အနုပညာသတင်းများ

ချစ်သူနဲ့လက်ထပ်ဖို့ပရိသတ်ကိုအသိပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။သင်ဇာဟာ အခုလတ်တလောမှာ ချစ်သူ နိုင်ငံခြားသားနဲ့အတူ ပျော်ရွှင်သာယာတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်ထားသူပါ။ သင်ဇာက မကြာသေးမီက 8days Media နဲ့အင်တာဗျူးမှာ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်သူနဲ့လက်ထပ်ဖို့အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

သင်ဇာက အခုနောက်ပိုင်းမှာ ပွဲတက်တွေကို သိပ်ဟော့တာတွေမဝတ်ဖြစ်တော့တဲ့အကြောင်း “အဲဒီလောက်လေးပဲသွားတော့မယ်။ အရမ်းလည်းဝတ်ခဲ့ပြီးပြီဆိုတော့ မလိုအပ်တော့ဘူးထင်တယ်။ သင်ဇာ့ဟာသင်ဇာ ဆက်ဆီအရမ်းတွေဝတ်ရတာ ရိုးသွားလို့ပေါ့နော်”လို့ ပြောထားပြီး ဝိတ်ငါးပေါင်လောက်ကျချင်လို့ Diet Food တွေစားဖြစ်နေကြောင်းလည်းပြောပြသွားခဲ့ပါတယ်။

သင်ဇာက ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ လက်ထပ်ဖို့အကြောင်းကို “wedding နဲ့ပတ်သက်ပြီးတော့ အကြာကြီးလိုပါသေးတယ်။ အဝေးကြီးလိုသေးတယ်။ တွဲကြည့်ဦးမယ်။ တစ်နှစ်ခွဲနှစ်နှစ်လောက်တော့တွဲကြည့်ဦးမယ်။ တွဲကြည့်လို့အဆင်ပြေမှယူမှာပေါ့နော်။အခုကတော့ သူလည်းကိုယ့်ကိုလေ့လာတုန်း ကိုယ်လည်းသူ့ကိုလေ့လာတုန်းပေါ့။ official ချပြလိုက်တယ်ဆိုတာကလည်း ပရိသတ်တွေသိသွားလို့ မထူးတော့ဘူးဆိုပြီး ချပြလိုက်တဲ့သဘောပဲ”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

လက်ရှိချစ်သူကိုဘယ်အချက်တွေကြည့်ပြီးရွေးဖြစ်ခဲ့တာလဲဆိုတာကို သင်ဇာက “အဓိကက ကိုယ့်ကိုအရမ်းနားလည်ပေးတယ်ပေါ့နော်။ ကိုယ့်ကိုယုံကြည်တယ်။ တကယ်လည်း သင်ဇာ့အပေါ်ဂရုစိုက်တယ်။ သင်ဇာ့ကိုလည်းတကယ်သဘောကျတယ်ပေါ့နော်။ သူက အားကစားလိုက်စားတဲ့လူဖြစ်တဲ့အတွက်ကြောင့် သင်ဇာ့အပေါ်လည်း motivation ရစေမယ်ဆိုတာ ယုံကြည်တယ်။ တကယ်လည်း motivation ရပါတယ်။ သူကနေ့တိုင်း Gym ဆော့တဲ့လူဆိုတော့ သူတောင်ဆော့သေးတာ ငါလည်းဆော့မယ်ဆိုပြီးလိုက်ဆော့ဖြစ်တယ်။ အဓိကကတော့ အဲဒီအချက်လေးတွေကြောင့်ပါ”လို့ရှင်းပြထားပါတယ်။

သင်ဇာက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “Skynet မှာလွှင့်မယ့်ဟာလေးတွေမှာရိုက်ဖို့ရှိတယ်။ ခြောက်လပိုင်းအကုန်လောက်မှာ ရိုက်ဖို့ရှိတယ်။ ခြောက်လပိုင်းအကုန် ခုနစ်လပိုင်းလောက်မှာပြောထားတာရှိတယ်။ ကြားထဲမှာပွဲလေးတွေတက်မယ်။ ဓာတ်ပုံလေးတွေရိုက်မယ်ပေါ့နော်။ commercial တွေရိုက်မယ်ပေါ့”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်ဇာ့ကိုချစ်ကြလား။သင်ဇာ့ကို ချစ်သူနဲ့လက်ထပ်စေချင်နေပြီလား။ သင်ဇာ့ရဲ့နောက်ထပ်ထွက်လာမယ့်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

The post ချစ်သူနဲ့လက်ထပ်ဖို့ပရိသတ်ကိုအသိပေးလိုက်တဲ့ သင်ဇာဝင့်ကျော် appeared first on Nanmalgyi.