အနုပညာသတင်းများ

ထိပ်ထားသခင်လေးကို သူအသေးစားလေးလို့ထင်မိတယ်လို့ပြောတဲ့ ဖွေးဖွေး




အောင်မြင်မှုတွေကို ဆက်တိုက်ယူထားနိုင်ပြီး တစ်ခေတ်တစ်ယောက်ထွန်းပေါက်လေ့ရှိတဲ့ မြန်မာ့ရုပ်ရှင်လောကအတွက် ဒီဘက်ခေတ်ရဲ့ပြယုဂ်လို့တောင်တင်စားလို့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ဘယ်လိုနေနေ ချစ်စရာကောင်းတဲ့ သူတစ်ယောက်ပါ။ သူ့ကိုတော့ အရွယ်သုံးပါး ယောက်ျား မိန်းမမရွေးကြိုက်ကြနှစ်သက်ကြတာကိုလည်းအထူးပြောစရာလိုမယ် မထင်ပါဘူး ။ ဘာဖြစ်လို့လဲလို့မေးလာရင်တော့သူက ဖွေးဖွေးဖြစ်နေလို့ပဲဖြေရပါ့မယ်။သူရဲ့အနုပညာအရည်အသွေး ပြည့်မီမှုတွေကို ပရိတ်သတ်တွေကို သက်သေပြခဲ့တာလည်း ဘယ်သူမှ ယုံမှားသံသယဖြစ်စရာတောင်မရှိပါဘူး ။

အက်ဆီးဒန့်တစ်ခုကြောင့်လက်မှာ ဒဏ်ရာရသွားပြီး ကာလတစ်ခုကြာနားနေခဲ့ရတဲ့ ဖွေးဖွေးကတော့ အခု ပရိသတ်တွေရဲ့ရှေ့ကိုပြန်ရောက်လာပါပြီ အခုသူနဲ့The Radar နဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ ဖွေးဖွေးက “ဖွေးကလည်း2019ကဖွေးအတွက်restတဲ့နှစ်လို့ပြောရမယ်။ ဖွေးကားအက်စီးဒင့်ဖြစ်တော့ဇွန်လကစပြီးတော့ဖွေး ပွဲတွေလဲပြန်တက်မယ်ဓာတ်ပုံတွေလဲရိုက်မယ်ကြေငြာတွေလဲပြန်ရိုက်မယ် ။ရုပ်ရှင်ကားတွေတော့ခဏနားထားတယ် အားလုံးလဲစိတ်ပူပေးကြလို့ကျေးဇူးတင်ပါတယ် ခုဝိတ်လျော့နေပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ပြီး ထိပ်ထားသခင်လေးကိုမြင်ရင်သူစိတ်မှာဖြစ်လာတတ်တဲ့ခံစားချက်ကလေးကိုလည်း “သူ့ကိုကြည့်နေရင်နဲ့အံ့အားသင့်တယ်။ ငါသေးသေးလေးပါလားလို့ ခုတော့ထိန်းပီးတော့ကစားနေပါတယ်လို့ အပြင်မထွက်ဖြစ်တာကြာပီဆိုတော့လေ”ဆိုပြီးပြောပြသွားတယ်။ ပရိသတ်ကြီးရော ထိပ်ထားလေး က တကယ့်ဖွေးစိန်အသေးလေးနဲ့တူမတူကို ဘယ်လိုမြင်လဲပြောပြပေးသွားကြပါ့ဦးနော် ။