အနုပညာသတင်းများ
ဖေဖေလင်းလင်း နဲ့တူတူ ဂီတာတီးပြီး ကနေကြတဲ့ ခေတ် နဲ့ သစ်
ပရိသတ်အချစ်တော် မိသားစုလေးဖြစ်တဲ့ တေးရေးတေးဆို လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေ နဲ့ သူတို့ရဲ့ အမွှာလေးနှစ်ယောက် ခေတ် နဲ့ သစ် ကိုတော့ မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေကတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ယောက်တင် ပရိသတ်ရှိလာတာ မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့ ကလေးဖြစ်တဲ့ ခေတ် နဲ့ သစ် တို့ကလည်း ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။
ချစ်သုဝေ နဲ့ လင်းလင်းတု့ိရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ အခုလို ကလေးလေးအရွယ် ကတည်းက အနုပညာလှုပ်ရှားမှုတွေ လုပ်နေရပြီး သူတို့ကိုယ်တိုင်ကလည်း အနုပညာပိုးလေးတွေ ပါကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ကိုယ်တိုင်ကလည်း သမီးလေးတွေရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်းလိုလို ဗီဒီယိုလေးတွေ ရိုက်ပြီးတင်ပေးကာ ပရိသတ်တွေကလည်း ချစ်ကြတာကို တွေ့ရပါတယ်။
ဒီတခေါက်မှာလည်း ခေတ် နဲ့ သစ် ကတော့ အဖေဖြစ်သူ လင်းလင်း ဂီတာလေးတီးနေတာကို သူတို့နှစ်ယောက်ကလည်း အဖေဖြစ်သူနဲ့တူတူ ဂီတ သေးသေးလေးတွေ တီးပြီးတော့ က နေ ကြတာ ဖြစ်ပါတယ်။ ဗီဒီယိုလေးကိုတော့ ချစ်သုဝေ ကိုယ်တိုင် ရိုက်ပေးထားတာ ဖြစ်ပြီး ပရိသတ်တွေကြား ပြန့်နှံ့နေတာလည်း ဖြစ်ပါတယ်။ ဖေဖေဖြစ်သူ လင်းလင်းနဲ့ ခေတ်နဲ့သစ်တို့ကတော့ ဂီတပိုးလေးတွေ ပါကြသလို တကယ့်ကို လိုက်ဖက်တဲ့ မိသားစုလေးပါပဲ။
ဗီဒီယိုလေးကို ကြည့်ပြီး သူတို့မိသားစုလေးကိုလည်း အားကျသွားကြမယ် ထင်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း လင်းလင်းနဲ့ သူ့သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ် နဲ့ သစ် ဂီတာလေး တီးပြီးမြူးကြွနေတဲ့ ဗီဒီယို လေးကို တင်ဆက်ပေးလိုက် ပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီးတော့လည်း ပရိသတ်တွေ အနေနဲ့ သူတို့မိသားစုလေးကို အားကျပြီး အပျော်တွေပါ ကူးစက်သွားကြမယ်လို့ ထင်ပါတယ်။