အႏုပညာသတင္းမ်ား

တက္သစ္စမင္းသမီးေလးကို ပံုတူပန္းခ်ီဆြဲေပးလိုက္တဲ့ေနတိုး

က်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕တစ္ေခတ္မွာတစ္ေယာက္ရယ္လို႔ ေပၚထြန္းတတ္တဲ့႐ုပ္႐ွင္ေလာကထဲ အခုလက္႐ွိအအေအာင္ျမင္ဆံုးသ႐ုပ္ေဆာင္တစ္ေယာက္လို႔ေျပာလို႔ရတဲ့ ေနတိုး ကေတာ့ ေယာက်္ားမိန္းမအားလံုးရဲ႕ အသည္းစြဲပါပဲ။ သူရဲ႕ စြယ္စံုရတဲ့ အႏုပညာပါရမီေၾကာင့္လည္း ပရိသတ္ေတြ ရဲ႕အခ်စ္ကို သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုက်ေနာ္တို႔ ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကိုတင္ဆက္ေပးခ်င္တဲအေၾကာင္းအရာေလးကေတာ့ အထင္ကရမီဒီယာနဲ႔ ေနတိုးရဲ႕အင္တာဗ်ဴးမွာ ေနတိုးေျပာျပသြားျဖစ္တဲ့အေၾကာင္းအရာေလးေတြပဲျဖစ္ပါတယ္။

ေနတိုးက “ရုပ္႐ွင္ေတြတစ္ကားၿပီးတစ္ကားတင္တိုင္းကို Comment ေတြတိုင္းမွာက်ေနာ္ဖတ္ရတဲ့ဖတ္ရတိုင္းကို စိတ္မေကာင္းျဖစ္ရတဲ့ Comment ေတြ႐ိွပါတယ္။ အဲ့တာကဘာလဲဆိုေတာ့ က်ေနာ္တို႔ဆီမွာ႐ုပ္႐ွင္႐ံုမ႐ိွဘူး ဘယ္မွာၾကည့္ရမလဲလိုင္းေပၚကိုျမန္ျမန္တင္ေပးေစခ်က္တယ္ဆိုၿပီးေျပာၾကတဲ့ပရိသတ္ေတြအတြက္ကို ဒီSkynet Pay Par View ကအေတာ္ေတာ္ေလးကို ျဖည့္ဆည္းေပးႏိုင္မယ္လို႔က်ေနာ္ထင္တယ္။ ႐ုိက္ေပးတာမဟုတ္ပါဘူး အဓိကကေတာ့ ႐ိုက္ကူးၿပီးသား႐ုပ္႐ွင္ဇာတ္ကားေတြကို Pay Par View ကေနျပသေပးသြားမွာပါ ။မုန္းစြဲတို႔ဘာတို႔က်ေနာ္ျပမယ္ ။ ေနာက္က်ေနာ္တို႔ Rose Rider တို႔လည္းက်ေနာ္တို႔ျပသသြားဖို႔႐ိွတယ္။”ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္။

ေမတိုးခိုင္ရဲ႕ပံုတူပန္းခ်ီဆြဲျဖစ္တဲ့အေၾကာင္းကိုလည္း “ အဲ့ဒါကေတာ့႐ုပ္႐ွင္ဇာတ္ကားေပါ့ေနာ္ ။ အူဝဲရယ္ က်ေနာ္ရယ္ မတိုးခိုင္ရယ္ ဇာတ္ကား အဲ့ဒီထဲမွာ က်ေနာ္က ပန္းခ်ီဆရာတစ္ေယာက္ေပါ့ ။အားလံုးလည္းသိမွာပါ သီခ်င္းေတြဆိုဖို႔လိုအပ္ရင္လည္းဆိုတယ္ ။ပန္းခ်ီဆြဲဖို႔လိုအပ္ရင္လည္းဆိုတယ္ ။Special Make Up ေတြလုပ္ဖို႔လိုအပ္ရင္လည္း လုပ္တယ္။ ဒါေတြကေတာ့ က်ေနာ့္အေနနဲ႔သိပ္ေတာ့မထူးဆန္းေတာ့ပါဘူး ။က်ေနာ္ကေတာ့ ဒီအလုပ္ကိုမလုပ္ခင္ကတည္းကိုကလည္း ဒီအႏုပညာကိုခ်စ္တယ္ေပါ့ေနာ္ ။ အႏုပညာဆိုတာကလည္းအမ်ားႀကီးပဲေလ ။ အဲ့ဒီအမ်ားႀကီးထဲက မွ က်ေနာ္ပန္းခ်ီပညာကိုျမတ္ႏိုးတယ္။ စာေရးတာေတြလည္းတစ္ခါတေလက်ရင္က်ေနာ္ေရးျဖစ္တယ္ အဲ့ဒီလိုမ်ိဳးေပါ့ က်ေနာ္ေလ့လာထားတာေပါ့ ။ က်ေနာ္ဝါသနာပါတဲ့အရာေတြထဲကေနတစ္ခုလည္းျဖစ္ေနေတာ့ေလ က်ေနာ္ေရးျဖစ္သြားတာေပါ့ ။အဲ့ဒီမွာက်ေနာ္သံုးကားလားမသိက်ေနာ္ေရးလိုက္တယ္ ေရေဆးပါ ။”ဆိုၿပီးေျပာျပသြားပါတယ္။

ကျနော်တို့ မြန်မာနိုင်ငံရဲ့တစ်ခေတ်မှာတစ်ယောက်ရယ်လို့ ပေါ်ထွန်းတတ်တဲ့ရုပ်ရှင်လောကထဲ အခုလက်ရှိအအအောင်မြင်ဆုံးသရုပ်ဆောင်တစ်ယောက်လို့ပြောလို့ရတဲ့ နေတိုး ကတော့ ယောကျ်ားမိန်းမအားလုံးရဲ့ အသည်းစွဲပါပဲ။ သူရဲ့ စွယ်စုံရတဲ့ အနုပညာပါရမီကြောင့်လည်း ပရိသတ်တွေ ရဲ့အချစ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုကျနော်တို့ ပြောချင်လွန်းလို့ ပရိသတ်တွေကိုတင်ဆက်ပေးချင်တဲအကြောင်းအရာလေးကတော့ အထင်ကရမီဒီယာနဲ့ နေတိုးရဲ့အင်တာဗျူးမှာ နေတိုးပြောပြသွားဖြစ်တဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။

နေတိုးက “ရုပ်ရှင်တွေတစ်ကားပြီးတစ်ကားတင်တိုင်းကို Comment တွေတိုင်းမှာကျနော်ဖတ်ရတဲ့ဖတ်ရတိုင်းကို စိတ်မကောင်းဖြစ်ရတဲ့ Comment တွေရှိပါတယ်။ အဲ့တာကဘာလဲဆိုတော့ ကျနော်တို့ဆီမှာရုပ်ရှင်ရုံမရှိဘူး ဘယ်မှာကြည့်ရမလဲလိုင်းပေါ်ကိုမြန်မြန်တင်ပေးစေချက်တယ်ဆိုပြီးပြောကြတဲ့ပရိသတ်တွေအတွက်ကို ဒီSkynet Pay Par View ကအတော်တော်လေးကို ဖြည့်ဆည်းပေးနိုင်မယ်လို့ကျနော်ထင်တယ်။ ရိုက်ပေးတာမဟုတ်ပါဘူး အဓိကကတော့ ရိုက်ကူးပြီးသားရုပ်ရှင်ဇာတ်ကားတွေကို Pay Par View ကနေပြသပေးသွားမှာပါ ။မုန်းစွဲတို့ဘာတို့ကျနော်ပြမယ် ။ နောက်ကျနော်တို့ Rose Rider တို့လည်းကျနော်တို့ပြသသွားဖို့ရှိတယ်။”ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

မေတိုးခိုင်ရဲ့ပုံတူပန်းချီဆွဲဖြစ်တဲ့အကြောင်းကိုလည်း “ အဲ့ဒါကတော့ရုပ်ရှင်ဇာတ်ကားပေါ့နော် ။ အူဝဲရယ် ကျနော်ရယ် မတိုးခိုင်ရယ် ဇာတ်ကား အဲ့ဒီထဲမှာ ကျနော်က ပန်းချီဆရာတစ်ယောက်ပေါ့ ။အားလုံးလည်းသိမှာပါ သီချင်းတွေဆိုဖို့လိုအပ်ရင်လည်းဆိုတယ် ။ပန်းချီဆွဲဖို့လိုအပ်ရင်လည်းဆိုတယ် ။Special Make Up တွေလုပ်ဖို့လိုအပ်ရင်လည်း လုပ်တယ်။ ဒါတွေကတော့ ကျနော့်အနေနဲ့သိပ်တော့မထူးဆန်းတော့ပါဘူး ။ကျနော်ကတော့ ဒီအလုပ်ကိုမလုပ်ခင်ကတည်းကိုကလည်း ဒီအနုပညာကိုချစ်တယ်ပေါ့နော် ။ အနုပညာဆိုတာကလည်းအများကြီးပဲလေ ။ အဲ့ဒီအများကြီးထဲက မှ ကျနော်ပန်းချီပညာကိုမြတ်နိုးတယ်။ စာရေးတာတွေလည်းတစ်ခါတလေကျရင်ကျနော်ရေးဖြစ်တယ် အဲ့ဒီလိုမျိုးပေါ့ ကျနော်လေ့လာထားတာပေါ့ ။ ကျနော်ဝါသနာပါတဲ့အရာတွေထဲကနေတစ်ခုလည်းဖြစ်နေတော့လေ ကျနော်ရေးဖြစ်သွားတာပေါ့ ။အဲ့ဒီမှာကျနော်သုံးကားလားမသိကျနော်ရေးလိုက်တယ် ရေဆေးပါ ။”ဆိုပြီးပြောပြသွားပါတယ်။