အနုပညာသတင်းများ
Can’t Wait To Say
ထိတ်လန့်ခြောက်ခြားသောညများလို့အမည်ရတဲ့ ဇာတ်လမ်းတွဲဟာ ဇာတ်လမ်းမရိုက်ရသေးခင်ကတည်းက ပရိသတ်တွေကြားမှာရေပန်းစားနေခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာက Facebook မှာ တရှိန်ထိုးနာမည်ကြီးလာကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဒေးဗစ်ကျော်၊ ညီဘွားညီနဲ့ ကျော်ကျော်နန္ဒတို့အတူတူလက်တွဲပြီးသရုပ်ဆောင်သွားမှာပါ။
ဒေးဗစ်ကျော်ဟာ ပရိသတ်တွေတခဲနက်အားပေးတာခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ကျော်ကျော်နန္ဒဟာဆိုရင်လည်းဇာဇာထက်နဲ့ တွဲပြီးရိုက်ကူးထားတဲ့ သီချင်း MTV နဲ့ ပရိသတ်အားပေးမှုရထားပြီး ဆက်ပတ်သြင်္ကန်လိုသီချင်းတွေနဲ့ အောင်မြင်မှုရလာတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်နန္ဒက အခုဆိုရင် အဆိုတော်အဖြစ်ကနေ ဇာတ်လမ်းတွေရိုက်ကူးပြီးသရုပ်ဆောင်အဖြစ်လည်းအနုပညာအလုပ်တွေလုပ်နေပါသေးတယ်။ ညီဘွားညီကိုတော့ video ရုပ်ရှင်တွေတော်တော်များများနဲ့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီလို ဒိတ်ဒိတ်ကြဲတွေပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကတော့ မရိုက်ရသေးခင်ကတည်းက နာမည်နဲ့တင်ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေပြီး အားပေးမှုတွေလည်းတင်ကြိုရရှိနေပြီလို့ဆိုရမှာပါ။
ဇာတ်လမ်းတွဲက ထိတ်လန့်ခြောက်ခြားသောညများ ဆိုတဲ့ နာမည်အတိုင်း ကြောက်စရာ သရဲကားဖြစ်မှာမို့ ကျော်ကျော်နန္ဒတို့ညီအစ်ကိုတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဘယ်လိုတွေကြောက်စရာကောင်းနေမလဲဆိုတာပရိသတ်တွေကတော့ စိတ်ဝင်စားနေကြပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ထိတ်လန့်ခြောက်ခြားသောညများ ဇာတ်ကားကန်တော့ပွဲက ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ကျော်နန္ဒတို့ရဲ့ ထိတ်လန့်ခြောက်ခြားသောညများဇာတ်လမ်းတွဲကို စောင့်ကြည့်အားပေးဖို့အဆင်သင့်ပဲလား။ပြောခဲ့ကြပါဦး။
Can’t Wait To Say
The post ဒေးဗစ်ကျော်၊ကျော်ကျော်နန္ဒနဲ့ ညီဘွားညီကို တွဲမြင်ရမယ့် ဇာတ်လမ်းတွဲ appeared first on Nanmalgyi.