အႏုပညာသတင္းမ်ား

အိေခ်ာပုိက အရမ္းေခ်ာေတာ့ အိုက္တင္လုပ္ရတာ ႐ွက္တယ္ဆုိတဲ့ ထုိင္းမင္းသား Bankk

ျမန္မာ – ထုိင္း ႏွစ္ႏုိင္ငံပူးေပါင္းၿပီး ႐ုိက္ကူးထားတဲ့ Lady Boy ႐ုပ္႐ွင္ဇာတ္ကားႀကီးကုိေတာ့ မၾကာခင္မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ၿပီး ဒီဇာတ္ကားကုိေတာ့ ဒါ႐ုိက္တာ ကုိေပါက္က ႐ုိက္ကူးထားတာျဖစ္ပါတယ္။ ဒီကားမွာ ပါဝင္တဲ့ ထုိင္းမင္းသားတစ္ဦးျဖစ္တဲ့ Bankk ကေတာ့ ဒီကားထဲမွာ အတူတူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ျမန္မာ မင္းသမီး အိေခ်ာပုိက အရမ္းေခ်ာေနလုိ႔ အုိက္တင္လုပ္တဲ့ေနရာမွာ ႐ွက္ေနရတယ္လုိ႔ မီဒီယာေတြကုိ ေျဖသြားခဲ့ပါတယ္။

ထုိင္းမင္းသား Bankk ကေတာ့ Lady Boy ႐ုပ္႐ွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ျဖစ္ပုံနဲ႔ ပတ္သက္ၿပီး “ဒီကားက အရမ္းေပ်ာ္ဖုိ႔ေကာင္းပါတယ္ ေပ်ာ္ရႊင္စရာလည္း႐ွိတယ္ ၿပီးေတာ့ ဝမ္းနည္းစရာေတြလည္း႐ွိတယ္။ ၿပီးေတာ့ Fighting အခန္းေတြလည္း ႐ွိတယ္ အရမ္းေပ်ာ္ဖုိ႔ေကာင္းပါတယ္။ ဒီကားက ကြၽန္ေတာ့္အတြက္ ပထမဆုံးစ႐ုိက္တဲ့ ႐ုပ္႐ွင္ကားပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ျမန္မာဇာတ္ကားေတြက အရင္က ၾကည့္ဖူးလားလုိ႔ ေမးျမန္းရာ “ၾကည့္ဖူးပါတယ္ ျမန္မာနဲ႔ ယုိးဒယား တြဲ႐ုိက္ထားတဲ့ ကားေတြကလည္း အမ်ားႀကီးပဲဆုိေတာ့ေလ။ ဒီကားကုိ စ႐ုိက္ေတာ့ လုပ္လုိ႔ရပါ့မလားေပါ့ အရမ္းစိတ္ပူတာ ဇာတ္ၫႊန္းကုိ ၾကည့္လုိက္ေတာ့လည္း Fighting ေတြေရာ ေပ်ာ္ရႊင္စရာေတြေရာ ဝမ္းနည္းတာေတြေရာ ပါတယ္ဆုိေတာ့ စိတ္ဝင္စားဖုိ႔ေကာင္းတယ္ ဇာတ္ၫႊန္းဖတ္တာနဲ႔တင္ စိတ္ဝင္စားဖုိ႔ေကာင္းေနၿပီ။ မနက္တုိင္း မနက္တုိင္း ႐ုိက္ကူးေရးသြားတဲ့အခါ အရမ္းေပ်ာ္ပါတယ္ အရမ္းတက္ႂကြေနတာ။”လုိ႔ေျပာသြားခဲ့ပါတယ္။

အိေခ်ာပုိနဲ႔ စေတြ႔တုန္းက အခ်ိန္ ခံစားခ်က္ကုိ ေမးျမန္းရာ “မင္းသမီးက အရမ္းေခ်ာတယ္ဆုိေတာ့ ကြၽန္ေတာ္က လူဆုိးေလ အဲ့တာေၾကာင့္ Fighting ေတြလုပ္ရတယ္။ တစ္ခါတစ္ေလ မင္းသမီးမ်က္ႏွာက ေခ်ာေနေတာ့ အုိက္တင္ေတြ မထြက္ဘူး ကုိယ့္ကုိယ့္ကုိယ္ သေဘာက်ၿပီး ျပန္ရယ္ျဖစ္ၿပီးဟာသေတြ ျဖစ္ခဲ့ပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

The post အိေခ်ာပုိက အရမ္းေခ်ာေတာ့ အိုက္တင္လုပ္ရတာ ႐ွက္တယ္ဆုိတဲ့ ထုိင္းမင္းသား Bankk appeared first on Nanmalgyi.

မြန်မာ – ထိုင်း နှစ်နိုင်ငံပူးပေါင်းပြီး ရိုက်ကူးထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားမှာ ပါဝင်တဲ့ ထိုင်းမင်းသားတစ်ဦးဖြစ်တဲ့ Bankk ကတော့ ဒီကားထဲမှာ အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ မြန်မာ မင်းသမီး အိချောပိုက အရမ်းချောနေလို့ အိုက်တင်လုပ်တဲ့နေရာမှာ ရှက်နေရတယ်လို့ မီဒီယာတွေကို ဖြေသွားခဲ့ပါတယ်။

ထိုင်းမင်းသား Bankk ကတော့ Lady Boy ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး “ဒီကားက အရမ်းပျော်ဖို့ကောင်းပါတယ် ပျော်ရွှင်စရာလည်းရှိတယ် ပြီးတော့ ဝမ်းနည်းစရာတွေလည်းရှိတယ်။ ပြီးတော့ Fighting အခန်းတွေလည်း ရှိတယ် အရမ်းပျော်ဖို့ကောင်းပါတယ်။ ဒီကားက ကျွန်တော့်အတွက် ပထမဆုံးစရိုက်တဲ့ ရုပ်ရှင်ကားပါ။”လို့ ပြောသွားခဲ့ပါတယ်။

မြန်မာဇာတ်ကားတွေက အရင်က ကြည့်ဖူးလားလို့ မေးမြန်းရာ “ကြည့်ဖူးပါတယ် မြန်မာနဲ့ ယိုးဒယား တွဲရိုက်ထားတဲ့ ကားတွေကလည်း အများကြီးပဲဆိုတော့လေ။ ဒီကားကို စရိုက်တော့ လုပ်လို့ရပါ့မလားပေါ့ အရမ်းစိတ်ပူတာ ဇာတ်ညွှန်းကို ကြည့်လိုက်တော့လည်း Fighting တွေရော ပျော်ရွှင်စရာတွေရော ဝမ်းနည်းတာတွေရော ပါတယ်ဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ် ဇာတ်ညွှန်းဖတ်တာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပြီ။ မနက်တိုင်း မနက်တိုင်း ရိုက်ကူးရေးသွားတဲ့အခါ အရမ်းပျော်ပါတယ် အရမ်းတက်ကြွနေတာ။”လို့ပြောသွားခဲ့ပါတယ်။

အိချောပိုနဲ့ စတွေ့တုန်းက အချိန် ခံစားချက်ကို မေးမြန်းရာ “မင်းသမီးက အရမ်းချောတယ်ဆိုတော့ ကျွန်တော်က လူဆိုးလေ အဲ့တာကြောင့် Fighting တွေလုပ်ရတယ်။ တစ်ခါတစ်လေ မင်းသမီးမျက်နှာက ချောနေတော့ အိုက်တင်တွေ မထွက်ဘူး ကိုယ့်ကိုယ့်ကိုယ် သဘောကျပြီး ပြန်ရယ်ဖြစ်ပြီးဟာသတွေ ဖြစ်ခဲ့ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

The post အိချောပိုက အရမ်းချောတော့ အိုက်တင်လုပ်ရတာ ရှက်တယ်ဆိုတဲ့ ထိုင်းမင်းသား Bankk appeared first on Nanmalgyi.