အနုပညာသတင်းများ

ကျန်းမာရေးမကောင်းတဲ့ သမီးလေး အကြောင်း ပြောပြလာတဲ့ အဆိုတော် ငယ်ငယ်

Rap သီချင်းကောင်းများစွာ ကိုသီဆိုဖူးခဲ့တဲ့ အဆိုတော်ငယ်ငယ်ကိုအားလုံးသိကြဦးမယ်ထင်ပါတယ်။ နောက်ပိုင်းမှာ သူရဲ့သီချင်းတွေနည်းသွားပေမယ့်လည်း သီချင်းဆိုပြိုင်ပွဲတချို့မှာတော့ ဒိုင်အဖြစ်တွေ့မြင်နေရပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကိုဖော်ပြပေးချင်တဲ့သတင်းလေးကတော့ ငယ်ငယ့်သမီးလေးရဲ့ ကျန်းမာရေးအခြေအနေလေးပဲဖြစ်ပါတယ်။

သူ့သမီးလေးရဲ့ကျန်းမာရေးအခြေအနေကိုKZမီဒီယာနဲ့အင်တာဗျူးမှာ ငယ်ငယ်က “သမီးလေးက ကျန်းမာရေးသိပ်ပြီးတော့မကောင်းတဲ့အခါကျတော့ သူများထက်ပိုဂရုစိုက်ရတာပေါ့ ။အခုကဆေးခန်းကတော့သွားလိုက်လာလိုက်ပဲ ဘန်ကောက်မှာသွားပြီးကုနေရတာပေါ့ ။အသက်အန္တရာယ်တော့မစိုးရိမ်ပါဘူး ဒါပေမယ့်သူကတော့အခုဖြစ်လို့ခွဲစိပ်လိုက်ပျောက်သွားတာမျိုး မဟုတ်ဘူးအချိန်ယူပြီးကုရမယ့်ရောဂါမျိုး ။ ငယ်ငယ်တို့လင်မယားသိပ်ပြီးတော့ အပြင်တွေဘာတွေသိပ်မသွားနိုင်တော့ဘူး ။ နပ်စ်တွေဘာတွေနဲ့လည်းသိပ်စိတ်မချတော့နှစ်ယောက်တည်းပဲ ထိန်းတာဆိုတော့လေ။ အခုတစ်နှစ်နဲ့နှစ်လရှိသွားပြီ။အရင်တုန်းကတော့ ဆေးခန်းခဏခဏသွားရတယ်။ အခုကတော့ သုံးလခြားတစ်ခါမှခေါ်တယ်ဆိုတော့ နည်းနည်းလေးတိုးတက်လာပြီလို့တော့ပြောလို့ရတယ်။ ဒါပေမယ့် အခုချိန်ထိတော့ အစာတွေဘာတွေရောမစားနိုင်သေးဘူး ။ မစားတတ်သေးဘူး ၊ တစ်နှစ်နဲ့နှစ်လဖြစ်နေပြီ အခုထိပိုက်နဲ့တိုက်နေရတုန်းပဲ ။ ဒီဟာကတောက်လျှောက်ပေါ့နော်ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ စစ်ထားတဲ့စာရွက်စာတမ်းတွေရှိပါတယ်။ ကလေးက ဗိုက်ထဲမှာတုန်းက လုံးဝအကောင်းပါ ။မွေးတဲ့အချိန်မှာ အချိန်မီမခွဲပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ကြာသွားတဲ့အတွက်ကြောင့်မို့လို့ဖြစ်သွားတာပါ။

ပြောဖူးပါတယ် အရင်အင်တာဗျူးတွေထဲမှာလည်းကိုယ်က သူဌေးဆိုတဲ့စာရင်းထဲမှာတော့မပါဘူးပေါ့နော်။ ဒါပေမယ့်ကိုယ့်လောက်မှ မတတ်နိုင်တဲ့သူမှာ ဖြစ်မှကိုအရမ်းကြောက်တယ် ။ ကိုယ့်ဒုက္ခကိုယ်ပဲသိတာလေ ဝယ်ထားရတဲ့ဆေးပစ္စည်းတွေ ကုနေရတဲ့ဟာတွေ မတတ်နိုင်တဲ့သူဆိုဘယ်လိုများဖြစ်မလဲပေါ့နော်။ မတတ်နိုင်တဲ့သူဆိုဘယ်လိုများဖြစ်မလဲလို့ကိုယ်ကစိတ်အမြဲပူနေရတာပေါ့ ။ အခုကတော့တဖြည်းဖြည်းနဲ့တော်တော်လေးတော့ကောင်းလာတာပေါ့ ။နို့မှုန့်တွေကိုမတိုးနိုင်တာလေ ။အခုသူ့နို့မှုန့်တွေက သပ်သပ်ရှိတယ်။ ကိုယ်ကလည်းမသိဘူး ဒီပိုက်နဲ့တိုက်တဲ့ကလေးအတွက် နို့မှုန့်သပ်သပ်ရှိတယ် ဆိုတာ ဘန်ကောင်မှာသွားပြတော့မှ သိရတော့မှ အဲ့ဒီဟာလေး နဲ့ဆိုတော်တော်လေးကိုတိုးတက်လာတယ်။ ကြောက်ဖို့လည်းကောင်းတယ် ကိုယ်ဖြစ်ခဲ့တာက ကံကောင်းလို့ကိုယ်ပါမသေတာလေ ။ ပြီးတော့ဘာတာဝန်ယူမှုမှလည်းမရှိဘူးပိုပြီးတော့ ကောင်းစေချင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

The post ကျန်းမာရေးမကောင်းတဲ့ သမီးလေး အကြောင်း ပြောပြလာတဲ့ အဆိုတော် ငယ်ငယ် appeared first on Nanmalgyi.