အနုပညာသတင်းများ
မြင်သူတိုင်း အားကျသွားစေမယ့် အမိုက်စားအိမ်အတွင်းခန်းပုံရိပ်တွေကို ပြသလိုက်တဲ့ ဇေရဲထက်
Photos-Zay Ye Htet
သရုပ်ဆောင်ဇေရဲထက်တစ်ယောက် အနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ပဲ အောက်ခြေဘဝကနေ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ လောကဓံရဲ့ အခက်အခဲတွေကြားမှာ ယုံကြည်ရာ အနုပညာအလုပ်ကိုတစိုက်မတ်မတ်လုပ်နေရင်း အနုပညာဝမ်းစာတွေကို ရှာဖွေနေသူတစ်ဦးလည်းဖြစ်ပါတယ်။
ဇေရဲထက်ဟာ မကြာသေးခင်ကပဲသူ့မှာ ချစ်ရမယ့်သူတစ်ယောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း မီဒီယာတွေနဲ့တွေ့ဆုံစဉ်က ပြောပြခဲ့ပါသေးတယ်။ ချစ်ရတဲ့မိသားစုနဲ့ ဘဝကို ကြိုးကြိုးစားစား ဖြတ်သန်းနေရင်းကနေ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အိမ် ဆိုတဲ့ အရာကိုလည်း သူ့ရဲ့ ကိုယ်ပိုင်အနုပညာကြေးနဲ့ တည်ဆောက်နိုင်ခဲ့ပါတယ်။
ခမ်းနားလှတဲ့ အိမ်ကြီးကို တည်ဆောက်ထားတဲ့ ဇေရဲထက်တစ်ယောက် သူ့ရဲ့ အမိုက်စားအိမ်တွင်းအခန်းပုံလေးတွေကိုလည်း လူမှုကွန်ယက်ကတဆင့်မျှဝေထားပါသေးတယ်။ အားကျချင်စရာကောင်းလှတဲ့ ဇေရဲထက်ရဲ့ အမိုက်စားအိမ်ကြီးဆီ ခဏအလည်သွားလိုက်ရအောင်နော်။
အဝတ်တွေအများကြီးကိုလည်း ဒီလိုလေး စနစ်တကျ စီစဉ်ထားပါသေးတယ်။
သူစီးတဲ့ ဖိနပ်လေးတွေကိုလည်း အစီအရီနဲ့ တန်းစီထားလိုက်တာများ စနစ်ကိုကျနေတာပဲ
ဧည့်ခန်းလေးကို အနီရောင်ဆိုဖာတွေနဲ့ အလှဆင်ဖန်တီးထားပုံလေး
ဘုရားကျောင်းဆောင်ကလည်း ကြည်ညိုသဒ္ဓါပွားများချင်စရာကောင်းလောက်အောင်ပါပဲနော်
ဒါကတော့ ချစ်ရသော ဖွားဖွားနဲ့ပါတဲ့
သူ့ရဲ့ Fan တွေကိုလည်း အမြဲ ဂရုတစိုက်နဲ့ ချစ်ခင်ပေးရှာသူလေးပါ
ခမ်းနားလှတဲ့ အပြင်အဆင်တွေနဲ့ အိမ်လှေခါးနဲ့ လက်ရန်း
ဒီလိုအမိုက်စား အိမ်အတွင်းခန်းပုံရိပ်တွေကို ကြည့်ပြီးသွားပြီဆိုရင်တော့ ဇေရဲထက်ရဲ့ ကြိုးစားမှုအတိုင်းအတာကို ပရိသတ်ကြီး အသိအမှတ်ပြုမိကြမှာပါနော်။ ဇေရဲထက်တစ်ယောက် ပရိသတ်ချစ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။We Love Cele
Photos-Zay Ye Htet
Leave a Reply
Your email address will not be published. Required fields are marked *