အႏုပညာသတင္းမ်ား

သူ႔မ်က္ႏွာတပ္ၿပီး Troll ခံခဲ့ရတဲ့ ကေလးေလးကို ေမတၱာပို႔လိုက္ျပန္တဲ့ စိုင္းစိုင္း

စိုင္းစိုင္းခမ္းလိႈင္္ဟာ ျမန္မာတစ္နိုင္ငံလံုးတင္မက အိမ္နီးခ်င္းနုိင္ငံေတြက ပရိသတ္္ေတြပါ အားေပးရတဲ့ အဆိုေတာ္သရုပ္ေဆာင္တစ္ဦးျဖစ္သလို လူမ်ိဳးဘာသာမေရြးအသက္အရြယ္မေရြးခ်စ္ခင္နွစ္္သက္အားေပးျခင္းခံရတဲ့ အနုပညာရွင္တစ္ဦးဆိုရင္လည္းမမွားပါဘူး။ စိုင္းစိုင္းက သူ႔ရဲ႕ရွည္ၾကာလွတဲ့အနုပညာသက္တမ္းတစ္ေလွ်ာက္္ျမန္မာနိုင္ငံမွာ အေဝဖန္ခံရဆံုးအနုပညာရွင္တစ္ဦးလို႔လည္းဆိုနိုင္ပါတယ္။ စိုင္းစိုင္းမို႔ ပရိသတ္ေတြက တစ္ခုုခုဆိုရင္မဆိုင္တာေတြေရာ ဆိုင္တာေတြေရာဆြဲဆြဲထည့္ျပီးခ်စ္စနိုးနဲ႔စေနာက္ေနၾကစျမဲျဖစ္ျပီး စိုင္းစိုင္းကလည္း သူ႔ကုိစေနာက္တဲ့ပရိသတ္ေတြကုိစိတ္မဆိုးပဲ ရယ္ရယ္ေမာေမာနဲ႔တံု႔ျပန္ေနတတ္္တာပါ။

ျပီးခဲ့တဲ့ 2018 ဟာဆိုရင္စုိင္းစုိင္းအတြက္ အတိုက္အခိုုက္ေတြအမ်ားဆံုးေဝဖန္ခံရဆံုးနွစ္ေတြထဲကတစ္နွစ္ျဖစ္တယ္လို႔ဆိုရမွာပါ။ စိုင္းစိုင္းခမ်ာ ျဖဴျဖဴေထြးနဲ႔ တြဲျပီး troll ခံရလိုက္၊ အျခားသူေတြနဲ႔တြဲျပီးအေျပာခံရလိုိက္နဲ႔ ကိစၥေတြေတာ္ေတာ္မ်ားမ်ားမွာ စုိင္းစိုုင္းမပါရင္မျပီးဘူးျဖစ္ေနသလုိ စိုင္းစို္္င္းကလည္း ၾကာေတာ့သည္လည္းေမာင့္စကားရုပ္ရွင္မွာ နႏၵအျဖစ္ပါဝင္သရုပ္ေဆာင္လုိက္ေသးတာမို႔ အဲဒီကိစၥနဲ႔လည္းေဝဖန္မႈေတြခံထားရပါေသးတယ္။

ဒါ့အျပင္ ေက်ာင္းဖြင့္လို႔ ကေလးေတြေက်ာင္းစတက္တဲ့ရက္မွာ သနပ္ခါးအေဖြးသားနဲ႔ ကေလးေသးေသးေလးက ငိုေနတဲ့ ဓာတ္ပံုေလးတစ္ပံုလူထုၾကားမွာ ပ်ံ႕နွံ႕လာျပန္ေတာ့လည္း စိုင္းစိုင္းရဲ႕ မ်က္နွာကုိ ကေလးေလးရဲ႕မ်က္နွာနဲ႔ Blend လုပ္ျပီး အေၾကာင္းအရာအမ်ိဳးမ်ိဳးနဲ႔ Troll ၾကတာေတြကလည္း မျမင္ခ်င္မွအဆံုးလို႔ဆိုရမွာပါ။ အခု ဒီနွစ္ေက်ာင္းေတြျပန္ဖြင့္္ေတာ့ စုိင္္းစိိုင္းက အဲဒီကေလးေလးကို သတိတရနဲ႔ ဓာတ္ပံုေလးတင္ထားခဲ့ျပီး “ငါ့ကုိတစ္္နွစ္ပတ္လံုး ဒုကၡေပးခဲ့တဲ့ခ်ာတိတ္။ ဒီနွစ္္ေတာ့ ပထမတန္းေရာက္ေနေလာက္ျပီ။ မငိုေလာက္ေတာ့ဘူးထင္္တယ္”လို႔ခ်စ္စနိုးေလးနဲ႔ ေရးျပီးတင္ထားတာေတြ႕ရပါတယ္။ဒီေလာက္္ Troll ခံရတာကုိ သည္းခံျပီး ရယ္ရယ္ေမာေမာနဲ႔ တံု႔ျပန္္ေနတတ္တဲ့ စိုင္းစိုင္းကုိပရိသတ္ေတြက သည္းခံနုိင္သူၾကီး PR ေကာင္းသူၾကီးဆိုျပီး ပုုိလို႔ခ်စ္သြားၾကရသလို comment ေတြထဲမွာ စိုင္းစိုင္းနဲ႔အတူတူဝင္ခြီရင္းေပ်ာ္ရႊင္ေနၾကသူေတြလည္းရွိပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ စုိင္းစိုင္းကုိခ်စ္ၾကလား။ စုိင္းစိုင္္းကုိ Troll ထဲလူေတြထဲမွာေရာ တစ္ေယာက္အပါအဝင္ျဖစ္္ဖူးၾကလား။ ေျပာခဲ့ၾကပါဦး။

စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာတစ်နိုင်ငံလုံးတင်မက အိမ်နီးချင်းနိုင်ငံတွေက ပရိသတ်တွေပါ အားပေးရတဲ့ အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်သလို လူမျိုးဘာသာမရွေးအသက်အရွယ်မရွေးချစ်ခင်နှစ်သက်အားပေးခြင်းခံရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ စိုင်းစိုင်းက သူ့ရဲ့ရှည်ကြာလှတဲ့အနုပညာသက်တမ်းတစ်လျှောက်မြန်မာနိုင်ငံမှာ အဝေဖန်ခံရဆုံးအနုပညာရှင်တစ်ဦးလို့လည်းဆိုနိုင်ပါတယ်။ စိုင်းစိုင်းမို့ ပရိသတ်တွေက တစ်ခုခုဆိုရင်မဆိုင်တာတွေရော ဆိုင်တာတွေရောဆွဲဆွဲထည့်ပြီးချစ်စနိုးနဲ့စနောက်နေကြစမြဲဖြစ်ပြီး စိုင်းစိုင်းကလည်း သူ့ကိုစနောက်တဲ့ပရိသတ်တွေကိုစိတ်မဆိုးပဲ ရယ်ရယ်မောမောနဲ့တုံ့ပြန်နေတတ်တာပါ။

ပြီးခဲ့တဲ့ 2018 ဟာဆိုရင်စိုင်းစိုင်းအတွက် အတိုက်အခိုက်တွေအများဆုံးဝေဖန်ခံရဆုံးနှစ်တွေထဲကတစ်နှစ်ဖြစ်တယ်လို့ဆိုရမှာပါ။ စိုင်းစိုင်းခမျာ ဖြူဖြူထွေးနဲ့ တွဲပြီး troll ခံရလိုက်၊ အခြားသူတွေနဲ့တွဲပြီးအပြောခံရလိုက်နဲ့ ကိစ္စတွေတော်တော်များများမှာ စိုင်းစိုင်းမပါရင်မပြီးဘူးဖြစ်နေသလို စိုင်းစို်င်းကလည်း ကြာတော့သည်လည်းမောင့်စကားရုပ်ရှင်မှာ နန္ဒအဖြစ်ပါဝင်သရုပ်ဆောင်လိုက်သေးတာမို့ အဲဒီကိစ္စနဲ့လည်းဝေဖန်မှုတွေခံထားရပါသေးတယ်။

ဒါ့အပြင် ကျောင်းဖွင့်လို့ ကလေးတွေကျောင်းစတက်တဲ့ရက်မှာ သနပ်ခါးအဖွေးသားနဲ့ ကလေးသေးသေးလေးက ငိုနေတဲ့ ဓာတ်ပုံလေးတစ်ပုံလူထုကြားမှာ ပျံ့နှံ့လာပြန်တော့လည်း စိုင်းစိုင်းရဲ့ မျက်နှာကို ကလေးလေးရဲ့မျက်နှာနဲ့ Blend လုပ်ပြီး အကြောင်းအရာအမျိုးမျိုးနဲ့ Troll ကြတာတွေကလည်း မမြင်ချင်မှအဆုံးလို့ဆိုရမှာပါ။ အခု ဒီနှစ်ကျောင်းတွေပြန်ဖွင့်တော့ စိုင်းစိုင်းက အဲဒီကလေးလေးကို သတိတရနဲ့ ဓာတ်ပုံလေးတင်ထားခဲ့ပြီး “ငါ့ကိုတစ်နှစ်ပတ်လုံး ဒုက္ခပေးခဲ့တဲ့ချာတိတ်။ ဒီနှစ်တော့ ပထမတန်းရောက်နေလောက်ပြီ။ မငိုလောက်တော့ဘူးထင်တယ်”လို့ချစ်စနိုးလေးနဲ့ ရေးပြီးတင်ထားတာတွေ့ရပါတယ်။ဒီလောက် Troll ခံရတာကို သည်းခံပြီး ရယ်ရယ်မောမောနဲ့ တုံ့ပြန်နေတတ်တဲ့ စိုင်းစိုင်းကိုပရိသတ်တွေက သည်းခံနိုင်သူကြီး PR ကောင်းသူကြီးဆိုပြီး ပိုလို့ချစ်သွားကြရသလို comment တွေထဲမှာ စိုင်းစိုင်းနဲ့အတူတူဝင်ခွီရင်းပျော်ရွှင်နေကြသူတွေလည်းရှိပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းကိုချစ်ကြလား။ စိုင်းစိုင်းကို Troll ထဲလူတွေထဲမှာရော တစ်ယောက်အပါအဝင်ဖြစ်ဖူးကြလား။ ပြောခဲ့ကြပါဦး။