အနုပညာသတင်းများ

ကိုယ်တိုင်ဂစ်တာတီးပြီး မေမေအူဝဲကို Birthday Wish လုပ်လိုက်တဲ့ သားသားလေး ပြေဓီရ

အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာ သားလေး ပြေဓီရ က Happy Birthday သီချင်းလေးကို ကိုယ်တိုင် ဂစ်တာတီးပြီးဆိုခဲ့ပါတယ်။ ဖေဖေ ပြေတီဦးကတော့ သူ့ထက်သာ သွားပြီလို့ ဆိုပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာတော့ သားငယ်လေး ပြေဓီရ က ကိုယ်တိုင် ဂစ်တာတီးပြီး Happy Birthday သီချင်းကို မေမေ့အတွက် သီဆိုပေးခဲ့ပါတယ်။ ဒါကြောင့် ဖေဖေ ပြေတီဦးကတော့ သားငယ်လေးရဲ့ လုပ်ရပ်အပေါ် ချီးကျူးစကား ဆိုလိုက်ပါသေးတယ်။

‘’ပြေဓီရ မင်း အဖေ့ထက်အများကြီးသာသွားပြီကွာ။ သူ့အမေအတွက် Happy Birthday သီချင်းကို ကိုယ်တိုင် ဂစ်တာတီးပြီးဆိုနေသော ပြေဓီရ’’ ဆိုပြီးတော့ မေမေ့ကို Happy Birthday Song လေးနဲ့ Birthday wish ပေးနေတဲ့ ပြေဓီရ ရဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၂၄ ရက်နေ့ည ၉ နာရီကျော်က တင်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်လေးထဲမှာတော့ ပြေဓီရက မေမေ အိန္ဒြာကျော်ဇင်အတွက် Happy Birthday သီချင်းကို ကိုယ်တိုင် ဂစ်တာတီးပြီး သီဆိုနေခဲ့တာပါ။

‘’ Happy Birthday To You .. Happy Birthday To You…. Happy Birthday …. Happy Birthday …. Happy Birthday မေမေ ‘’ ဆိုပြီးတော့ သီဆိုသွားပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်။ မေမေ ကလည်း ဝမ်းသာပီတိဖြစ်ရသလို ဖေဖေ ပြေတီဦးကလည်း လက်ခုပ်တီးပြီး ချီးကျူးစကား ဆိုလိုက်ပါသေးတယ်။

အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ပြေဓီရက အခုဆိုရင် (၃)နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သမီးကြီး ပြေသုဒ္ဒါကတော့ မူကြို တက်နေပြီဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သူမရဲ့ မွေးနေ့မှာ မနက်စောစော သံဃာတော်တွေကို ထမင်း၊ ဟင်းတွေကို ဆွမ်းလောင်းအလှူပြုခဲ့တာဖြစ်ပြီး ညနေပိုင်းမှာတော့ ရွှေတိဂုံစေတီတော်မှာ ထမင်းကြော် နဲ့ ဟင်းတွေ အလှူပြုခဲ့ပါတယ်။ အဲဒီနောက် ဆီမီးပူဇော်တာတွေလည်း လုပ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူမဟာ မိသားစုကိုလည်း အချိန်ပေးနေတာဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးကလည်း ရုပ်ရှင်ကားကြီးတွေ ဆက်လက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Credit-Cele Yatkwat