အႏုပညာသတင္းမ်ား

ေၾကးစားေယာက္်ားတစ္ေယာက္ပါဆိုတဲ့ ေက်ာ္ေက်ာ္ဗိုလ္

ျမန္မာႏိုင္ငံက ဇာတ္သဘင္ေလာကရဲ႕မ်ိဳး႐ိုးႀကီးထဲက မ်ိဳးဆက္တစ္ေယာက္ျဖစ္သလို သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္နဲ႔လည္း ေအာင္ျမင္မႈေတြရယူႏိုင္တဲ့အျပင္ ႏွင္းဆီအဖြဲ႔မွာလည္း လူရႊင္ေတာ္တစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြကိေဖ်ာ္ေျဖေပးေနတဲ့ ေက်ာ္ေက်ာ္ဗိုလ္က Media 9နဲ႔အင္တာဗ်ဴးမွာ Lady Boy႐ုပ္႐ွင္အေပၚမွာထားတဲ့ သူရဲ႕ခံစားခ်က္ေတြကို ေျပာျပသြားတာေတြ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ေတြကို ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

ေက်ာ္ေက်ာ္ဗိုလ္က “အဲ့ဒီကားက က်ေနာ္ကိုယ္တိုင္ လည္းရင္ခုန္ၿပီးေတာ့ ျပန္ၾကည့္ခ်င္တဲ့ကားထဲမွာပါပါတယ္။ က်ေနာ့္ကာ႐ိုက္တာက အူယားစရာေကာင္းတဲ့ကာ႐ိုက္တာတစ္ခုျဖစ္ေနတယ္ ။ က်ေနာ္လုပ္ရတဲ့ကာ႐ိုက္တာက ျပန္ေတြးၾကည့္ရင္ေတာ့ ၾကက္သီးထစရာေကာင္းတာေပါ့ ။ အဲ့တာေလးေတြကို ရင္ခုန္တာေပါ့ ျပန္ၾကည့္ခ်င္တာေပါ့ ။ ဒါကေတာ့ Entertainment တစ္ခုပါပဲ။

က်ေနာ္က Lady Boy မဟုတ္ဘူးဗ်။ က်ေနာ္က ေဂ်ကလိုေပါ့ ။ေဂ်ကလိုဆိုတာက ေယာက္်ားေၾကးစားေပါ့ ။ ေယာက္်ားေၾကးစားအငွားလိုက္တာေပ့ါ။ အဲ့ဒီလိုကာ႐ိုက္တာေလးလုပ္ထားတာဆိုေတာ့ စိန္ေခၚမႈဆိုတာထက္ က်ေနာ့္ကိုစိန္ေခၚမႈဆိုတာထက္ ဒီဟာကလည္း ကာ႐ိုက္တာတစ္ခုကို က်ေနာ္ပူးေပါင္းလုပ္လိုက္တာေပါ့ ။အဓိကကေတာ့ စိန္ခၚမႈကေတာ့ ေထြေထြထူးထူးမ႐ိွပါဘူး ။ ေထြေထြထူးထူးနက္နက္႐ိႈင္း႐ိႈင္းႀကီးညွစ္ထုတ္လိုက္ရတဲ့အားမ်ိဳးေတာ့ ဒီကားမွာမပါဘူးေပါ့။ ကာ႐ိုက္တာေလးဆန္းေနတာတစ္ခုပါပဲ ။
အဓိက က်ေနာ္စဥ္းစားတာ Presentation ေကာင္းေကာင္းျဖစ္ရမယ္ ။ဟာသမွ ၊ ဒရာမာမွ ၊ ႐ိုမန္စ္ မွမဟုတ္ဘူး ။ Presentattion ေကာင္းေကာင္းနဲ႔ပရိသတ္ၾကည့္ရင္ႏွစ္ေထာင္းအားရျဖစ္ရမယ္ ။အဓိကကေတာ့ ဘယ္လိုေခၚမလဲ ဘာမက္ေဆ့ခ်္ေပးမယ္ ညာမက္ေဆ့ခ်္ေပးမယ္ဆိုၿပီးႀကီးႀကီးက်ယ္က်ယ္ေတာ့မဟုတ္ဘူး ။ Entertainment ေပးရင္လည္းႏွစ္ေထာင္းအားရျဖစ္ရမယ္ ။ ပညာေပးခ်င္လည္း ပညာေပးတဲ့ကိစၥကလည္းရင္ထဲေရာက္ရမယ္ အသိဥာဏ္ထဲေရာက္ရမယ္ အဲ့ဒီလိုျဖစ္ရင္ေတာ္ၿပီ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

မြန်မာနိုင်ငံက ဇာတ်သဘင်လောကရဲ့မျိုးရိုးကြီးထဲက မျိုးဆက်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်မှုတွေရယူနိုင်တဲ့အပြင် နှင်းဆီအဖွဲ့မှာလည်း လူရွှင်တော်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေကိဖျော်ဖြေပေးနေတဲ့ ကျော်ကျော်ဗိုလ်က Media 9နဲ့အင်တာဗျူးမှာ Lady Boyရုပ်ရှင်အပေါ်မှာထားတဲ့ သူရဲ့ခံစားချက်တွေကို ပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ကျော်ကျော်ဗိုလ်က “အဲ့ဒီကားက ကျနော်ကိုယ်တိုင် လည်းရင်ခုန်ပြီးတော့ ပြန်ကြည့်ချင်တဲ့ကားထဲမှာပါပါတယ်။ ကျနော့်ကာရိုက်တာက အူယားစရာကောင်းတဲ့ကာရိုက်တာတစ်ခုဖြစ်နေတယ် ။ ကျနော်လုပ်ရတဲ့ကာရိုက်တာက ပြန်တွေးကြည့်ရင်တော့ ကြက်သီးထစရာကောင်းတာပေါ့ ။ အဲ့တာလေးတွေကို ရင်ခုန်တာပေါ့ ပြန်ကြည့်ချင်တာပေါ့ ။ ဒါကတော့ Entertainment တစ်ခုပါပဲ။

ကျနော်က Lady Boy မဟုတ်ဘူးဗျ။ ကျနော်က ဂျေကလိုပေါ့ ။ဂျေကလိုဆိုတာက ယောက်ျားကြေးစားပေါ့ ။ ယောက်ျားကြေးစားအငှားလိုက်တာပေ့ါ။ အဲ့ဒီလိုကာရိုက်တာလေးလုပ်ထားတာဆိုတော့ စိန်ခေါ်မှုဆိုတာထက် ကျနော့်ကိုစိန်ခေါ်မှုဆိုတာထက် ဒီဟာကလည်း ကာရိုက်တာတစ်ခုကို ကျနော်ပူးပေါင်းလုပ်လိုက်တာပေါ့ ။အဓိကကတော့ စိန်ခါ်မှုကတော့ ထွေထွေထူးထူးမရှိပါဘူး ။ ထွေထွေထူးထူးနက်နက်ရှိုင်းရှိုင်းကြီးညှစ်ထုတ်လိုက်ရတဲ့အားမျိုးတော့ ဒီကားမှာမပါဘူးပေါ့။ ကာရိုက်တာလေးဆန်းနေတာတစ်ခုပါပဲ ။
အဓိက ကျနော်စဉ်းစားတာ Presentation ကောင်းကောင်းဖြစ်ရမယ် ။ဟာသမှ ၊ ဒရာမာမှ ၊ ရိုမန်စ် မှမဟုတ်ဘူး ။ Presentattion ကောင်းကောင်းနဲ့ပရိသတ်ကြည့်ရင်နှစ်ထောင်းအားရဖြစ်ရမယ် ။အဓိကကတော့ ဘယ်လိုခေါ်မလဲ ဘာမက်ဆေ့ချ်ပေးမယ် ညာမက်ဆေ့ချ်ပေးမယ်ဆိုပြီးကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူး ။ Entertainment ပေးရင်လည်းနှစ်ထောင်းအားရဖြစ်ရမယ် ။ ပညာပေးချင်လည်း ပညာပေးတဲ့ကိစ္စကလည်းရင်ထဲရောက်ရမယ် အသိဉာဏ်ထဲရောက်ရမယ် အဲ့ဒီလိုဖြစ်ရင်တော်ပြီ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။