဲ့ကလည်း […]

Facebook Account Hack ခံရလို့ စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ ခင်လှိုင်

ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် သူတတ်ထားတဲ့ ဟာသ ပညာတွေနဲ့ လုပ်ပေးတဲ့ အပြင် ရုပ်ရှင်ကားတွေရိုက်တဲ့နေရာမှာလား အကြမ်းအနု အကုန်လုံးကို အကောင်းဆုံး သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ကတော့ သူ့ရဲ့ Facebook အကောင့် Hack ခံလိုက်ရတဲ့အတွက် ကြောင့် အရမ်းကို စိတ်မကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ခင်လှိုင်က “ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်တာ ဒီအကောင့်က ကျွန်တော်ဗျာ တော်ရုံတန်ရုံ ဘယ်ကားရိုက်နေပါတယ်ဆိုတာတောင် မတင်ဖူးပါဘူး ခရီးသွားနေပြီတို့ဘာမုန့်စားနေတယ်တို့ ဘယ်ဆိုင်မှာတို့ အဲ့တာတွေ မတင်ဖူးပါဘူး။ ကျွန်တော်က အလှူလေးကို ဒီမှာဘာလို့ တင်တာလဲဆိုတော့ အခြား လှူချင်တဲ့သူတွေ သဒ္ဓါပွားလာရင် ကျွန်နော်လှူနေတဲ့အလှူ များများလှူနိုင်ဖို့အတွက် ဒါလေးကိုပဲ တင်တာပါ။ သွားလှူတာကိုလည်း ကြွားချင်လို့ တင်တာ မဟုတ်ဘူး […]

ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ဘူးလို့ပြောလာတဲ့ Maeya Sunsun

မြန်မာလူမျိုးတွေ အားပေးမှုကို ရရှိနေတဲ့ တစ်မူထူးခြားတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံက အလှမယ် Maeya Sunsun ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ကြော်ငြာကိစ္စတစ်ခုနဲ့ ဒုတိယအကြိမ်လာခဲ့ပါတယ်။ Maeya Sunsun ကတော့ မြန်မာနိုင်ငံက မီဒီယာတွေနဲ့ တွေ့တဲ့အချိန်မှာ ခွဲစိတ်ပြုပြင်တာမျိုးကို မလုပ်ဘဲ ပင်ကိုရုပ်ရှည် ထိန်းသိမ်းထားချင်တယ်လို့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။ Maeya Sunsunက “ပထမခရီးစဉ်လိုပဲ အရမ်းစိတ်လှုပ်ရှားပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ တွေ့ရလို့ အရမ်း ဝမ်းသာပါတယ်။ မနေ့က ဗိုလ်တထောင် ဘုရားဘိုးဘိုးကြီးနဲ့ ရွှေတိဂုံဘုရားတို့ကို သွားရောက် ဖူးမြှော်ရပါတယ်။ မြန်မာသီချင်းမှာ MV ရိုက်ထားတာရှိပါတယ် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် MV တွေ ရိုက်တယ် ရှူတင်တွေလည်း ရှိပါတယ် Facebook ကနေလည်း […]

Song Hye Kyo ကို အသိမပေးပဲ ကွာရှင်းခွင့်တောင်းခဲ့တဲ့ Song Joong Ki

Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ မမနဲ့မောင် ဇာတ်လမ်းလေးဟာ နောက်ဆုံးတော့ ဒီမှာပဲတစ်ခန်းရပ်သွားခဲ့ပြီထင်ပါတယ်။Song Joong Ki နဲ့ Song Hye Kyo ဟာ ကွာရှင်းပြတ်စဲမှုနဲ့ပတ်သက်ပြီး မီဒီယာတွေကိုအပြန်အလှန်ငြင်းချက်ထုတ်ရှင်းပြနေခဲ့ကြပေမယ့် အခုအချိန်အထိတော့တစ်ယောက်နဲ့တစ်ယောက် တေ့တေ့ဆိုင်ဆိုင်စကားပြောကြပုံမရဘူးလို့ ပရိသတ်တွေကလည်းဝေဖန်လျက်ရှိကြပါတယ်။ Song Joong Ki ဘက်က ကွာရှင်းခွင့်အရင်လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒါကလည်း Song Joong Ki က သူရိုက်လက်စဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ မင်းသမီး Kim Ok Bin နဲ့ ခိုးပြီးဒိတ်လို့ဆိုတဲ့သတင်းတွေ ဓာတ်ပုံတွေကလည်း လူမှုကွန်ယက်မှာပျံ့နှံ့နေသလို Song Hye Kyo ကလည်း သူမ ရိုက်ထားတဲ့ဇာတ်လမ်းတွဲ “Boyfriend”ထဲက မင်းသား Park Bo Gum နဲ့ […]

စိုင်းစိုင်းရဲ့ တောဂေါ်လီ သီချင်းကို အပီဟဲပြီး ကနေတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး မော်ဒယ် တယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံခြားသား ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတာကို ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကြားမှာ အတော်လေးပြောစရာတွေ ဖြစ်ခဲ့ပါသေးတယ်။ သင်ဇာဝင့်ကျော်ကတော့ ခန္ဓာကိုယ်အမိုက်စားနဲ့ ပုရိသတ်တွေ ရင်ခုန်သွားစေလောက်တဲ့ ပုံစံကို ပိုင်ဆိုင်ထားတာကြောင့်လည်း ယခုနောက်ပိုင်းမှာတော့ ယခင်ကထက်ကို ပိုပြီးတော့ နာမည်ကြီးလာတာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ လမ်းခွဲခဲ့ပေမယ့်လည်း နားလည်မှု ရှိရှိလမ်းခွဲခဲ့တာကြောင့် သိပ်ပြီးတော့ အသည်းကွဲတာတွေကို သိပ်ပြီးတော့ မရှိတာကြောင့် လမ်းခွဲပြီးနောက်ပိုင်းမှာလည်း ပျော်ပျော်နေနေတာကို တွေ့ရပါတယ်။ သင်ဇာကတော့ ပြီးခဲ့တဲ့ ရက်မှာတော့ သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပျော်ရွှင်စရာလေးတွေကို ဖန်တီးခဲ့တာကို တွေ့ရပါတယ်။ ကေတီဗီကြီး တခုထဲမှာတော့ […]

ဘာသာစကား ၅ မျိုးလောက် တတ်ချင်တယ်ဆိုတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် ကနေတဆင့် အကယ်ဒမီရတဲ့ အထိအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်း ကိုတော့တော်တော်များများ သိကြမှာပါ။ လက်ရှိချိန်မှာတော့ လူငယ်သရုပ်ဆောင်အဖြစ် ရပ်တည်နေပြီး ကြေငြာတွေ ဗီဒီယိုတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ပါဝင်သရုပ်ဆောင် နေပါတယ်။ အောင်မြင်မှုတွေ တဖြည်းဖြည်းရရှိနေတဲ့ မင်းသမီး ယွန်းယွန်းကတော့ လက်ရှိချိန်မှာတော့ ပြည်ပနိုင်ငံတွေနဲ့ အလုပ်လုပ်ဖို့ တိုင်ပင်နေကြောင်း သိရပါတယ်။ ယွန်းယွန်းကတော့ ထိုင်းနဲ့ ဖက်စပ်အလုပ်လုပ်ဖို့ ရှိတာကြောင့် လက်ရှိမှာတော့ ထိုင်းစကားသင်နေတယ်လို့ ပြောကြားသွားပြိး လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းပါ ပြောကြားသွား ခဲ့ပါတယ်။ ယွန်းယွန်းကတော့ အင်တာဗျူးမှာ လက်တလော အနုပညာလှုပ်ရှားမှုနဲ့ပက်သက်ပြီး” အခုလတ်တလောက ကျောင်းစာတဖက်နဲ့အခု ထိုင်းနဲ့ဖတ်ဆက် အနုပညာအလုပ်လေးတွေလုပ်ဖို့ စီစဉ်နေတယ် ကြေငြာအလုပ်လေးတွေလဲပါမယ် ရုပ်ရှင်အတွက်လဲပါမယ် ညီမအချိန်ရရင်တောင်မှ ထိုင်းစကား လေ့လာမလို့ပေါ့နော် အာ့လေးတွေလုပ်နေပါတယ်။ ထိုင်းစကားသင်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ” […]

Rဇာနည်နဲ့ချစ်စနိုး အခေါ်အဝေါ်တွေ အကြောင်းကို ပြောပြတဲ့ ဝမ်း

R ဇာနည်နဲ့ ဝမ်းဆိုတာက ပရိသတ်တွေ ချစ်ခင်အားပေး အားကျရတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ R ဇာနည်က တေးသီချင်းတွေကို သီဆိုဖျော်ဖြေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ယူနိုင်ခဲ့သလို မိန်းမချောချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားသမီးလေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Rဇာနည်တဲ့ ဝမ်းတို့က သူငယ်ချင်းကနေ သမီးရည်းစားဖြစ်ပြီး ယူလိုက်ကြတာဖြစ်တာကြောင့် ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ မခေါ်တတ်ဘူးလို့ ဝမ်းကတော့ We Media ရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဝမ်းက “အစ်မက ကျားယောက်ဆိုတာ ဟိုးငယ်ငယ်ကတည်းက ယောက်ျားယောက်ျားလို့ခေါ်တယ်။ အစ်မတို့နှစ်ယောက်က အသက်ကတော့ ၄ နှစ်လောက်ကွာတယ် ဒါပေမဲ သငယ်ချင်းကနေ သမီးရည်းစားဖြစ်ပြီး ယူလိုက်တာဆိုတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ အရင်ကတည်းကလည်း သူငယ်ချင်းကနေ ဖြစ်တာဆိုတော့လေ ကိုကိုတွေမောင်မောင်တွေလည်း မခေါ်တတ်တော့လေ အရင်ဆို နာမည်ပဲ ခေါ်တာပေါ့နော်။ ယူပြီးသွားတော့လည်း နာမည်ပဲခေါ်တာ […]

သမီးလေးနဲ့ တစ်ရက်ခြားတစ်ခါ Video call ပြောဖြစ်တယ်ဆိုတဲ့ ဘုဏ်းသိုက်

သရုပ်ဆောင်ပိုင်းနဲ့ ဒါရိုက်တာပိုင်းမှာ လူသိများ ပရိသတ်တွေရဲ့ လက်ခံမှုကို ရရှိထားနေတဲ့ ဘုဏ်းသိုက်ကတော့ သမီးဖြစ်သူရဲ့ အကြောင်းလေးတွေကို ပြောပြခဲ့ပြီး သမီးကိုလွမ်းနေရကာ တစ်ရက်ခြားတစ်ခါလောက်တော် Video call ပြောဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။ “သမီးက တစ်ခါတစ်လေကျရင် ကျွန်တော်နဲ့တူတယ် တစ်ခါတစ်လေကျရင်လည်း သိပ်စကားမပြောဘူး။ အကုန်လုံးသိနေတဲ့ပုံစံမျိုး။”လို့ပြောခဲ့ပြီး သမီးက နိုင်ငံခြားမှာ ဖြစ်လို့ လွမ်းလားလို့ မေးမြန်းရာ “လွမ်းတာပေါ့ တစ်ရက်ခြားတစ်ခါလောက်တော့ Video Call ပြောတယ်။”လို့ ပြောသွားခဲ့ပါတယ်။သမီးလေးက ဘယ်လောက်တောင် စကားပြောတတ်နေပြီလဲလို့ မေးမြန်းရာ “ဒီလိုပါပဲ ကလေးကတော့ တစ်ခါတစ်လေကျရင်လည်း သူပျော်ရင် ပျော်တဲ့အတိုင်း တုန့်ပြန်တယ် ဒါပေမဲ့ များသောအားဖြင့် ပျော်အောင်ထားလို့လားမသိဘူး ပျော်ပါတယ်။ သမီးလေးရဲ့ အနာဂတ်ကိုရော ဘယ်လိုမျိုးစဉ်းစားထားလဲလို့ မေးမြန်းရာ “သမီးအနာဂတ်က သမီးကိုယ်တိုင် ပိုင်တဲ့ သမီးကိုယ်တိုင် Handle […]

အိမ်ဝယ်ဖို့မနည်းကြိုးစားရဦးမယ်ဆိုတဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင်ကတော့ Myanmar Idol ကနေ အောင်မြင်ကျော်ကြားလာခဲ့ပြီး သီချင်းတွေဆက်တိုက်ဆိုရင်း အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်ပြီး ပရိသတ်အားပေးမှုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ရိုးသားမှုကိုအခြေခံတဲ့စရိုက်ရှိပြီး ဘာသာတရားလည်းကိုင်းရှိုင်းတယ်လို့ ပရိသတ်တွေကြားထဲမှာ မှတ်ချက်ပေးခံနေရသူလည်းဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က မကြာသေးမီက MC နဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ မိသားစုအရေးကိုဖြေကြားသွားခဲ့ပါတယ်။ ဖြိုးမြတ်အောင်က မိသားစုအတူတူနေဖို့လောလောဆယ်တော့အိမ်မဝယ်နိုင်သေးဘူးလို့ “အိမ်ကတော့မဝယ်နိုင်သေးပါဘူး။ အိမ်ဝယ်ဖို့မနည်းကြိုးစားရဦးမယ်။ အရင်ဆုံးခြံဝယ်ဖို့ကြိုးစားပြီးတော့မှပဲ အိမ်၊ ဒါပေမယ့် ကျွန်တော့် ဖီလင်ပေါ့နော်။ ရန်ကုန်မှာအခြေချချင်တဲ့စိတ်ကသိပ်မရှိဘူး။ ကိုယ့်အိမ်မှာပဲအေးအေးဆေးဆေးပြန်နေချင်တာ။ ဒါပေမယ့်အလုပ်နဲ့ပတ်သက်လာပြန်ရင်လည်းရန်ကုန်မှာမနေလို့ကမရဘူး။ အဲ့တော့ ခြံနဲ့အိမ်နဲ့ရှိဖို့တော့လိုတယ်လေ။ တိုက်ခန်းတွေဘာတွေကျတော့လည်းနေရတာကျဉ်းကြပ်တာပေါ့လေ။ ကိုယ်တစ်ယောက်တည်းဆိုရင်တော့ ကိစ္စမရှိပါဘူးလေ။ ကိုယ့်မိသားစုကိုယ့်အမေတွေပါပါလာတော့ အဓိကက အမေပေါ့။ သူမနေတတ်မှာစိုးလို့”လို့ ပြောပြထားပါတယ်။ အလှူအတန်းတွေမကြာခဏလုပ်ဖြစ်တဲ့အပေါ်ကိုလည်း ဖြိုးမြတ်အောင်က “လက်ရှိမှာတော့ ကျွန်တော် ဘုရားထီးထင်ပြီးသွားပြီ။ တောင်သူလေးတံတားဆိုလည်းဆောက်ပြီးတော့ ကျွန်တော်မတည်တယ်။ အခြားကြိုကြားကြိုကြားလိုအပ်တဲ့နေရာတွေဆိုလည်း စာသင်ကျောင်းလိုနေရာတွေလည်းကျွန်တော်သွားလှူဖြစ်တယ်။ ဘုရားတစ်ဆူပြင်တာလည်းကျွန်တော်ပြင်ပြီးပြီ။ လာမယ့်နှစ် နွေကိုထီးတင်မယ်။ ဘုရားတစ်ဆူ”လို့ […]