အနုပညာသတင်းများ

သိပ်မထူးဆန်းလို့ချစ်သူကိုချမပြတာပါလို့ပြောတဲ့ ညီညီမောင်(စမ်းချောင်း)

ပြည်သူချစ်တဲ့မိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်ပြီး ချစ်စဖွယ်ပြောဆိုနေထိုင်ပုံကြောင့် ပိုပိုပြီးတိုးလို့အချစ်ခံခဲ့ရတဲ့ ညီညီမောင်(စမ်းချောင်း)သုသုကတော့ အချစ်ရေးမှာလည်းပရိသတ်တွေ ရဲ့စိတ်ဝင်စားမှုကိုခံထားရသူဖြစ်ပါတယ်။ အခုလက်ရှိသူရဲ့အချစ်ရေးအခြေအနေတွေကို Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေတင်ဆက်ပေးလိုက်ရပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး သုသုက ” သုသုတို့နှစ်ယောက်ကဘာမှလည်းမထူးဆန်းတော့ဘူး ဒီ LGBTထဲကပဲ ဒီအသိုင်းဝိုင်းထဲကပဲလူတွေဖြစ်နေတော့ မထူးဆန်းတော့တဲ့အတွက်ချမပြဘူး ။ များသောအားဖြင့်ကိုယ်တွေကို ကဲ့ရဲ့တာကလည်းမိန်းမလျာ အသိုင်းဝိုင်းကပဲဖြစ်နေတာဆိုတော့ မဖြစ်စေချင်တော့ဘူး လူတွေရဲ့အမြင်မှာ မိန်းမလျာတွေမစည်းလုံးဘူး အဲ့ဒီလိုဆိုတော့လည်းမတင်တော့ပါဘူး ။

တခြားစီးပွားရေးတွေလည်းလုပ်ထားတာရှိတာပေါ့ ။ကိုယ်တွေက ဒီမိတ်ကပ်တစ်ခုတည်းပ ဒီလိုချမ်းသာဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ ။ချမ်းသာချင်တာတော့မဟုတ်ပါဘူး အလုပ်လုပ်ချင်တာပေါ့ ။ မိတ်ကပ်လည်းလိမ်းတယ် ။နယ်ဘက်မှာလည်းခြံလေးတွေစိုက်ထားတယ်
။ အကြီးကြီးတော့မဟုတ်ပါဘူး ဒီလိုပဲရင်းနီးမြှုပ်နှံထားတာပါ။ အသက်ကြီးရင်အခြောက်မကတစ်ယောက်တည်းဖြစ်မှာလေ ။ အဲ့ဒီအခါကျရင် သုံးဖို့စွဲဖို့ အမ်းဖို့တော့ရှိရမှာပေါ့ ။သုသုကများသောအားဖြင့်စအလုပ်လုပ်မယ်ဆိုရင် အဆိုးပဲတွေးတယ် ။ ဘယ်လုပ်ငန်းမဆိုစလုပ်တော့မယ်ဆိုရင် အပျက်ကိုတွေးတယ် ။ အပျက်ပြီးတော့မှအကောင်းတွေးတယ် ။ အဲ့ဒီလိုမှအဆင်ပြေမှာ ကိုယ့်အတွက်အကောင်းတွေချည်းပဲ အရမ်းတွေးထားပြိးမဖြစ်လာရင် ကိုယ်ပဲခံစားရမှာလေ အဲ့ဒီအတွက်ကြောင့်အဆိုးတွေပဲအကုန်တွေးတယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

The post သိပ်မထူးဆန်းလို့ချစ်သူကိုချမပြတာပါလို့ပြောတဲ့ ညီညီမောင်(စမ်းချောင်း) appeared first on Nanmalgyi.