အလှအပရေးရာ

နောက်​ဆုံး​ပေါ်​ခေတ်​စားလာတဲ့ ကြက်​သီးထဖွယ်​ရာ အလှပြင်​နည်းတစ်​မျိုး





ပီတာဆန်​က​တော့ သူ့ရဲ့ကိုယ်​ပို်​င်​ ဖန်​တီးဆန်းသစ်​မှုအ​ပေါ် လူ​တွေရဲ့တုံ့ပြန်​မှုအား​ကြောင့်​ အ​တော်​​လေး​ကျေနပ်​​နေမှာဖြစ်​သလို တစ်​ဖက်​ကကြည့်​ရင်​​တော့ ငယ်​ရွယ်​​သေးတဲ့ အမျိုးသမီး​တွေအ​နေနဲ့ လိုက်​လံမစမ်းသပ်​ကြည့်​​သင့်​တဲ့ အလှပြင်​နည်းပုံစံမျိုးလည်းဖြစ်​လို့ ထူးဆန်းအံ့သြစရာတစ်​ခုအ​နေနဲ့သာ မျှ​ဝေလိုက်​ရခြင်းပဲဖြစ်​ပါတယ်​။

ZAW (H2H)

လူသားတွေကတော့ ဝသီအတိုင်းပဲ တစ်နေ့နဲ့တစ်နေ့ မရိုးရအောင်ကို အထူးအဆန်းတွေဘက်ရှာဖွေရောက်ရှိနေတတ်လေ့ရှိပါတယ်။ အခုလတ်တလောမှာ လူတွေကြားသိပ်ခေတ်စားလာတဲ့ကိစ္စကတော့ မျက်တောင်ကောက်တဲ့ အလှပြင်နည်းပါ။ ကြက်သီးထစရာကောင်းပါတယ်။

ဒီလိုမျိုး မျက်တောင်ကို အချိန်ကြာကြာပုံသေနေအောင် အခွေ၊ အလိပ်၊ အကောက်လုပ်ထားတဲ့ပုံစံက ဆိုရှယ်မီဒီယာပေါ်မှာ မိတ်ကပ်ပညာရှင် ဆိုဖီပီတာဆန်က အမျိုးသမီးတစ်ဦးရဲ့မျက်လုံးကို ခြယ်သထားမှုကိုပြသခဲ့ရာကနေ အစပြုပြီးရေပန်းစားလာခဲ့တာပါ။

တချို့ကတော့ အော်ဂလီဆန်စရာဖြစ်ပြီး မျက်တောင်တွေခွေရှုပ်နေပုံက မြင်ရတာ ဆီးခုံမွှေးနဲ့တောင်တူတယ်လို့ ရယ်သွမ်းသွေးလှောင်ပြောင်စရာလည်းဖြစ်ခဲ့ပါတယ်။

ဘယ်သူကမှ ပီတာဆန်လို မျက်တောင်အကောက်အလှပြင်နည်းကို မစမ်းသပ်ဖူးတာမို့ အခုလိုအထူးအဆန်းအနေနဲ့ အလုအယက်အံ့သြမင်သက်စရာဖြစ်စေခဲ့တာလည်းအမှန်ပါပဲ။

ပီတာဆန်ကတော့ သူ့ရဲ့ကိုယ်ပိုင် ဖန်တီးဆန်းသစ်မှုအပေါ် လူတွေရဲ့တုံ့ပြန်မှုအားကြောင့် အတော်လေးကျေနပ်နေမှာဖြစ်သလို တစ်ဖက်ကကြည့်ရင်တော့ ငယ်ရွယ်သေးတဲ့ အမျိုးသမီးတွေအနေနဲ့ လိုက်လံမစမ်းသပ်ကြည့်သင့်တဲ့ အလှပြင်နည်းပုံစံမျိုးလည်းဖြစ်လို့ ထူးဆန်းအံ့သြစရာတစ်ခုအနေနဲ့သာ မျှဝေလိုက်ရခြင်းပဲဖြစ်ပါတယ်။

ZAW (H2H)