အႏုပညာသတင္းမ်ား

ခ်မ္းခ်မ္းနဲ႔ပတ္သက္ၿပီး ဘဝမွာအမွတ္ရဆံုးကိစၥႏွစ္ခုကိုေျပာသြားတဲ့ ဘုဏ္းသိုက္

သံေယာဇဥ္ တစ္ခုဟာ လြယ္လြယ္နဲ႔ျဖတ္ေတာက္လို႔မရပါဘူး ။အဲ့ဒီလိုမ်ိဳးထဲမွာမွ ႏွစ္ေတြအၾကာႀကီးတည္ေဆာက္လာရတဲ့ အေႏွာင္အဖြဲ႔တစ္ခုကေမ့ေပ်ာက္ဖို႔ဆိုတာမလြယ္ပါဘူး။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔ပရိသတ္ေတြကို ေျပာျပခ်င္တဲ့ အေၾကာင္းအရာေလးတစ္ခုျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဘုဏ္းသိုက္က သူ႔ဘဝမွာ ေမ့လို႔မရႏိုင္တဲ့ ခ်မ္းခ်မ္းနဲ႔႐ိွခဲ့တဲ့အမွတ္တရေတြကို Media 9 နဲ႔အင္တာဗ်ဴးတစ္ခုမွာေျပာျပသြားခဲ့ပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ေတြသိေအာင္ျပန္ေျပာျပေပးလိုက္ပါတယ္။

ဘုဏ္းသိုက္က “ ဒီတစ္ေလွ်ာက္လံုးမွာ ၁၁ႏွစ္ကာလတစ္ေလွ်ာက္လံုးမွာေပါ့ေနာ္ ။ ျဖစ္တဲ့အျဖစ္ပ်က္ေတြကအမ်ားႀကီးေပါ့ေနာ္။ေပ်ာ္စရာေတြလည္းအမ်ားႀကီးပဲ ဝမ္းနည္းစရာေတြလည္းအမ်ားႀကီးပဲ ။ ဒါေပမယ့္ေလာေလာဆယ္ျဖတ္ကနဲမွတ္မိလာတဲ့ဟာ သူနဲ႔က်ေနာ္နဲ႔ ေမာ္ဒယ္ဘဝက ရည္းစားဘဝတုန္းက မႏၱေလးမွာ Show သြားေလွ်ာက္ရင္းနဲ႔ ကိုေက်ာ္မသိေအာင္ ဆရာမသိေအာင္ ဟိုတယ္ကခိုးထြက္ၿပီး က်ေနာ့္အသိအစ္ကိုတစ္ေယာက္ကမလိွဳင္မွာ အလွဴတစ္ခုကိုဖိတ္တာနဲ႔က်ေနာ္တို႔သြားတာေပါ့ေနာ္ ။ Light Truck လာႀကိဳေတာ့ အလွဴအတြက္ဝယ္ထားတဲ့ပစၥည္းေတြလည္းပါတယ္။ ကိုယ္ေတြေခါင္းခန္းထဲမွာ ထိုင္လိုက္ၿပီးသြားေတာ့ညႀကီးဗ် ေမွာင္မဲေနတာပဲ ေ႐ွ႕ကိုကားမီးတစ္ထိုးစာပဲျမင္ရတာ အဲ့ဒီလိုသြားေနရင္းတစ္ေနရာက်ေတာ့ ေ႐ွ႕မွာမီးပံုႀကီးျမင္ရတယ္ ။ အဲ့ဒီေဘးမွာလည္း ေယာက္်ားေလးေတြ ေယာက္်ားေလးအရြယ္ေကာင္းတဲ့သူေတြပဲ ခ်ာတိတ္ေတြေရာက်ေနာ္တို႔အရြယ္ေတြေရာ အားလံုးေပါင္းအေယာက္၂၀ေလာက္႐ိွမယ္ အကႌ်ခၽြတ္ေတြေရာ ႐ိွတယ္။ အဲ့ဒီမွာသဲေခ်ာင္း႐ိွတယ္ သဲေခ်ာင္း႐ိွေတာ့ ကားေတြကသြားမရဘူး ။

ေစာေစာကလူေတြကလည္း ပိုက္ဆံေပးရင္တြန္းေပးမယ္။ ကားသမားကလည္းမူးေနေတာ့ တြန္းမေပးနဲ့ပိုက္ဆံမေပးႏိုင္ဘူးနဲ႔ ဟိုဘဲေတြကလည္းတြန္းေပးမယ္ေပါ့ ။တြန္းေပးမေပးရင္သြားလို႔မရဘူး သဲေခ်ာင္းနစ္လိမ့္မယ္။ စကားေတြမ်ားၾကၿပီး က်ေနာ္ကစိတ္ကဘယ္လိုမွမေနဘူး က်ေနာ္မီးပံုကိုလွမ္းျမင္လိုက္ရကတည္းကက်ေနာ့္အက်ႌေလးကိုခၽြတ္ၿပီးသူ႔ကိုအုပ္ေပးထားတယ္ ။ အဲ့ဒီမွာလူေတြကားေပၚဝိုင္းလာေရာ့ အဲ့ဒီအခ်ိန္မွာ လူသံုးေယာက္ ကားေပၚဝုန္းဆိုတတ္လာတယ္။ က်ေနာ္က ငယ္ငယ္တုန္းက ေက်ာင္းသားဘဝမွာ ရန္ျဖစ္ဖူးတာပဲ႐ိွတာ ။ က်န္တာကက်ေနာ္စိတ္ထဲမွာ ဘာမွမ႐ိွဘူး ။ အဲ့ဒီမွာ က်ေနာ္က ကားေပၚမွာပါလာတဲ့ ငွက္ေပ်ာသီးတဖီးကို အေပးကားသမားကလည္း ကားကိုဝန္းဆိုၿပီးအထြက္မွာ လက္ထဲငွက္ေပ်ာသီးေတြျပဳတ္က်သြားေတာ့ က်ေနာ္ကားေနာက္မီးနဲ႔ျမင္လိုက္ရတာက ေစာေစာကျပဳတ္က်သြားတဲ့ငွက္ေပ်ာသီးေတြကို အားလံုးယူစားေနၾကတာျမင္ေတာ့ က်ေနာ္စိတ္ထဲေတာင္မေကာင္းဘူး က်ေနာ္တို႔ျမန္မာလူမ်ိဳးေတြအဲ့ဒီလိုေတြျဖစ္ေနတာျမင္ရေတာ့ စိတ္ထဲမွာ တစ္မ်ိဳးႀကီးပဲ ဘာျဖစ္မွန္းမသိဘူး ။ ဒါေပမယ့္က်ေနာ္လည္းဘာမွလုပ္မေပးႏိုင္ဘူး ။ အဲ့ဒါေလးကေတာ့ မွတ္မွတ္ရရပါပဲ။

ေနာက္တစ္ခုက သမီးကိုကိုယ္ဝန္လြယ္ထားရတဲ့အခ်ိန္တုန္းက ပတၱရားမွာ MTV သြား႐ိုက္ၾကတယ္ ။ ကိုဂ်က္ဆန္ထြန္းရယ္ ၊ က်ေနာ္တို႔ရယ္ ။ ႐ိုက္ၿပီးေတာ့ က်ေနာ္တို႔ Shopping ထြက္ေတာ့ ကိုဂ်က္ဆန္ထြန္းရဲ႕သူငယ္ခ်င္းအဲ့ဒီက ယိုးဒယားမွာအေနၾကာေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ အစ္မတစ္ေယာက္လည္းပါတယ္။ အဲ့ဒီတုန္းက ပတ္တူနန္း လားမသိဘူးသြားေတာ့ သူကကိုယ္ဝန္နဲ႔ဆိုေတာ့ သူ႔ကိုေခါင္းခန္းမွာထားၿပီး ေနာက္မွာက်ေနာ္တို႔ကထိုင္ၿပီး လိုက္သြားေတာ့ ကားေမာင္းတဲ့ တက္ဆီသမားက ေတာက္ေလွ်ာက္ဖုန္းေျပာလာတယ္။ ကားက ဒက္စေတာ့ေတြအုပ္အုပ္ပစ္လိုက္ေတာ့ ကိုယ္ဝန္သည္ကလည္းပါေနေတာ့ က်ေနာ္ကလည္းေျပာခ်င္ေနတာၾကာၿပီ ေတာက္ေလွ်ာက္ဖုန္းေျပာလာတာ မၿပီးေတာ့ ဘူး။ ဒက္စေတာ့အုပ္လိုက္နဲ႔ဖုန္းေျပာလိုက္နဲ႔ လုပ္ၿပီးေတာက္ေလွ်ာက္လုပ္လာတာဆိုေတာ့ နည္းနည္းမ်ားသြားၿပီေလ က်ေနာ္သူ႔ကိုေခၚၿပီးေတာ့ ဒီမွာကိုယ္ဝန္သည္႐ိွတယ္ ကားေမာင္းရင္ဖုန္းေျပာခ်င္ရင္ လမ္းေဘးခဏေလးထိုးရပ္လိုက္ၿပီးရင္ ေအးေဆးေျပာ က်ေနာ္တို႔ေစာင့္ေပးမယ္ အခ်ိန္ရတယ္ ဒီအတိုင္းႀကီးေျပာေနတာ ကိုယ္ဝန္သည္ပါေတာ့ အဆင္မေျပလို႔ဆိုၿပီးေျပာေတာ့။ သူကယိုးဒယားလိုျပန္ေျပာေတာ့ သူကယိုးဒယားလိုနားမလည္ဘူး။ ဒါေပမယ့္သူ႔မ်က္ႏွာကိုၾကည့္လိုက္ရင္ေတာ့သိတယ္ေလ ။ သူက်ေနာ္ေျပာတာကိုသိပ္မႀကိဳက္ဘူးဆိုတာ ။

ၿပီးေတာ့ ထပ္ၿပီးဖုန္းေျပာတယ္ အဲ့ဒီလိုမ်ိဳးခဏခဏ ေျပာေနေတာ့ ပါလာတဲ့အစ္မကဖြန္ေၾကာင္ေနတာတဲ့ သူ႔ေနာက္ေစာ္ဆီဖုန္းေျပာေနတာ ၾကည့္ရတာေတာ္ေတာ္နဲ႔ၿပီးမွာမဟုတ္ဘူးတဲ့ အ႐ွိန္တတ္ေနတာတဲ့ စကားေျပာတာ။ ေျပာလို႔လည္းမရတာနဲ႔ က်ေနာ့္ဖုန္းကိုေကာက္ထုတ္ၿပီး လင္းလင္းသီခ်င္းအက်ယ္ႀကီးက်ေနာ္ေကာက္ဖြင့္လုိက္ၿပီး ဗမာသီခ်င္းႀကီးေကာက္ဖြင့္လိုက္ေတာ့ ။က်ေနာ္လည္းလိုက္ဆို ေအာ္ႀကီးဟစ္က်ယ္လိုက္ဆိုေတာ့ အဲ့ေကာင္က အေနာက္ကိုလွည့္ၿပီး ဖုန္းပိတ္တဲ့ မဟုတ္ဘူးမင္းပိတ္ဆိုေတာ့ သူက This is Thailandဆိုၿပီးေျပာတာနဲ႔ က်ေနာ္လည္းစိတ္ကဘယ္လိုမွမရေတာ့ဘူး အ့ဲတာနဲ႔ ထိုးခ်လိုက္တာ အဲ့ဒီေကာင္ကို ထိုးလည္းထိုးခ်လိုက္ေတာ့ သူကလည္းတင္းသြားၿပီး ကားဆက္ေမာင္းၿပီး လံုးဝအ႐ိွန္နဲ႔ေမာင္းၿပီးေတာ့ လံုးဝဒက္စေတာ့ ကိုအုပ္ပစ္လိုက္တာ က်ေနာ္ကလည္း သူ႔ကိုယ္ထိမွာေၾကာက္ၿပီးေနာက္ကေန သိုင္းဖက္ထား သူကလည္း ကိုယ္ဝန္ကို ထိမွာေၾကာက္ၿပီး ကားဒတ္႐ွ္ဘုတ္မွာလက္ႀကီးနဲ႔တြန္းထားတာ စကၠန္႔ပိုင္းေလးပဲအရမ္းျမန္တယ္ ၿပီးေတာ့ေနာက္ကကားကလည္း က်ေနာ္တို႔ကားကိုဝင္တိုက္တယ္။ အဲ့ဒီအခ်ိန္မွာဘာျဖစ္သြားမွန္းလည္းမသိေတာ့ဘူးက်ေနာ္တို႔ကားလည္း ဓာတ္တိုင္တစ္တိုင္စာေလာက္လြင့္သြားတယ္ ။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

သံယောဇဉ် တစ်ခုဟာ လွယ်လွယ်နဲ့ဖြတ်တောက်လို့မရပါဘူး ။အဲ့ဒီလိုမျိုးထဲမှာမှ နှစ်တွေအကြာကြီးတည်ဆောက်လာရတဲ့ အနှောင်အဖွဲ့တစ်ခုကမေ့ပျောက်ဖို့ဆိုတာမလွယ်ပါဘူး။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကို ပြောပြချင်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကတော့ ဘုဏ်းသိုက်က သူ့ဘဝမှာ မေ့လို့မရနိုင်တဲ့ ချမ်းချမ်းနဲ့ရှိခဲ့တဲ့အမှတ်တရတွေကို Media 9 နဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြန်ပြောပြပေးလိုက်ပါတယ်။

ဘုဏ်းသိုက်က “ ဒီတစ်လျှောက်လုံးမှာ ၁၁နှစ်ကာလတစ်လျှောက်လုံးမှာပေါ့နော် ။ ဖြစ်တဲ့အဖြစ်ပျက်တွေကအများကြီးပေါ့နော်။ပျော်စရာတွေလည်းအများကြီးပဲ ဝမ်းနည်းစရာတွေလည်းအများကြီးပဲ ။ ဒါပေမယ့်လောလောဆယ်ဖြတ်ကနဲမှတ်မိလာတဲ့ဟာ သူနဲ့ကျနော်နဲ့ မော်ဒယ်ဘဝက ရည်းစားဘဝတုန်းက မန္တလေးမှာ Show သွားလျှောက်ရင်းနဲ့ ကိုကျော်မသိအောင် ဆရာမသိအောင် ဟိုတယ်ကခိုးထွက်ပြီး ကျနော့်အသိအစ်ကိုတစ်ယောက်ကမလှိုင်မှာ အလှူတစ်ခုကိုဖိတ်တာနဲ့ကျနော်တို့သွားတာပေါ့နော် ။ Light Truck လာကြိုတော့ အလှူအတွက်ဝယ်ထားတဲ့ပစ္စည်းတွေလည်းပါတယ်။ ကိုယ်တွေခေါင်းခန်းထဲမှာ ထိုင်လိုက်ပြီးသွားတော့ညကြီးဗျ မှောင်မဲနေတာပဲ ရှေ့ကိုကားမီးတစ်ထိုးစာပဲမြင်ရတာ အဲ့ဒီလိုသွားနေရင်းတစ်နေရာကျတော့ ရှေ့မှာမီးပုံကြီးမြင်ရတယ် ။ အဲ့ဒီဘေးမှာလည်း ယောက်ျားလေးတွေ ယောက်ျားလေးအရွယ်ကောင်းတဲ့သူတွေပဲ ချာတိတ်တွေရောကျနော်တို့အရွယ်တွေရော အားလုံးပေါင်းအယောက်၂၀လောက်ရှိမယ် အင်္ကျီချွတ်တွေရော ရှိတယ်။ အဲ့ဒီမှာသဲချောင်းရှိတယ် သဲချောင်းရှိတော့ ကားတွေကသွားမရဘူး ။

စောစောကလူတွေကလည်း ပိုက်ဆံပေးရင်တွန်းပေးမယ်။ ကားသမားကလည်းမူးနေတော့ တွန်းမပေးနဲ့ပိုက်ဆံမပေးနိုင်ဘူးနဲ့ ဟိုဘဲတွေကလည်းတွန်းပေးမယ်ပေါ့ ။တွန်းပေးမပေးရင်သွားလို့မရဘူး သဲချောင်းနစ်လိမ့်မယ်။ စကားတွေများကြပြီး ကျနော်ကစိတ်ကဘယ်လိုမှမနေဘူး ကျနော်မီးပုံကိုလှမ်းမြင်လိုက်ရကတည်းကကျနော့်အင်္ကျီလေးကိုချွတ်ပြီးသူ့ကိုအုပ်ပေးထားတယ် ။ အဲ့ဒီမှာလူတွေကားပေါ်ဝိုင်းလာရော့ အဲ့ဒီအချိန်မှာ လူသုံးယောက် ကားပေါ်ဝုန်းဆိုတတ်လာတယ်။ ကျနော်က ငယ်ငယ်တုန်းက ကျောင်းသားဘဝမှာ ရန်ဖြစ်ဖူးတာပဲရှိတာ ။ ကျန်တာကကျနော်စိတ်ထဲမှာ ဘာမှမရှိဘူး ။ အဲ့ဒီမှာ ကျနော်က ကားပေါ်မှာပါလာတဲ့ ငှက်ပျောသီးတဖီးကို အပေးကားသမားကလည်း ကားကိုဝန်းဆိုပြီးအထွက်မှာ လက်ထဲငှက်ပျောသီးတွေပြုတ်ကျသွားတော့ ကျနော်ကားနောက်မီးနဲ့မြင်လိုက်ရတာက စောစောကပြုတ်ကျသွားတဲ့ငှက်ပျောသီးတွေကို အားလုံးယူစားနေကြတာမြင်တော့ ကျနော်စိတ်ထဲတောင်မကောင်းဘူး ကျနော်တို့မြန်မာလူမျိုးတွေအဲ့ဒီလိုတွေဖြစ်နေတာမြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ ဘာဖြစ်မှန်းမသိဘူး ။ ဒါပေမယ့်ကျနော်လည်းဘာမှလုပ်မပေးနိုင်ဘူး ။ အဲ့ဒါလေးကတော့ မှတ်မှတ်ရရပါပဲ။

နောက်တစ်ခုက သမီးကိုကိုယ်ဝန်လွယ်ထားရတဲ့အချိန်တုန်းက ပတ္တရားမှာ MTV သွားရိုက်ကြတယ် ။ ကိုဂျက်ဆန်ထွန်းရယ် ၊ ကျနော်တို့ရယ် ။ ရိုက်ပြီးတော့ ကျနော်တို့ Shopping ထွက်တော့ ကိုဂျက်ဆန်ထွန်းရဲ့သူငယ်ချင်းအဲ့ဒီက ယိုးဒယားမှာအနေကြာနေတဲ့ အမျိုးသမီးတစ်ယောက် အစ်မတစ်ယောက်လည်းပါတယ်။ အဲ့ဒီတုန်းက ပတ်တူနန်း လားမသိဘူးသွားတော့ သူကကိုယ်ဝန်နဲ့ဆိုတော့ သူ့ကိုခေါင်းခန်းမှာထားပြီး နောက်မှာကျနော်တို့ကထိုင်ပြီး လိုက်သွားတော့ ကားမောင်းတဲ့ တက်ဆီသမားက တောက်လျှောက်ဖုန်းပြောလာတယ်။ ကားက ဒက်စတော့တွေအုပ်အုပ်ပစ်လိုက်တော့ ကိုယ်ဝန်သည်ကလည်းပါနေတော့ ကျနော်ကလည်းပြောချင်နေတာကြာပြီ တောက်လျှောက်ဖုန်းပြောလာတာ မပြီးတော့ ဘူး။ ဒက်စတော့အုပ်လိုက်နဲ့ဖုန်းပြောလိုက်နဲ့ လုပ်ပြီးတောက်လျှောက်လုပ်လာတာဆိုတော့ နည်းနည်းများသွားပြီလေ ကျနော်သူ့ကိုခေါ်ပြီးတော့ ဒီမှာကိုယ်ဝန်သည်ရှိတယ် ကားမောင်းရင်ဖုန်းပြောချင်ရင် လမ်းဘေးခဏလေးထိုးရပ်လိုက်ပြီးရင် အေးဆေးပြော ကျနော်တို့စောင့်ပေးမယ် အချိန်ရတယ် ဒီအတိုင်းကြီးပြောနေတာ ကိုယ်ဝန်သည်ပါတော့ အဆင်မပြေလို့ဆိုပြီးပြောတော့။ သူကယိုးဒယားလိုပြန်ပြောတော့ သူကယိုးဒယားလိုနားမလည်ဘူး။ ဒါပေမယ့်သူ့မျက်နှာကိုကြည့်လိုက်ရင်တော့သိတယ်လေ ။ သူကျနော်ပြောတာကိုသိပ်မကြိုက်ဘူးဆိုတာ ။

ပြီးတော့ ထပ်ပြီးဖုန်းပြောတယ် အဲ့ဒီလိုမျိုးခဏခဏ ပြောနေတော့ ပါလာတဲ့အစ်မကဖွန်ကြောင်နေတာတဲ့ သူ့နောက်စော်ဆီဖုန်းပြောနေတာ ကြည့်ရတာတော်တော်နဲ့ပြီးမှာမဟုတ်ဘူးတဲ့ အရှိန်တတ်နေတာတဲ့ စကားပြောတာ။ ပြောလို့လည်းမရတာနဲ့ ကျနော့်ဖုန်းကိုကောက်ထုတ်ပြီး လင်းလင်းသီချင်းအကျယ်ကြီးကျနော်ကောက်ဖွင့်လိုက်ပြီး ဗမာသီချင်းကြီးကောက်ဖွင့်လိုက်တော့ ။ကျနော်လည်းလိုက်ဆို အော်ကြီးဟစ်ကျယ်လိုက်ဆိုတော့ အဲ့ကောင်က အနောက်ကိုလှည့်ပြီး ဖုန်းပိတ်တဲ့ မဟုတ်ဘူးမင်းပိတ်ဆိုတော့ သူက This is Thailandဆိုပြီးပြောတာနဲ့ ကျနော်လည်းစိတ်ကဘယ်လိုမှမရတော့ဘူး အဲ့တာနဲ့ ထိုးချလိုက်တာ အဲ့ဒီကောင်ကို ထိုးလည်းထိုးချလိုက်တော့ သူကလည်းတင်းသွားပြီး ကားဆက်မောင်းပြီး လုံးဝအရှိန်နဲ့မောင်းပြီးတော့ လုံးဝဒက်စတော့ ကိုအုပ်ပစ်လိုက်တာ ကျနော်ကလည်း သူ့ကိုယ်ထိမှာကြောက်ပြီးနောက်ကနေ သိုင်းဖက်ထား သူကလည်း ကိုယ်ဝန်ကို ထိမှာကြောက်ပြီး ကားဒတ်ရှ်ဘုတ်မှာလက်ကြီးနဲ့တွန်းထားတာ စက္ကန့်ပိုင်းလေးပဲအရမ်းမြန်တယ် ပြီးတော့နောက်ကကားကလည်း ကျနော်တို့ကားကိုဝင်တိုက်တယ်။ အဲ့ဒီအချိန်မှာဘာဖြစ်သွားမှန်းလည်းမသိတော့ဘူးကျနော်တို့ကားလည်း ဓာတ်တိုင်တစ်တိုင်စာလောက်လွင့်သွားတယ် ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။