အႏုပညာသတင္းမ်ား

ေပါ့ေပါ့ပါးပါးကေလးေလးေတြလို သီခ်င္းတူတူဆိုေနၾကတဲ့ မိုရီဆာကီဝင္းနဲ႔ အိမ့္ခ်စ္

ပရိသတ္ေတြ အားေပးမႈ အျပည့္အဝရရွိထားတဲ့ ဂ်ပန္မွာေနတဲ့ ျမန္မာႏိုင္ငံသားေလး မိုရီဆာကီဝင္းကိုေတာ့ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ မိုရီဆာကီဝင္းကေတာ့ ဂ်ပန္ႏိုင္ငံမွာ ေအာင္ျမင္တဲ့ အဆိုေတာ္တေယာက္ ျဖစ္ေနေသာ္လည္း ျမန္မာႏိုင္ငံကို ခ်စ္တာေၾကာင့္ ယခုေနာက္ပိုင္းမွာေတာ့ ျမန္မာႏုိင္ငံမွာ အႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္လာျပီး ပရိသတ္အားေပးမႈလည္း ပိုပိုျပီးေတာ့ ရရွိလာတာ ျဖစ္ပါတယ္။

လက္ရွိမွာလည္း မိုရီဆာကီဝင္း တေယာက္ကေတာ့ ျပည္သူ႔အခ်စ္ေတာ္အဆိုေတာ္ တေယာက္ျဖစ္တဲ့ အိမ့္ခ်စ္နဲ႔ အတူ သီခ်င္းတူတူဆိုထားတဲ့ ဗီဒီယိုေလးကေတာ့ ပရိသတ္ေတြၾကားမွာ ျပန္႔ႏွံ႔ေနတာလည္း ျဖစ္ပါတယ္။ ဗီဒီယိုထဲမွာေတာ့ အႏုပညာဝါသနာ ပါတဲ့ ေမာင္ႏွမ ႏွစ္ေယာက္ တူတူ သီခ်င္းဆိုထားတာေၾကာင့္ စိတ္ပါလက္ပါရွိေနျပီး အဝင္းကလည္း သူကိုယ္တိုင္ဂီတာေလး တီးထားတာ ျဖစ္ပါတယ္။

မိုရီဆာကီဝင္းကေတာ့ အျမဲတမ္းလိုလို ေပ်ာ္ရႊင္ေနတတ္ျပီး မ်က္ႏွာခ်ိဳခ်ိဳေလး ရွိတဲ့သူ တေယာက္ျဖစ္တာေၾကာင့္ ဒီဗီဒီယိုထဲမွာလည္း အဆိုေတာ္ အိမ့္ခ်စ္နဲ႔ အတူ အပီအျပင္ အဂၤလိပ္သီခ်င္းကို ဟဲေနတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္လံုးကလည္း အသံေကာင္းတဲ့သူ ျဖစ္တာေၾကာင့္ သီခ်င္းေလးက အေပ်ာ္ဆုိတာေတာင္ နားေထာင္လို႔ ေကာင္းေနတာ ျဖစ္ပါတယ္။

မုိရီဆာကီဝင္း နဲ႔ အိမ့္ခ်စ္တို႔ ႏွစ္ေယာက္သီဆိုထားတဲ့ သီခ်င္းဗီဒီယိုဖိုင္ေလးကိုေတာ့ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးလည္း ခံစားနားဆင္လို႔ရေအာင္ တင္ဆက္ေပးလိုက္ပါတယ္။ သူတို႔ႏွစ္ေယာက္ကို ၾကည့္ျပီး ပရိသတ္ၾကီးလည္း ေပ်ာ္ရႊင္သြားမယ္လို႔ ထင္ပါတယ္။ ဗီဒီယိုေလးကိုၾကည့္ျပီး သူတို႔အႏုပညာရွင္ ေမာင္ႏွမ ႏွစ္ေယာက္အတြက္လည္း မွတ္ခ်က္ေလး ေပးခဲ့ၾကဦးေနာ္။

ပရိသတ်တွေ အားပေးမှု အပြည့်အဝရရှိထားတဲ့ ဂျပန်မှာနေတဲ့ မြန်မာနိုင်ငံသားလေး မိုရီဆာကီဝင်းကိုတော့ တော်တော်များများ သိကြမှာပါ။ မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံမှာ အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်နေသော်လည်း မြန်မာနိုင်ငံကို ချစ်တာကြောင့် ယခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်လာပြီး ပရိသတ်အားပေးမှုလည်း ပိုပိုပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မိုရီဆာကီဝင်း တယောက်ကတော့ ပြည်သူ့အချစ်တော်အဆိုတော် တယောက်ဖြစ်တဲ့ အိမ့်ချစ်နဲ့ အတူ သီချင်းတူတူဆိုထားတဲ့ ဗီဒီယိုလေးကတော့ ပရိသတ်တွေကြားမှာ ပြန့်နှံ့နေတာလည်း ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ အနုပညာဝါသနာ ပါတဲ့ မောင်နှမ နှစ်ယောက် တူတူ သီချင်းဆိုထားတာကြောင့် စိတ်ပါလက်ပါရှိနေပြီး အဝင်းကလည်း သူကိုယ်တိုင်ဂီတာလေး တီးထားတာ ဖြစ်ပါတယ်။

မိုရီဆာကီဝင်းကတော့ အမြဲတမ်းလိုလို ပျော်ရွှင်နေတတ်ပြီး မျက်နှာချိုချိုလေး ရှိတဲ့သူ တယောက်ဖြစ်တာကြောင့် ဒီဗီဒီယိုထဲမှာလည်း အဆိုတော် အိမ့်ချစ်နဲ့ အတူ အပီအပြင် အင်္ဂလိပ်သီချင်းကို ဟဲနေတာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း အသံကောင်းတဲ့သူ ဖြစ်တာကြောင့် သီချင်းလေးက အပျော်ဆိုတာတောင် နားထောင်လို့ ကောင်းနေတာ ဖြစ်ပါတယ်။

မိုရီဆာကီဝင်း နဲ့ အိမ့်ချစ်တို့ နှစ်ယောက်သီဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ခံစားနားဆင်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်ပြီး ပရိသတ်ကြီးလည်း ပျော်ရွှင်သွားမယ်လို့ ထင်ပါတယ်။ ဗီဒီယိုလေးကိုကြည့်ပြီး သူတို့အနုပညာရှင် မောင်နှမ နှစ်ယောက်အတွက်လည်း မှတ်ချက်လေး ပေးခဲ့ကြဦးနော်။