အႏုပညာသတင္းမ်ား

Underwear နဲ႔ ဓာတ္ပုံေတြ ႐ုိက္ျဖစ္တဲ့အေၾကာင္းကုိ ေျပာလာတဲ့ ေအာင္ရဲလင္း

ျမန္မာႏုိင္ငံရဲ႕ ေအာင္ျမင္တဲ့ ထိပ္တန္းမင္းသား တစ္ဦးျဖစ္ၿပီး ခႏၶာကုိယ္ေတာင့္တင္းခုိင္မာႂကြက္သားလွပမႈေတြေၾကာင့္ မိန္းကေလးပရိသတ္ေတြ အမ်ားဆုံး အားေပးၾကတဲ့ မင္းသား ေအာင္ရဲလင္းကေတာ့ Underwear နဲ႔ ဓာတ္ပုံ႐ုိက္ျဖစ္တဲ့ အေၾကာင့္ MC နဲ႔ အင္တာ ဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ မင္းသားေတြအေနနဲ႔ ဒီလုိမ်ိဴး ပုံေတြလည္း ႐ွိသင့္္တယ္လုိ႔ ေအာင္ရဲလင္းေျပာသြားခဲ့ပါတယ္။

ေအာင္ရဲလင္းက “ကြၽန္ေတာ္ကေတာ့ ဘယ္လုိေျပာရမလဲဆုိေတာ့ ယုံၾကည္မႈ႐ွိတာ မ႐ွိတာထက္ေပါ့ေနာ္။ အဓိကေတာ့ ကြၽန္ေတာ္ Gym ကုိေသခ်ာေဆာ့ထားတဲ့အတြက္ေၾကာင့္ေတာ့ ႐ုိက္ရဲတယ္။ ၿပီးေတာ့ Underwear နဲ႔ ႐ုိက္ရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ ကြၽန္ေတာ္ ဖက္႐ွင္ဆုိရင္လည္း ပရိသတ္ေတြ အကုန္လုံးသတိထားမိမွာပါ။ ဖက္႐ွင္ကအစ ေခါင္းစကေန ေျခဆုံးအထိ ျပင္ဆင္ၿပီးမွ ႐ုိက္တယ္။ မင္းသားတုိင္း မင္းသားတုိင္းမွာ ဓာတ္ပုံမ်ိဳးစုံ႐ွိသင့္တယ္။ တစ္ပုံတည္း ထြက္ေနလုိ႔မရဘူးလုိ႔ ကြၽန္ေတာ္ျမင္တယ္။ ဖက္႐ွင္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေခတ္ကာလ ေျပာင္းလဲသြားတာနဲ႔ ဖက္႐ွင္လုိက္ေျပာင္းလဲၿပီးေတာ့ ဓာတ္ပုံေတြ အမ်ားႀကီးထြက္သင့္တယ္ ခုဏ underwear ပုံေတြဆုိရင္လည္း တစ္ခါတစ္ေလေတာ့ လုိအပ္တယ္လုိ႔ ကြၽန္ေတာ္ထင္ပါတယ္။

ဘာလုိ႔လဲဆုိေတာ့ ဒါမွလည္း အေျပာင္းအလဲေလးေတြ ျဖစ္တာေပါ့။ ခုဏက ကုိယ္ဖန္တီးလုိက္တဲ့ အရာတစ္ခုက သူမ်ားေတြ အျမင္မွာ အရမ္းႀကီး ၾကည့္ရဆုိး ျဖစ္တာမ်ိဳးေတာ့ေ႐ွာင္ရမွာေပါ့။ ၾကည့္လုိက္ရင္ ဒါေလးက မုိက္တယ္ ဒါေလးကၾကည့္လုိ႔ေကာင္းတယ္ဆုိတာ ဘယ္လုိပဲ ျဖစ္ျဖစ္ေပါ့ေနာ္ ဘာနဲ႔ပဲ ႐ုိက္႐ုိက္ အဓိကေတာ့ ခုနကေျပာသလုိ ၾကည့္လုိက္တဲ့ အခ်ိန္မွာ ၾကည့္လုိ႔ အဆင္ေျပတဲ့ ပုံမ်ိဳးေလးေတြေတာ့ ျဖစ္ဖုိ႔လုိတယ္။ အဲ့လုိမ်ိဴးျဖစ္ေအာင္လဲ အေကာင္းဆုံး အတတ္ႏုိင္ဆုံး ၾကဳိးစားထားပါတယ္။ ဒါေၾကာင့္လည္း ကြၽန္ေတာ္ Gym ကုိေသခ်ာ ပုံမွန္ေဆာ့တယ္။ ၿပီးသြားရင္ အဝတ္အစားကအစ ဓာတ္ပုံ႐ုိက္တဲ့ angle ကအဆုံးေပါ့ေနာ္ အကုန္လုံးကုိေသခ်ာ သတိထားၿပီးေတာ့မွ ေသေသခ်ာခ်ာ စီစစ္ၿပီးေတာ့မွ ပုံေတြကုိ ေရြးထုတ္တာပါ။

ပရိသတ္ေတြကေတာ့ ၾကဳိက္တဲ့ အႏုပညာ႐ွင္ဆုိရင္ ဘယ္အဝတ္အစားမ်ိဳးနဲ႔ မဆုိအားေပးၿပီးသားပါပဲ ဒီလုိ Underwear နဲ႔ ဝတ္႐ုိက္တာကုိလည္း သူတုိ႔ ၾကဳိက္ခ်င္မွၾကဳိက္မွာေလ ဒါေပမဲ့လည္း သူတုိ႔ႀကိဳက္တဲ့ အႏုပညာ႐ွင္ ျဖစ္တဲ့အတြက္ေၾကာင့္ သူတုိ႔ အားေပးတာလည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။ အေျခအေန အမ်ိဳးမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။ ဒီလုိမ်ိဴး႐ုိက္လုိ႔ မိန္းကေလးေတြ ဝန္းရံတယ္လုိ႔ မခံယူဘူး အဓိကေတာ့ အႏုပညာ႐ွင္တစ္ေယာက္ကုိ အားေပးတယ္လုိ႔ပဲ ကြၽန္ေတာ္ခံယူပါတယ္ အဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တုိ႔ အႏုပညာ႐ွင္ေတြၾကေတာ့လည္း တစ္မ်ိဳးတည္းသြားေနလုိ႔ မရဘူးေလ မ်ိဴးစုံပုံစံေလးေတြ ေျပာင္းလဲ ၿပီး ႐ုိက္မွ ပရိသတ္ေတြ အသစ္အဆန္းေတြ ျဖစ္မွာပဲ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္ အက်ႌခြၽတ္႐ုိက္တဲ့ပုံေတြဘာေတြ ေ႐ွာင္ထားတယ္ ဘာလုိ႔လဲဆုိေတာ့ အရင္ကလည္း ႐ုိက္ခဲ့တာေတြ မ်ားတယ္ ေလာေလာဆယ္မွာေတာ့ ခဏေ႐ွာင္မယ္ ၿပီးသြားရင္ တျခား ဖက္႐ွင္နဲ႔ ပတ္သက္တဲ့ လုိင္းေလးေတြ movie ေလးေတြ႐ုိက္ဖုိ႔ ပဲစဥ္းစားတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

The post Underwear နဲ႔ ဓာတ္ပုံေတြ ႐ုိက္ျဖစ္တဲ့အေၾကာင္းကုိ ေျပာလာတဲ့ ေအာင္ရဲလင္း appeared first on Nanmalgyi.

မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ ထိပ်တန်းမင်းသား တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်တောင့်တင်းခိုင်မာကြွက်သားလှပမှုတွေကြောင့် မိန်းကလေးပရိသတ်တွေ အများဆုံး အားပေးကြတဲ့ မင်းသား အောင်ရဲလင်းကတော့ Underwear နဲ့ ဓာတ်ပုံရိုက်ဖြစ်တဲ့ အကြောင့် MC နဲ့ အင်တာ ဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ မင်းသားတွေအနေနဲ့ ဒီလိုမျိူး ပုံတွေလည်း ရှိသင့််တယ်လို့ အောင်ရဲလင်းပြောသွားခဲ့ပါတယ်။

အောင်ရဲလင်းက “ကျွန်တော်ကတော့ ဘယ်လိုပြောရမလဲဆိုတော့ ယုံကြည်မှုရှိတာ မရှိတာထက်ပေါ့နော်။ အဓိကတော့ ကျွန်တော် Gym ကိုသေချာဆော့ထားတဲ့အတွက်ကြောင့်တော့ ရိုက်ရဲတယ်။ ပြီးတော့ Underwear နဲ့ ရိုက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော် ဖက်ရှင်ဆိုရင်လည်း ပရိသတ်တွေ အကုန်လုံးသတိထားမိမှာပါ။ ဖက်ရှင်ကအစ ခေါင်းစကနေ ခြေဆုံးအထိ ပြင်ဆင်ပြီးမှ ရိုက်တယ်။ မင်းသားတိုင်း မင်းသားတိုင်းမှာ ဓာတ်ပုံမျိုးစုံရှိသင့်တယ်။ တစ်ပုံတည်း ထွက်နေလို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း ခေတ်ကာလ ပြောင်းလဲသွားတာနဲ့ ဖက်ရှင်လိုက်ပြောင်းလဲပြီးတော့ ဓာတ်ပုံတွေ အများကြီးထွက်သင့်တယ် ခုဏ underwear ပုံတွေဆိုရင်လည်း တစ်ခါတစ်လေတော့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒါမှလည်း အပြောင်းအလဲလေးတွေ ဖြစ်တာပေါ့။ ခုဏက ကိုယ်ဖန်တီးလိုက်တဲ့ အရာတစ်ခုက သူများတွေ အမြင်မှာ အရမ်းကြီး ကြည့်ရဆိုး ဖြစ်တာမျိုးတော့ရှောင်ရမှာပေါ့။ ကြည့်လိုက်ရင် ဒါလေးက မိုက်တယ် ဒါလေးကကြည့်လို့ကောင်းတယ်ဆိုတာ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော် ဘာနဲ့ပဲ ရိုက်ရိုက် အဓိကတော့ ခုနကပြောသလို ကြည့်လိုက်တဲ့ အချိန်မှာ ကြည့်လို့ အဆင်ပြေတဲ့ ပုံမျိုးလေးတွေတော့ ဖြစ်ဖို့လိုတယ်။ အဲ့လိုမျိူးဖြစ်အောင်လဲ အကောင်းဆုံး အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော် Gym ကိုသေချာ ပုံမှန်ဆော့တယ်။ ပြီးသွားရင် အဝတ်အစားကအစ ဓာတ်ပုံရိုက်တဲ့ angle ကအဆုံးပေါ့နော် အကုန်လုံးကိုသေချာ သတိထားပြီးတော့မှ သေသေချာချာ စီစစ်ပြီးတော့မှ ပုံတွေကို ရွေးထုတ်တာပါ။

ပရိသတ်တွေကတော့ ကြိုက်တဲ့ အနုပညာရှင်ဆိုရင် ဘယ်အဝတ်အစားမျိုးနဲ့ မဆိုအားပေးပြီးသားပါပဲ ဒီလို Underwear နဲ့ ဝတ်ရိုက်တာကိုလည်း သူတို့ ကြိုက်ချင်မှကြိုက်မှာလေ ဒါပေမဲ့လည်း သူတို့ကြိုက်တဲ့ အနုပညာရှင် ဖြစ်တဲ့အတွက်ကြောင့် သူတို့ အားပေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခြေအနေ အမျိုးမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိူးရိုက်လို့ မိန်းကလေးတွေ ဝန်းရံတယ်လို့ မခံယူဘူး အဓိကတော့ အနုပညာရှင်တစ်ယောက်ကို အားပေးတယ်လို့ပဲ ကျွန်တော်ခံယူပါတယ် အဲ့အတွက်ကြောင့် ကျွန်တော်တို့ အနုပညာရှင်တွေကြတော့လည်း တစ်မျိုးတည်းသွားနေလို့ မရဘူးလေ မျိူးစုံပုံစံလေးတွေ ပြောင်းလဲ ပြီး ရိုက်မှ ပရိသတ်တွေ အသစ်အဆန်းတွေ ဖြစ်မှာပဲ လောလောဆယ်တော့ ကျွန်တော် အင်္ကျီချွတ်ရိုက်တဲ့ပုံတွေဘာတွေ ရှောင်ထားတယ် ဘာလို့လဲဆိုတော့ အရင်ကလည်း ရိုက်ခဲ့တာတွေ များတယ် လောလောဆယ်မှာတော့ ခဏရှောင်မယ် ပြီးသွားရင် တခြား ဖက်ရှင်နဲ့ ပတ်သက်တဲ့ လိုင်းလေးတွေ movie လေးတွေရိုက်ဖို့ ပဲစဉ်းစားတယ်။”လို့ ပြောသွားခဲ့ပါတယ်။

The post Underwear နဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်တဲ့အကြောင်းကို ပြောလာတဲ့ အောင်ရဲလင်း appeared first on Nanmalgyi.