အနုပညာသတင်းများ

အနုပညာနဲ့ပတ်သက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် မင်းမော်ကွန်းရဲ့သမီး

သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သမီးဖြစ်သူ လေပြေသွေးက အနုပညာပိုင်းကို စိတ်ဝင်စားနေပြီး အနာဂတ်မှာ အနုပညာနှင့် ပတ်သတ်ပြီး မိမိကျွမ်းကျင်တဲ့အပိုင်းမှာ ဖန်တီးမှုတွေပြုလုပ်နိုင်ဖို့ အတွက် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့အကြောင်းလေးပြောပြခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ ကျောင်းသွားတက်ဖို့ လုပ်နေပါတယ်။ ဘန်ကောက်နဲ့ အမေရိကားနှစ်ခုမှာ တစ်ခုကို ရွေးပြီး သွားတက်ဖို့ လုပ်နေပါတယ်။ နှစ်ကျောင်းလုံးလျှောက်ထားတယ်ပေါ့နော်။ ဘယ်ကျောင်းလည်းတော့ မသိသေးဘူးရှင့်။ အခုရွေးချယ်ထားတဲ့ မေဂျာကတော့ Media and Communication ပါ။ ဒီဘာသာက နောက်ပိုင်းကျရင် Event management နဲ့ Director ဘက်ကို ပြန်သွားလို့ရတယ်။ သမီးက Management အပိုင်းနဲ့ အနုပညာဘက်ကိုလည်း ဝါသနာပါတဲ့အတွက် နှစ်ခုလုံးနဲ့ အဆင်ပြေမယ့် ဒီမေဂျာကို ရွေးချယ်လိုက်တာပါ။

ကျောင်းကတော့ ဘန်ကောက်ဆိုရင် ပိုအဆင်ပြေပါတယ်။ကိုယ့်ဘာသာကို သွားလိုက်ပြန်လိုက်လုပ်လို့ရတယ်လေ။ သွားတက်ဖြစ်ရင်တော့ လေးနှစ်ပါ။ အရင်တုန်းကတော့ သွားမယ်ဆို အမေရိကားကို သွားချင်တာပေါ့။ အခုသေချာပြန်စဉ်းစားကြည့်တော့ ဒီမှာလည်း သူငယ်ချင်းတွေရှိနေပြီ၊ မိသားစုနဲ့လည်း မဝေးချင်တော့ ဘန်ကောက်က ပို အဆင်ပြေတယ်လေ။ ပညာရေးနဲ့ ပတ်သတ်ရင်တော့ ဘယ်ကျောင်းပိုကောင်းမလဲ ရွေးချယ်ရမှာပေါ့။ ဘန်ကောက်ကျောင်းက August လမှာ စဖွင့်မှာပါ။ အမေရိကားကတော့ လျောက်ထားတာ သေတော့သေချာနေပါပြီ။ သမီးရဲ့ ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။ အခုကတော့ အနုပညာကို ဝါသနာပါတာ သေချာနေပြီ။ ဒါပေမယ့် ကိုယ်က ဘယ်လမ်းကြောင်းနဲ့သွားမလဲဆိုတာ ကျောင်းတက်ရင်းနဲ့မှ သေချာဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဖေဖေကတော့ သမီးဘာသာ လေ့လာရမှာ ဖြစ်တဲ့အတွက် သမီးတစ်ကယ်ဝါသနာပါတဲ့ ဟာကိုပဲ သေချာ ဇောက်ချလုပ်ကိုင်ဖို့ မှာပါတယ်။

ဖေဖေ့သီချင်းမှာ ပါဝင်ဖြစ်သွားတာကတော့ ဖေဖေက ရိုက်ပေးမလားမေးတယ်။ သမီးလည်း ရိုက်ကြည့်ချင်တာနဲ့ ရိုက်ဖြစ်သွားတာပါ။ ရိုက်တုန်းက ဒါရိုက်တာ မမစနိုးမိုင်လေးက အကုန်သင်ပြပေးပါတယ်။ ဖေဖေကတော့ ဘာမှဝင်မပြောဘူး။ ဘေးကနေပဲ ကြည့်နေပေးပါတယ်။ Music Video ဆိုတာ အရင်ကမရိုက်ဖူးဘူးလေ။ အဲ့တော့ အခက်အခဲနဲနဲရှိတာပေါ့။ ဒါပေမယ့် သမီးနဲ့တူတူရိုက်တဲ့ မမရော ဒါရိုက်တာမမကရော အကုန်သေချာသင်ပြပေးခဲ့တဲ့ အတွက် အဆင်ပြေသွားပါတယ်။ ရုပ်ရှင်ဆိုရင် ကြည့်တဲ့သူအမြင်မှာ ဒီတိုင်းပဲ သရုပ်ဆောင်လိုက်ရတယ်လို့ မြင်တာ တကယ်က ဒီထဲမှာ စိတ်အရမ်းနှစ်ပြီး လုပ်ရတဲ့အတွက် ဒီဟာက အရမ်းပင်ပန်းပါတယ်။ သမီးအခု ကျောင်းဆက်တက်ဖို့လုပ်နေတယ်။ ပြီးရင်တော့ သမီး ဝါသနာပါတဲ့ လမ်းကြောင်းကို သေချာလျှောက်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။

The post အနုပညာနဲ့ပတ်သက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် မင်းမော်ကွန်းရဲ့သမီး appeared first on Nanmalgyi.