အႏုပညာသတင္းမ်ား

မေသမခ်င္း အကယ္ဒမီ ဆုရေအာင္ ၾကိဳးစားသြားမယ္ဆိုတဲ့ သင္ဇာဝင့္ေက်ာ္

အကိတ္တစ္လိုင္းအျဖစ္ မေအာင္ျမင္ခင္ ကာလတစ္ခုမွာေတာ့ သင္ဇာဝင့္ေက်ာ္ကို ရုပ္ရွင္ကားေတြထဲမွာ ေတြ႕ရမ်ားပါတယ္။ သရုပ္ေဆာင္ပိုင္းမွာ ျပစ္ခ်က္အမ်ားၾကီး မရွိသလို အားေပးမႈ အတိုင္းအတာ တစ္ခုထိ ရထားသူလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဓာတ္ပံုေတြပဲ အရိုက္မ်ားေနျပီး သရုပ္ေဆာင္ဘက္ ေျခဦးမလွည့္တဲ့ သင္ဇာက အကယ္ဒမီ ဆုယူေပးမယ့္အေၾကာင္း ခုလို ေျပာသြားပါတယ္။

“ေစာင့္ၾကည့္ေပးပါလို႔။ သင္ဇာ အသက္ မေသမခ်င္း ပရိသတ္ေတြအတြက္ အကယ္ဒမီ ရုပ္ကို ရေအာင္ ၾကိဳးစားေပးသြားမယ္လို႔ ေျပာခ်င္ပါတယ္။ အကယ္ဒမီဆုနဲ႔ ျမင္ခ်င္တဲ့ ပရိသတ္ေတြအတြက္ ၾကိဳးစားမွာပါ။ ဒါေပမဲ့ ထုတ္ရိုက္ရင္ ထုတ္ရိုက္ ၊ ထုတ္မရိုက္ရင္လည္း လုပ္ကြက္ရတဲ့ ကားမ်ိဳး ရိုက္မွပဲ ရမွာေလ။” လို႔ ဆိုပါတယ္။

ရုပ္ရွင္ထက္ ပြဲတက္ေၾကာ္ျငာေတြ ပိုရိုက္ျဖစ္ေၾကာင္းလည္း သင္ဇာက ခုလို ေျပာျပပါတယ္။

“ေနာက္ပိုင္းက်ေတာ့ အသက္ (၃၀) ေက်ာ္လာေတာ့ တစ္ခါတစ္ေလက်ရင္ အရမ္းပင္ပန္းတယ္။ ပင္ပန္းတဲ့ ဒဏ္ မခံႏိုင္ဘူး။ ပြဲတက္ေတြ ေၾကာ္ျငာရိုက္ေတြက သိပ္မပင္ပန္းဘူး။ အခ်ိန္လည္း သိပ္မေပးရေတာ့ ဒါေတြကို ပိုျပီး ရိုက္ျဖစ္တယ္။ ရုပ္ရွင္ကားက်ေတာ့ နယ္ေတြ ဘာေတြ သြားျပီး ဒါအတြက္ပဲ အခ်ိန္ေတြ အကုန္ေပးထားရတာ။ ကိုယ့္အတြက္ က်န္တဲ့ ကားမ်ိဳးကိုပဲ သင္ဇာလက္ခံေတာ့မယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ဒီႏွစ္ထဲမွာ မင္းသမီး ဇာတ္ရုပ္တစ္ခု ကမ္းလွမ္းထားတာ ရွိျပီး ေသခ်ာရင္ ပရိသတ္ကို အသိေပးသြားမယ္လို႔ သင္ဇာဝင့္ေက်ာ္က ေျပာၾကားသြားပါတယ္။

The post မေသမခ်င္း အကယ္ဒမီ ဆုရေအာင္ ၾကိဳးစားသြားမယ္ဆိုတဲ့ သင္ဇာဝင့္ေက်ာ္ appeared first on Nanmalgyi.

အကိတ်တစ်လိုင်းအဖြစ် မအောင်မြင်ခင် ကာလတစ်ခုမှာတော့ သင်ဇာဝင့်ကျော်ကို ရုပ်ရှင်ကားတွေထဲမှာ တွေ့ရများပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ပြစ်ချက်အများကြီး မရှိသလို အားပေးမှု အတိုင်းအတာ တစ်ခုထိ ရထားသူလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဓာတ်ပုံတွေပဲ အရိုက်များနေပြီး သရုပ်ဆောင်ဘက် ခြေဦးမလှည့်တဲ့ သင်ဇာက အကယ်ဒမီ ဆုယူပေးမယ့်အကြောင်း ခုလို ပြောသွားပါတယ်။

“စောင့်ကြည့်ပေးပါလို့။ သင်ဇာ အသက် မသေမချင်း ပရိသတ်တွေအတွက် အကယ်ဒမီ ရုပ်ကို ရအောင် ကြိုးစားပေးသွားမယ်လို့ ပြောချင်ပါတယ်။ အကယ်ဒမီဆုနဲ့ မြင်ချင်တဲ့ ပရိသတ်တွေအတွက် ကြိုးစားမှာပါ။ ဒါပေမဲ့ ထုတ်ရိုက်ရင် ထုတ်ရိုက် ၊ ထုတ်မရိုက်ရင်လည်း လုပ်ကွက်ရတဲ့ ကားမျိုး ရိုက်မှပဲ ရမှာလေ။” လို့ ဆိုပါတယ်။

ရုပ်ရှင်ထက် ပွဲတက်ကြော်ငြာတွေ ပိုရိုက်ဖြစ်ကြောင်းလည်း သင်ဇာက ခုလို ပြောပြပါတယ်။

“နောက်ပိုင်းကျတော့ အသက် (၃၀) ကျော်လာတော့ တစ်ခါတစ်လေကျရင် အရမ်းပင်ပန်းတယ်။ ပင်ပန်းတဲ့ ဒဏ် မခံနိုင်ဘူး။ ပွဲတက်တွေ ကြော်ငြာရိုက်တွေက သိပ်မပင်ပန်းဘူး။ အချိန်လည်း သိပ်မပေးရတော့ ဒါတွေကို ပိုပြီး ရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားကျတော့ နယ်တွေ ဘာတွေ သွားပြီး ဒါအတွက်ပဲ အချိန်တွေ အကုန်ပေးထားရတာ။ ကိုယ့်အတွက် ကျန်တဲ့ ကားမျိုးကိုပဲ သင်ဇာလက်ခံတော့မယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဒီနှစ်ထဲမှာ မင်းသမီး ဇာတ်ရုပ်တစ်ခု ကမ်းလှမ်းထားတာ ရှိပြီး သေချာရင် ပရိသတ်ကို အသိပေးသွားမယ်လို့ သင်ဇာဝင့်ကျော်က ပြောကြားသွားပါတယ်။

The post မသေမချင်း အကယ်ဒမီ ဆုရအောင် ကြိုးစားသွားမယ်ဆိုတဲ့ သင်ဇာဝင့်ကျော် appeared first on Nanmalgyi.