အႏုပညာသတင္းမ်ား

ေအာင္ရဲလင္းကို crush တယ္ဆိုတဲ့ ပတ္ထရစ္ရွာ

ရွာရွာလို႔ပရိသတ္ေတြခ်စ္စနိုးေခၚၾကတဲ့ ေမာ္ဒယ္မင္းသမီး ပတ္ထရစ္ရွာဟာ အနုပညာေလာကထဲမွာ နာမည္ရလာတာ နွစ္အတန္ၾကာျပီျဖစ္ျပီး က်ရာဇာတ္ရုပ္တိုင္းကိုလည္း ပီျပင္ေအာင္သရုပ္ေဆာင္နုိင္သူပါ။ ခ်စ္ဖို႔ေကာင္းတဲ့အမူအရာေလးေတြနဲ႔ ကုိရီးယားမင္းသမီးေလးလိုေခ်ာတဲ့ ပတ္ထရစ္ရွာကုိ တစ္နုိင္ငံလံုးကပရိသတ္ေတြကလည္း သည္းသည္းလႈပ္ခ်စ္ၾကတယ္ဆိုရင္မမွားပါဘူး။ ရွာရွာက မၾကာေသးမီက MC နဲ႔အင္တာဗ်ဴးမွာ သူနွစ္သက္သေဘာက်တဲ့ အနုပညာရွင္ေတြအေၾကာင္းေျပာျပသြားပါတယ္။

ရွာရွာက မင္းသားေအာင္ရဲလင္းကုိ ေဘးမွာထားျပီး ေအာင္ရဲလင္းကုို crush ရေၾကာင္းကုိ “ညီမက ျမန္မာျပည္မွာဆိုလို႔ရွိရင္ ၾကိဳက္တာနွစ္ေယာက္ပဲရွိတယ္။ ရူးသြပ္တာေပ့ါေနာ္။ ပထမဆံုး crush ျဖစ္မိတာ ကုိေအာင္ရဲလင္း။ မင္းသမီးထဲမွာ မကစ္ေပါ့ေနာ္။ ဝတ္မႈန္ေရႊရည္။ အဲဒီနွစ္ေယာက္ေပါ့ေနာ္။ ဘာလုိ႔လဲဆိုေတာ့ သူတုိ႔ကားေလးေတြကုိ ၾကည့္ရတာ မပ်င္းဘူး။ မင္းသားဆိုတာ သရုပ္ေဆာင္ေကာင္းေနရံုနဲ႔လည္းမျပီးဘူး။ ကိုေအာင္ရဲလင္းဆိုရင္ဖက္ရွင္ေတြလည္းအျမဲထြင္တယ္။ သူ႔ဖက္ရွင္ကုိသေဘာက်တယ္။ မင္းသားတစ္ေယာက္နဲ႔ကုိက္ညီတဲ့ အဂၤါရပ္ေတြသူ႔မွာအမ်ားၾကီးရွိတယ္။ သူမ်ားနိုင္ငံက မင္းသားေတြနဲ႔လည္းယွဥ္လုိ႔ရတယ္။ ထုိင္းတို႔ဘာတို႔ဆိုရင္လည္း မင္းသားေတြ Body အရမ္းမုိက္တယ္။ ကုိေအာင္ရဲလင္းဆိုလည္း Body အရမ္းမိုက္တယ္။ ဝတ္တတ္စားတတ္။ အရပ္အေမာင္းလည္းေကာင္းတယ္။ သူ႔ကုိအဲဒါေတြေၾကာင့္သေဘာက်တာ”လို႔ ေျဖၾကားသြားျပီး ေအာင္ရဲလင္းကေတာ့ ေဘးကေနျပံဳးျပီးၾကည့္ေနတာေတြ႕ရပါတယ္။

ေအာင္ရဲလင္းက ေဝဖန္မႈေတြနဲ႔ပတ္သက္ျပီး တံု႔ျပန္ပံုုကို “ပရိသတ္ဆိုတာကေတာ့ လူဆယ္ေယာက္မွာ ကုိယ့္ကုိဆယ္ေယာက္လံုးလည္းၾကိဳက္ခ်င္မွၾကိဳက္မယ္။ သံုးေယာက္ပဲလည္းၾကိဳက္ခ်င္မွၾကိဳက္မယ္။ က်န္တဲ့လူေတြအျပစ္တင္တာကုိသြားျပီး ခံစားေနဖို႔ထက္ ကြ်န္ေတာ္ခံယူတာက အျပစ္တင္တဲ့လူေတြၾကိဳက္လာေအာင္ ဘယ္ေလာက္ထပ္ၾကိဳးစားမလဲဆိုတာကုိပဲ ကြ်န္ေတာ္ပုိျပီး ခံယူပါတယ္။ ဒါေၾကာင့္ ကြ်န္ေတာ့္ကုိ ပရိသတ္ေတြက ၾကည့္မရဘူး။ ဘယ္လိုပဲေျပာလည္း ကြ်န္ေတာ္ သူတို႔တစ္ေန႔ၾကည့္ရလာေအာင္ ကြ်န္ေတာ္လုပ္တာေတြကုိုလက္ခံလာေအာင္ ကြ်န္ေတာ္လုပ္တာေတြ အရာထင္လာေအာင္ ဘယ္လိုိပုိျပီးၾကိဳးစားမလဲပဲ ေတြးပါတယ္”လို႔ ေျဖၾကားသြားပါတယ္။

ပတ္ထရစ္ရွာကေတာ့ Facebook account ျပန္သံုးျဖစ္ခဲ့ပံုုကို “ကုိယ့္ကုိေကာင္းေစခ်င္တဲ့လူေတြအကုန္လံုးက ျပန္သံုးေစခ်င္ၾကတယ္။ ျမန္မာနုိ္င္ငံမွာ က page ကုိ ပရိသတ္ေတြက သိပ္စိတ္ဝင္စားမႈမရွိဘူးေပါ့ေနာ္။ Account ကုိပဲအားေပးၾကတာ။ account ကပံုေတြကုိပဲ ပုိျပီးေတာ့ရင္းနွီးသလုိခံစားၾကတာဆိုုေတာ့ အဲ့လုိမ်ိဳးနဲ႔ တိုက္တြန္းတဲ့လူေတြက ပုိျပီးေတာ့မ်ားလာေတာ့ ညီမလည္း facebook account ကုိျပန္သံုးျဖစ္တာေပ့ါ”လို႔ ေျဖၾကားထားပါတယ္။

Facebook မွာ ေဝဖန္တဲ့လူေတြေၾကာင့္ အရင္ကေလာက္ comment ေတြလိုက္မဖတ္ျဖစ္ေတာ့ဘူးလို႔လည္း ရွာရွာက “အရင္ဆုိုရင္ခံစားေနတယ္။အခုေတာ့ အဲဒီလူတစ္ေယာက္ ဘယ္နွစ္ခါေျပာလဲၾကည့္လုိက္တယ္။ ေျပာတာမ်ားလာျပီ ထိန္းမရေတာ့ဘူးဆိုရင္လည္း ဘေလာ့လိုက္တယ္။ ဘာမွျပန္မေျပာေတာ့ဘူး။ အဲ့လုိမေျပာမိေအာင္္လည္း စိတ္မဆိုးမိေအာင္လည္း အရင္ကေလာက္ comment ေတြကုိုမဖတ္ေတာ့ဘူး။ ပရိသတ္ေတြကုိခြင့္လႊတ္ပါလို႔ေျပာခ်င္တယ္။ အရင္ကဆို လိုက္ၾကည့္တယ္။ဖတ္တယ္္။တစ္ခုခ်င္းစီ reply လုပ္တယ္။ ဒါေပမယ့္ လိုက္ၾကည့္ေနရင္ ကုိယ့္ကုိဆဲေနတာေတြ ေတြ႕ရင္ ကုိယ္က ျပန္ေျပာမိမွာေလ။ အဲ့ေတာ့မဖတ္ေတာ့ဘူး”လို႔ ရယ္ေမာရင္း ေျဖၾကားသြားတာလည္းေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေအာင္ရဲလင္းနဲ႔ ပတ္ထရစ္ရွာကုိခ်စ္ၾကလား။သူတို႔နွစ္ေယာက္ရဲ႕ေရွ႕ေလ်ွာက္အနုပညာလႈပ္ရွားမႈေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

ရှာရှာလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မော်ဒယ်မင်းသမီး ပတ်ထရစ်ရှာဟာ အနုပညာလောကထဲမှာ နာမည်ရလာတာ နှစ်အတန်ကြာပြီဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်သူပါ။ ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေနဲ့ ကိုရီးယားမင်းသမီးလေးလိုချောတဲ့ ပတ်ထရစ်ရှာကို တစ်နိုင်ငံလုံးကပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ကြတယ်ဆိုရင်မမှားပါဘူး။ ရှာရှာက မကြာသေးမီက MC နဲ့အင်တာဗျူးမှာ သူနှစ်သက်သဘောကျတဲ့ အနုပညာရှင်တွေအကြောင်းပြောပြသွားပါတယ်။

ရှာရှာက မင်းသားအောင်ရဲလင်းကို ဘေးမှာထားပြီး အောင်ရဲလင်းကို crush ရကြောင်းကို “ညီမက မြန်မာပြည်မှာဆိုလို့ရှိရင် ကြိုက်တာနှစ်ယောက်ပဲရှိတယ်။ ရူးသွပ်တာပေ့ါနော်။ ပထမဆုံး crush ဖြစ်မိတာ ကိုအောင်ရဲလင်း။ မင်းသမီးထဲမှာ မကစ်ပေါ့နော်။ ဝတ်မှုန်ရွှေရည်။ အဲဒီနှစ်ယောက်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကားလေးတွေကို ကြည့်ရတာ မပျင်းဘူး။ မင်းသားဆိုတာ သရုပ်ဆောင်ကောင်းနေရုံနဲ့လည်းမပြီးဘူး။ ကိုအောင်ရဲလင်းဆိုရင်ဖက်ရှင်တွေလည်းအမြဲထွင်တယ်။ သူ့ဖက်ရှင်ကိုသဘောကျတယ်။ မင်းသားတစ်ယောက်နဲ့ကိုက်ညီတဲ့ အင်္ဂါရပ်တွေသူ့မှာအများကြီးရှိတယ်။ သူများနိုင်ငံက မင်းသားတွေနဲ့လည်းယှဉ်လို့ရတယ်။ ထိုင်းတို့ဘာတို့ဆိုရင်လည်း မင်းသားတွေ Body အရမ်းမိုက်တယ်။ ကိုအောင်ရဲလင်းဆိုလည်း Body အရမ်းမိုက်တယ်။ ဝတ်တတ်စားတတ်။ အရပ်အမောင်းလည်းကောင်းတယ်။ သူ့ကိုအဲဒါတွေကြောင့်သဘောကျတာ”လို့ ဖြေကြားသွားပြီး အောင်ရဲလင်းကတော့ ဘေးကနေပြုံးပြီးကြည့်နေတာတွေ့ရပါတယ်။

အောင်ရဲလင်းက ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပုံကို “ပရိသတ်ဆိုတာကတော့ လူဆယ်ယောက်မှာ ကိုယ့်ကိုဆယ်ယောက်လုံးလည်းကြိုက်ချင်မှကြိုက်မယ်။ သုံးယောက်ပဲလည်းကြိုက်ချင်မှကြိုက်မယ်။ ကျန်တဲ့လူတွေအပြစ်တင်တာကိုသွားပြီး ခံစားနေဖို့ထက် ကျွန်တော်ခံယူတာက အပြစ်တင်တဲ့လူတွေကြိုက်လာအောင် ဘယ်လောက်ထပ်ကြိုးစားမလဲဆိုတာကိုပဲ ကျွန်တော်ပိုပြီး ခံယူပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ပရိသတ်တွေက ကြည့်မရဘူး။ ဘယ်လိုပဲပြောလည်း ကျွန်တော် သူတို့တစ်နေ့ကြည့်ရလာအောင် ကျွန်တော်လုပ်တာတွေကိုလက်ခံလာအောင် ကျွန်တော်လုပ်တာတွေ အရာထင်လာအောင် ဘယ်လိုပိုပြီးကြိုးစားမလဲပဲ တွေးပါတယ်”လို့ ဖြေကြားသွားပါတယ်။

ပတ်ထရစ်ရှာကတော့ Facebook account ပြန်သုံးဖြစ်ခဲ့ပုံကို “ကိုယ့်ကိုကောင်းစေချင်တဲ့လူတွေအကုန်လုံးက ပြန်သုံးစေချင်ကြတယ်။ မြန်မာနိုင်ငံမှာ က page ကို ပရိသတ်တွေက သိပ်စိတ်ဝင်စားမှုမရှိဘူးပေါ့နော်။ Account ကိုပဲအားပေးကြတာ။ account ကပုံတွေကိုပဲ ပိုပြီးတော့ရင်းနှီးသလိုခံစားကြတာဆိုတော့ အဲ့လိုမျိုးနဲ့ တိုက်တွန်းတဲ့လူတွေက ပိုပြီးတော့များလာတော့ ညီမလည်း facebook account ကိုပြန်သုံးဖြစ်တာပေ့ါ”လို့ ဖြေကြားထားပါတယ်။

Facebook မှာ ဝေဖန်တဲ့လူတွေကြောင့် အရင်ကလောက် comment တွေလိုက်မဖတ်ဖြစ်တော့ဘူးလို့လည်း ရှာရှာက “အရင်ဆိုရင်ခံစားနေတယ်။အခုတော့ အဲဒီလူတစ်ယောက် ဘယ်နှစ်ခါပြောလဲကြည့်လိုက်တယ်။ ပြောတာများလာပြီ ထိန်းမရတော့ဘူးဆိုရင်လည်း ဘလော့လိုက်တယ်။ ဘာမှပြန်မပြောတော့ဘူး။ အဲ့လိုမပြောမိအောင်လည်း စိတ်မဆိုးမိအောင်လည်း အရင်ကလောက် comment တွေကိုမဖတ်တော့ဘူး။ ပရိသတ်တွေကိုခွင့်လွှတ်ပါလို့ပြောချင်တယ်။ အရင်ကဆို လိုက်ကြည့်တယ်။ဖတ်တယ်။တစ်ခုချင်းစီ reply လုပ်တယ်။ ဒါပေမယ့် လိုက်ကြည့်နေရင် ကိုယ့်ကိုဆဲနေတာတွေ တွေ့ရင် ကိုယ်က ပြန်ပြောမိမှာလေ။ အဲ့တော့မဖတ်တော့ဘူး”လို့ ရယ်မောရင်း ဖြေကြားသွားတာလည်းတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အောင်ရဲလင်းနဲ့ ပတ်ထရစ်ရှာကိုချစ်ကြလား။သူတို့နှစ်ယောက်ရဲ့ရှေ့လျှောက်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say