အႏုပညာသတင္းမ်ား

ၾကည့္မိသူတိုင္း အဖ်ားတက္သြားမယ့္ နန္းေမြစံရဲ႕ အတိုင္းသားဖက္႐ွင္

နန္းေမြစံဟာ ျမင္ရသူရင္ေမာေစတဲ့ ေတာင့္တင္းေျဖာင့္စင္းလြန္းတဲ့ ခႏၶာကုိယ္ေကာက္ေၾကာင္းေၾကာင့္ ပရိသတ္ၾကားမွာထင္ေပၚေက်ာ္ၾကားလာတဲ့ေမာ္ဒယ္တစ္ဦးျဖစ္ျပီး ပရိသတ္အားေပးမႈရရွိထားတဲ့အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ နန္းေမြစံဟာ လက္ရွိမွာ commercial ေတြနဲ႔ ေၾကာ္ျငာေတြလက္ခံရိုက္ကူးေနျပီး အနုပညာအလုပ္ေတြကိုဆက္တုိက္ဆိုသလုိလုပ္ေနတယ္ဆုိရင္လည္း မမွားပါဘူး။

ေတာင့္တင္းတဲ့ ခႏၶာကုိယ္ေကာက္ေၾကာင္းကုိအတိုင္းသားေပၚလြင္ေစတဲ့ ဝတ္စံုေတြ၊ ျမင္ရသူရင္ကုိအသက္ရႈမွားေစတဲ့ post ေတြနဲ႔ပရိသတ္ေတြကုိ အံ့ၾသေစတတ္တဲ့ နန္းေမြစံက အခုလည္း အၾကမ္းစားအရမ္းစားဖက္ရွင္နဲ႔ ပရိသတ္ေတြကုိ surprise လုပ္လိုက္ျပန္ပါျပီ။ နန္းေမြစံက မေန႔က (4.6.2019) မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ေလဒီဘိြဳင္းဇာတ္ကားၾကီးအထူးပြဲမွာ ပရိသတ္ေတြမ်က္လံုးမ်က္ဆန္ျပဴးသြားေစမယ့္ဖက္ရွင္ၾကီးနဲ႔တက္ေရာက္လာခဲ့ပါတယ္။ အဲဒီဖက္ရွင္ကေတာ့ အတြင္းခံပဲဝတ္ထားတဲ့ ခႏၶာကုိယ္ေပၚမွာ အတိုင္းသားထြင္းေဖာက္ျမင္ရတဲ့ အနက္ေရာင္ဇာပဝါပါးေလးလႊမ္းထားတဲ့ဖက္ရွင္ေလးျဖစ္ျပီး ေအာက္က ခႏၶာကိုယ္ကို မၾကည့္ခ်င္ျမင္လ်က္သားဆိုသလုိ လွစ္ဟျပထားတဲ့ ဖက္ရွင္မ်ိဳးျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေတာ္ေတာ္ေလးသေဘာက်ေနၾကသလိုေဝဖန္ေနၾကသူေတြလည္းရွိပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ နန္းေမြစံရဲ႕ အတိုင္းသားဖက္ရွင္ကုိထည့္သြင္းေဖာ္ျပေပးလိုက္ပါတယ္။

နန္းေမြစံက Trailer နဲ႔တင္ပရိသတ္စိတ္ဝင္စားမႈရထားတဲ့ ေလဒီဘိြဳင္းဇာတ္ကားၾကီးရဲ႕အထူးပြဲကုိ လာေရာက္ၾကည့္ရႈ႕အားေပးခဲ့ျပီး နန္းေမြစံလိုပဲအနုပညာရွင္ေတာ္ေတာ္မ်ားမ်ားလည္းတက္ေရာက္ခဲ့ေၾကာင္းသိရပါတယ္။ ေလဒီဘိြဳင္းဇာတ္ကားၾကီးထဲမွာ ထူးေအာင္၊ ေကာ္ရက္ဗီး၊ေျပတီဦး၊ေက်ာ္ေက်ာ္ဗိုလ္၊အိေခ်ာပိုနဲ႔အျခားသရုပ္ေဆာင္ေတြပါဝင္ျပီး နုိင္ငံတကာအဆင့္မီဇာတ္ကားတစ္ကားျဖစ္တာေၾကာင့္လဲ လာေရာက္ၾကည့္ရႈ႕သူေတြက စိတ္ေက်နပ္နွစ္သိမ့္ခဲ့ရတယ္လို႔သတင္းေတြၾကားသိရပါေသးတယ္။ ေလဒီဘိြဳင္းဇာတ္ကားၾကီးကုိ မၾကာမီ (6.6.2019) မွာရံုတင္ျပသေတာ့မွာျဖစ္လို႔ပရိသတ္ေတြအားေပးၾကည့္ရႈ႕နုိင္ေတာ့မွာပါ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ နန္းေမြစံရဲ႕ဖက္ရွင္ကုိသေဘာေခြ႕ၾကလား။ ေလဒီဘိြဳင္းဇာတ္ကားၾကီးကုိေရာသြားေရာက္အားေပးၾကည့္ရႈ႕ဖို႔အသင့္ပဲလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

Credit: Nanmelgyi

နန်းမွေစံဟာ မြင်ရသူရင်မောစေတဲ့ တောင့်တင်းဖြောင့်စင်းလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ပရိသတ်ကြားမှာထင်ပေါ်ကျော်ကြားလာတဲ့မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုရရှိထားတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နန်းမွေစံဟာ လက်ရှိမှာ commercial တွေနဲ့ ကြော်ငြာတွေလက်ခံရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်နေတယ်ဆိုရင်လည်း မမှားပါဘူး။

တောင့်တင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကိုအတိုင်းသားပေါ်လွင်စေတဲ့ ဝတ်စုံတွေ၊ မြင်ရသူရင်ကိုအသက်ရှုမှားစေတဲ့ post တွေနဲ့ပရိသတ်တွေကို အံ့သြစေတတ်တဲ့ နန်းမွေစံက အခုလည်း အကြမ်းစားအရမ်းစားဖက်ရှင်နဲ့ ပရိသတ်တွေကို surprise လုပ်လိုက်ပြန်ပါပြီ။ နန်းမွေစံက မနေ့က (4.6.2019) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လေဒီဘွိုင်းဇာတ်ကားကြီးအထူးပွဲမှာ ပရိသတ်တွေမျက်လုံးမျက်ဆန်ပြူးသွားစေမယ့်ဖက်ရှင်ကြီးနဲ့တက်ရောက်လာခဲ့ပါတယ်။ အဲဒီဖက်ရှင်ကတော့ အတွင်းခံပဲဝတ်ထားတဲ့ ခန္ဓာကိုယ်ပေါ်မှာ အတိုင်းသားထွင်းဖောက်မြင်ရတဲ့ အနက်ရောင်ဇာပဝါပါးလေးလွှမ်းထားတဲ့ဖက်ရှင်လေးဖြစ်ပြီး အောက်က ခန္ဓာကိုယ်ကို မကြည့်ချင်မြင်လျက်သားဆိုသလို လှစ်ဟပြထားတဲ့ ဖက်ရှင်မျိုးဖြစ်တာကြောင့် ပရိသတ်တွေကတော့ တော်တော်လေးသဘောကျနေကြသလိုဝေဖန်နေကြသူတွေလည်းရှိပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် နန်းမွေစံရဲ့ အတိုင်းသားဖက်ရှင်ကိုထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

နန်းမွေစံက Trailer နဲ့တင်ပရိသတ်စိတ်ဝင်စားမှုရထားတဲ့ လေဒီဘွိုင်းဇာတ်ကားကြီးရဲ့အထူးပွဲကို လာရောက်ကြည့်ရှု့အားပေးခဲ့ပြီး နန်းမွေစံလိုပဲအနုပညာရှင်တော်တော်များများလည်းတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ လေဒီဘွိုင်းဇာတ်ကားကြီးထဲမှာ ထူးအောင်၊ ကော်ရက်ဗီး၊ပြေတီဦး၊ကျော်ကျော်ဗိုလ်၊အိချောပိုနဲ့အခြားသရုပ်ဆောင်တွေပါဝင်ပြီး နိုင်ငံတကာအဆင့်မီဇာတ်ကားတစ်ကားဖြစ်တာကြောင့်လဲ လာရောက်ကြည့်ရှု့သူတွေက စိတ်ကျေနပ်နှစ်သိမ့်ခဲ့ရတယ်လို့သတင်းတွေကြားသိရပါသေးတယ်။ လေဒီဘွိုင်းဇာတ်ကားကြီးကို မကြာမီ (6.6.2019) မှာရုံတင်ပြသတော့မှာဖြစ်လို့ပရိသတ်တွေအားပေးကြည့်ရှု့နိုင်တော့မှာပါ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းမွေစံရဲ့ဖက်ရှင်ကိုသဘောခွေ့ကြလား။ လေဒီဘွိုင်းဇာတ်ကားကြီးကိုရောသွားရောက်အားပေးကြည့်ရှု့ဖို့အသင့်ပဲလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Credit: Nanmelgyi