အႏုပညာသတင္းမ်ား

သိန္းတစ္ေသာင္းခြဲေပါက္ရင္ သီလရွင္ထပ္ဝတ္မယ္ဆိုတဲ့ ပုိပုိ

ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကုိ ရရွိထားတဲ့ အဆိုေတာ္ပုိပုိဟာ မၾကာေသးမီအခ်ိန္က သူ႔ရဲ႕ေမြးေန႔အထိန္းအမွတ္အျဖစ္ သာသနာ့ေဘာင္ကို ကုိးရက္တာဝင္ေရာက္ခဲ့ျပီး သူနဲ႔အတူ သီလရွင္ဝတ္တဲ့အျခားသူေတြကုိလည္း အလွဴ႕ဒါယိကာမလုပ္ခဲ့ပါတယ္။ ပုိပုိက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ သာသနာ့ေဘာင္ဝင္ရတဲ့ခံစားခ်က္နဲ႔အေတြ႕အၾကံဳေတြကုိေျပာျပသြားခဲ့ပါတယ္။

ရင္းနွီးသူေတြကုိ အလွဴ႕ဒါယိကာမလုပ္ခဲ့တဲ့အေၾကာင္းကို ပုိပုိက “ပုိပုိက ကုိယ္ဝတ္သလိုသူမ်ားေတြကုိလည္းဝတ္ေပးတဲ့အျပင္ကုိ အလွဴ႕ဒါယိကာမလည္းလုပ္တယ္။ ကုိးရက္တိတိ္ဝတ္တဲ့ သီလရွင္ေတြအတြက္ကုိ ဆြမ္းဒါယကာမလည္းလုပ္တယ္။ ဆြမ္းခ်က္တဲ့ ေဝယ်ာဝစၥလည္းလုပ္ပါတယ္။ တရားထုိင္တယ္။ ဘုရားရွိခုိးတယ္။ တန္ခိုးၾကီးဘုရားေတြသြားဖူးတယ္။တန္ခိုးၾကီးတဲ့ ဘုန္းဘုန္းၾကီးေတြ ဖားေအာက္ဆရာေတာ္ဘုရားၾကီး၊ပါခ်ဳပ္ဆရာေတာ္ဘုရားၾကီး၊ဗန္းေမာ္ဆရာေတာ္ဘုရားၾကီး၊ မဟာဂႏၶာရံုဆရာေတာ္ုဘရားၾကီး၊ၾကည္သာခ်မ္းျမဆရာေတာ္ဘုရားၾကီး၊ဆရာေတာ္ဘုရားၾကီးေတြေတာ္ေတာ္မ်ားမ်ားကုိဖူးခြင့္ရတယ္ဆုိေတာ့ သီလရွင္ဘဝမွာေတာ့အရမ္းစိ္တ္ခ်မ္းသာတယ္။ေဒါသေတြေလာဘေတြေမာဟေတြလည္းကင္းပါတယ္”လို႔ ေျပာျပထားပါတယ္။

ပုိပုိက သိန္းတစ္ေသာင္းခြဲေပါက္ရင္သီလရွင္ထပ္ဝတ္မယ္လို႔လည္း “သိန္းတစ္ေသာင္းခြဲေပါက္တဲ့ေန႕က်ရင္ သီလရွင္ထပ္ဝတ္မယ္လို႔စဥ္းစားထားပါတယ္။ အခုေတာ့ မဝတ္ေသးဘူး”လို႔ ရယ္ေမာရင္းေျပာၾကားထားျပီး သီလရွင္ဝတ္ရတဲ့စိတ္ခံစားခ်က္ကို “ဘဝမွာပထမဆံုးဝတ္ရတာ ကုသိုလ္ေတြလည္းအမ်ားၾကီးရတယ္။ ကုိယ္နဲ႔အတူလုိက္ျပီးပါရမီျဖည့္ၾကတဲ့ ဖန္ေတြလည္းရွိေတာ့ေလ။ ကုသုိလ္ေတြလည္းအမ်ားၾကီးရတယ္။ ေပ်ာ္လည္းေပ်ာ္တယ္။ ေက်နပ္တယ္။ပုိပုိနဲ႔အတူတူအာလံုးေပါင္း သီလရွင္ဆယ့္ေလးပါးဝတ္ပါတယ္”လို႔ေျဖၾကားထားပါတယ္။

သီလရွင္ဝတ္လိုက္လို႔တရားကုိပုိသိလာတယ္လုိ႔လည္း ပုိပုိက “အခုျဖစ္ေနတဲ့ဟာေတြအကုန္လံုးက အနိစၥေပ့ါေနာ္။ မျမဲဘူးေပါ့။ အဲဒါကုိ သိတယ္။ တရားရႈ႕တဲ့အခါမွာေတာ့ ျဖစ္ပ်က္သေဘာတရား ရုပ္နဲ႔နာမ္နဲ႔ကုိခြဲနုိင္ေအာင္ေတာ့ အတတ္နုိင္ဆံုး တရားမွတ္ရတာေပ့ါေနာ္။ ေနာက္ပုိင္းတရားထုိင္မယ့္ဟာကုိအစပုိင္းနည္းနည္းေလးအေလ့အက်င့္ေလးလုပ္တာေပါ့ေနာ္ စိတ္ျငိမ္းခ်မ္းမႈအရမ္းရတယ္”လို႔ ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပုိပို႔ကုိခ်စ္ၾကလား။ ပုိပုိရဲ႕ ေနာက္ထပ္လုပ္မယ့္အနုပညာလုပ္ငန္းေတြကုိေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

The post သိန္းတစ္ေသာင္းခြဲေပါက္ရင္ သီလရွင္ထပ္ဝတ္မယ္ဆိုတဲ့ ပုိပုိ appeared first on Nanmalgyi.

ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကို ရရှိထားတဲ့ အဆိုတော်ပိုပိုဟာ မကြာသေးမီအချိန်က သူ့ရဲ့မွေးနေ့အထိန်းအမှတ်အဖြစ် သာသနာ့ဘောင်ကို ကိုးရက်တာဝင်ရောက်ခဲ့ပြီး သူနဲ့အတူ သီလရှင်ဝတ်တဲ့အခြားသူတွေကိုလည်း အလှူ့ဒါယိကာမလုပ်ခဲ့ပါတယ်။ ပိုပိုက မီဒီယာတွေနဲ့အင်တာဗျူးမှာ သာသနာ့ဘောင်ဝင်ရတဲ့ခံစားချက်နဲ့အတွေ့အကြုံတွေကိုပြောပြသွားခဲ့ပါတယ်။

ရင်းနှီးသူတွေကို အလှူ့ဒါယိကာမလုပ်ခဲ့တဲ့အကြောင်းကို ပိုပိုက “ပိုပိုက ကိုယ်ဝတ်သလိုသူများတွေကိုလည်းဝတ်ပေးတဲ့အပြင်ကို အလှူ့ဒါယိကာမလည်းလုပ်တယ်။ ကိုးရက်တိတိဝတ်တဲ့ သီလရှင်တွေအတွက်ကို ဆွမ်းဒါယကာမလည်းလုပ်တယ်။ ဆွမ်းချက်တဲ့ ဝေယျာဝစ္စလည်းလုပ်ပါတယ်။ တရားထိုင်တယ်။ ဘုရားရှိခိုးတယ်။ တန်ခိုးကြီးဘုရားတွေသွားဖူးတယ်။တန်ခိုးကြီးတဲ့ ဘုန်းဘုန်းကြီးတွေ ဖားအောက်ဆရာတော်ဘုရားကြီး၊ပါချုပ်ဆရာတော်ဘုရားကြီး၊ဗန်းမော်ဆရာတော်ဘုရားကြီး၊ မဟာဂန္ဓာရုံဆရာတော်ုဘရားကြီး၊ကြည်သာချမ်းမြဆရာတော်ဘုရားကြီး၊ဆရာတော်ဘုရားကြီးတွေတော်တော်များများကိုဖူးခွင့်ရတယ်ဆိုတော့ သီလရှင်ဘဝမှာတော့အရမ်းစိတ်ချမ်းသာတယ်။ဒေါသတွေလောဘတွေမောဟတွေလည်းကင်းပါတယ်”လို့ ပြောပြထားပါတယ်။

ပိုပိုက သိန်းတစ်သောင်းခွဲပေါက်ရင်သီလရှင်ထပ်ဝတ်မယ်လို့လည်း “သိန်းတစ်သောင်းခွဲပေါက်တဲ့နေ့ကျရင် သီလရှင်ထပ်ဝတ်မယ်လို့စဉ်းစားထားပါတယ်။ အခုတော့ မဝတ်သေးဘူး”လို့ ရယ်မောရင်းပြောကြားထားပြီး သီလရှင်ဝတ်ရတဲ့စိတ်ခံစားချက်ကို “ဘဝမှာပထမဆုံးဝတ်ရတာ ကုသိုလ်တွေလည်းအများကြီးရတယ်။ ကိုယ်နဲ့အတူလိုက်ပြီးပါရမီဖြည့်ကြတဲ့ ဖန်တွေလည်းရှိတော့လေ။ ကုသိုလ်တွေလည်းအများကြီးရတယ်။ ပျော်လည်းပျော်တယ်။ ကျေနပ်တယ်။ပိုပိုနဲ့အတူတူအာလုံးပေါင်း သီလရှင်ဆယ့်လေးပါးဝတ်ပါတယ်”လို့ဖြေကြားထားပါတယ်။

သီလရှင်ဝတ်လိုက်လို့တရားကိုပိုသိလာတယ်လို့လည်း ပိုပိုက “အခုဖြစ်နေတဲ့ဟာတွေအကုန်လုံးက အနိစ္စပေ့ါနော်။ မမြဲဘူးပေါ့။ အဲဒါကို သိတယ်။ တရားရှု့တဲ့အခါမှာတော့ ဖြစ်ပျက်သဘောတရား ရုပ်နဲ့နာမ်နဲ့ကိုခွဲနိုင်အောင်တော့ အတတ်နိုင်ဆုံး တရားမှတ်ရတာပေ့ါနော်။ နောက်ပိုင်းတရားထိုင်မယ့်ဟာကိုအစပိုင်းနည်းနည်းလေးအလေ့အကျင့်လေးလုပ်တာပေါ့နော် စိတ်ငြိမ်းချမ်းမှုအရမ်းရတယ်”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုပို့ကိုချစ်ကြလား။ ပိုပိုရဲ့ နောက်ထပ်လုပ်မယ့်အနုပညာလုပ်ငန်းတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

The post သိန်းတစ်သောင်းခွဲပေါက်ရင် သီလရှင်ထပ်ဝတ်မယ်ဆိုတဲ့ ပိုပို appeared first on Nanmalgyi.