အႏုပညာသတင္းမ်ား

ထီေပါက္ရင္ မဂၤလာခ်က္ခ်င္းေဆာင္မယ့္ သားဂန္း အေၾကာင္း ေျပာျပတဲ့ ေဘဘီေမာင္

အဆိုေတာ္ သားဂန္းနဲ႔ သရုပ္ေဆာင္ ေဘဘီေမာင္တို႕ရဲ႕ မနဲ႔ေမာင္ အခ်စ္ေရးကေတာ့ သာယာလို႔ ေနပါတယ္။ သီခ်င္း MTV ရိုက္ရင္း စခင္သြားခဲ့တဲ့ သူတို႔ႏွစ္ဦးက အႏုပညာလမ္းမွာ တူႏွစ္ကိုယ္ အားေပးရင္း ခ်ီတက္လာတာပါ။ ႏွစ္ဦးသား ခရီးေတြ တူတူသြားရင္း ကံစပ္လို႔ ထီေပါက္ခဲ့တဲ့ အေၾကာင္း ေဘဘီေမာင္က ခုလို ေျပာျပသြားပါတယ္။

“ထားဝယ္မွာ သီခ်င္းသြားဆိုရင္းနဲ႔ သားဂန္းနဲ႔ ေဘဘီ လမ္းမွာ တူတူ ထီထိုးမယ္။ ေပါက္ရင္လည္း လွဴလို႔ရတယ္ဆိုျပီး ထုိးတာ မဂၤလာစံုတြဲက်ေတာ့ ေပါက္စရာမ်ားတယ္ေလ။ တစ္အုပ္ပဲ က်န္ေတာ့တယ္ဆိုလို႔ ယူလိုက္တာ ေပါက္သြားတယ္။” လို႔ ဆိုပါတယ္။

ထီမေပါက္တဲ့အတြက္ သားဂန္းရဲ႕ ဆႏၵမျပည့္ေတာ့ေၾကာင္းလည္း ေဘဘီေမာင္က ခုလို ဝမ္းနည္းဖြယ္ ေျပာျပသြားပါတယ္။“သူကေလ ထီေပါက္ရင္ မဂၤလာခ်က္ခ်င္းေဆာင္မယ္တဲ့ ။ ဒါေပမဲ့ သနားရွာပါတယ္ ငါးေသာင္းပဲ ေပါက္ေတာ့ လွဴလိုက္တယ္။ ကိုယ္ေတြ ေနာင္ဘဝေတြမွာ သူ႔လို လူမ်ိဳးနဲ႔ ဆံုေတြ႕ခ်င္လို႔ အလွဴလုပ္ျပီး ဆုေတာင္းျဖစ္တယ္။ ထီေပါက္တယ္ ဆိုကတည္းက ဘာပဲျဖစ္ျဖစ္ သူနဲ႔ အေၾကာင္းပါတယ္ေလ။ အဲ့ဒါေၾကာင့္ ဝမ္းသာပါတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ေကာင္းက်ိဳးျပဳတဲ့ ခ်စ္သူေလးကို ရထားတဲ့အေၾကာင္း ေဘဘီေမာင္က ခုလို ၾကြားလံုးေလး ထုတ္သြားပါတယ္။“ကံစပ္တယ္ဆိုတာက အခု သူသူကိုယ္ကုိယ္ ပရိသတ္က အားေပးေနတဲ့အခ်ိန္မွာ ရည္းစားထားရင္ တစ္ခ်ိဳ႔ေတြက အားမေပးေတာ့တာ ရွိတယ္ေလ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ေဘဘီလည္း အစတုန္းက ပရိသတ္ ေလ်ာ့သြားမလားဆိုျပီး ေၾကာက္ခဲ့တယ္။ ဒါေပမဲ့ ေဘဘီက ပြင့္ပြင့္လင္းလင္းေနျပီး ရိုးသားမႈကို ခ်ျပခဲ့တဲ့ အခ်ိန္မွာ ပရိသတ္က လက္ခံခဲ့တယ္။ ျပီးေတာ့ သားဂန္းကလည္း အျမင္ကတ္စရာ ေကာင္းတဲ့ ေကာင္ေလး မဟုတ္ဘူး။ ေအးတယ္ ရိုးတယ္ ကိုယ့္စကားတစ္ခြန္းပဲဆိုေတာ့ ပရိသတ္ကလည္း သူ႕ကို ခ်စ္တဲ့ အခါက်ေတာ့ သူနဲ႔ေပါင္းျပီး ပရိသတ္လက္ခံတယ္ ဆိုကတည္းက ေကာင္းက်ိဳးျပဳတဲ့ ေယာက်္ားေလးလို႔ ေျပာလို႔ ရတယ္။” လို႔ ဆိုပါတယ္။

ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးကေရာ ေဘဘီတို႔ စံုတြဲကို သေဘာတူလား။

The post ထီေပါက္ရင္ မဂၤလာခ်က္ခ်င္းေဆာင္မယ့္ သားဂန္း အေၾကာင္း ေျပာျပတဲ့ ေဘဘီေမာင္ appeared first on Nanmalgyi.

အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ရဲ့ မနဲ့မောင် အချစ်ရေးကတော့ သာယာလို့ နေပါတယ်။ သီချင်း MTV ရိုက်ရင်း စခင်သွားခဲ့တဲ့ သူတို့နှစ်ဦးက အနုပညာလမ်းမှာ တူနှစ်ကိုယ် အားပေးရင်း ချီတက်လာတာပါ။ နှစ်ဦးသား ခရီးတွေ တူတူသွားရင်း ကံစပ်လို့ ထီပေါက်ခဲ့တဲ့ အကြောင်း ဘေဘီမောင်က ခုလို ပြောပြသွားပါတယ်။

“ထားဝယ်မှာ သီချင်းသွားဆိုရင်းနဲ့ သားဂန်းနဲ့ ဘေဘီ လမ်းမှာ တူတူ ထီထိုးမယ်။ ပေါက်ရင်လည်း လှူလို့ရတယ်ဆိုပြီး ထိုးတာ မင်္ဂလာစုံတွဲကျတော့ ပေါက်စရာများတယ်လေ။ တစ်အုပ်ပဲ ကျန်တော့တယ်ဆိုလို့ ယူလိုက်တာ ပေါက်သွားတယ်။” လို့ ဆိုပါတယ်။

ထီမပေါက်တဲ့အတွက် သားဂန်းရဲ့ ဆန္ဒမပြည့်တော့ကြောင်းလည်း ဘေဘီမောင်က ခုလို ဝမ်းနည်းဖွယ် ပြောပြသွားပါတယ်။“သူကလေ ထီပေါက်ရင် မင်္ဂလာချက်ချင်းဆောင်မယ်တဲ့ ။ ဒါပေမဲ့ သနားရှာပါတယ် ငါးသောင်းပဲ ပေါက်တော့ လှူလိုက်တယ်။ ကိုယ်တွေ နောင်ဘဝတွေမှာ သူ့လို လူမျိုးနဲ့ ဆုံတွေ့ချင်လို့ အလှူလုပ်ပြီး ဆုတောင်းဖြစ်တယ်။ ထီပေါက်တယ် ဆိုကတည်းက ဘာပဲဖြစ်ဖြစ် သူနဲ့ အကြောင်းပါတယ်လေ။ အဲ့ဒါကြောင့် ဝမ်းသာပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ကောင်းကျိုးပြုတဲ့ ချစ်သူလေးကို ရထားတဲ့အကြောင်း ဘေဘီမောင်က ခုလို ကြွားလုံးလေး ထုတ်သွားပါတယ်။“ကံစပ်တယ်ဆိုတာက အခု သူသူကိုယ်ကိုယ် ပရိသတ်က အားပေးနေတဲ့အချိန်မှာ ရည်းစားထားရင် တစ်ချို့တွေက အားမပေးတော့တာ ရှိတယ်လေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘေဘီလည်း အစတုန်းက ပရိသတ် လျော့သွားမလားဆိုပြီး ကြောက်ခဲ့တယ်။ ဒါပေမဲ့ ဘေဘီက ပွင့်ပွင့်လင်းလင်းနေပြီး ရိုးသားမှုကို ချပြခဲ့တဲ့ အချိန်မှာ ပရိသတ်က လက်ခံခဲ့တယ်။ ပြီးတော့ သားဂန်းကလည်း အမြင်ကတ်စရာ ကောင်းတဲ့ ကောင်လေး မဟုတ်ဘူး။ အေးတယ် ရိုးတယ် ကိုယ့်စကားတစ်ခွန်းပဲဆိုတော့ ပရိသတ်ကလည်း သူ့ကို ချစ်တဲ့ အခါကျတော့ သူနဲ့ပေါင်းပြီး ပရိသတ်လက်ခံတယ် ဆိုကတည်းက ကောင်းကျိုးပြုတဲ့ ယောကျ်ားလေးလို့ ပြောလို့ ရတယ်။” လို့ ဆိုပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော ဘေဘီတို့ စုံတွဲကို သဘောတူလား။

The post ထီပေါက်ရင် မင်္ဂလာချက်ချင်းဆောင်မယ့် သားဂန်း အကြောင်း ပြောပြတဲ့ ဘေဘီမောင် appeared first on Nanmalgyi.