အနုပညာသတင်းများ

ဘာဝတ်ဝတ် Fashionကျနေတယ် ဆိုတဲ့ စည်သူ(ပလက်ကျွတ်)




Facebook ဆယ်လီလဲဖြစ် သရုပ်ဆောင်ကောင်းတဲ့ ပရိသတ်တွေအရမ်းချစ်ကြရသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ စူပါဟီးရိုးဝတ်စုံတွေကိုအရူးအမူးဝတ်ဆင်သူတစ်ယောက်လည်းဖြစ်တဲ့ စည်သူပလပ်ကျွတ်ပါ။ သူရဲ့ဇာတ်လမ်းတွေကလည်း သူများတွေနဲ့မတူဘဲကွဲပြားနေတာကိုလည်း သိရှိပြီးသားဖြစ်မှာပါ။ သူနဲ့Myanmar Celebrity ရဲ့အင်တာဗျူးမှာပြောပြသွားတဲ့အကြောင်းကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင် ပြန်ပြောပြေပေးလိုက်ပါတယ်။

စည်သူပလပ်ကျွတ်က “ကျွန်တော်ကရိုးသားတယ်ပွင့်လင်းတဲ့အတွက်ဒီအင်္ကျီလေးကမော်ဒယ်ဘွိုင်းပိုင်တံခွန်လက်ဆောင်ပေးတာပါအဲ့ဒါလေးကိုအမှတ်တရဖြစ်အောင်ဝတ်လာတာပါကျွန်တော်ကလိုက်မယ်ထင်လို့ဝတ်လိုက်တာကျွန်တော့်ဘာသာကျွန်တော်ဖက်ရှင်ကျနေရောပေါ့ဒါကတော့ပြောနေကျကျွန်တော်ရဲ့ကုသိုလ်ကံလေးပေါ့ဗျာအခုလဲကျွန်တော်တက်လာတော့အင်္ကျိကိုကြည့်တာလားကျွန်တော့်ကိုကြည့်တာလာတော့မသိဘူးဗျာအောက်မှာပီတိပေါ့ဘာပဲဖစ်ဖြစ်ဖြစ်ကြည့်ခံစေချင်လို့ဝတ်တာလေအဲ့ဒါမဟုတ်ရင်ပုဆိုးလေးနဲ့ပဲလာမှာပေါ့ဗျာဘာပဲဖြစ်ဖြစ်ကြညိ့စေချင်လို့ဝတ်တာလေပျော်တာပေါ့ဗျာ။အတိုအပြတ်လက်ရှည်မှမဟုတ်ဘူးအင်္ကျိဒီဇိုင်းဆိုအကုန်ကိုကြိုက်တာ ဘေထုပ်ပဲဝတ်ဝတ်ဈေးကြီးတာပဲဝတ်ဝတ်သူများလက်ဆောင်ပေးတာပဲဝတ်ဝတ်ကျွန်တော့်အပေါ်ရောက်ရင်ကိုဖက်ရှင်ကျနေတာအဲ့ဒါကတော့ကျွန်တော့်အသိုင်းအဝန်းကစီနီယာတွေကအစသဘောကျကျတယ်ကျွန်တော်ကိုယ်တိုင်ကဖက်ရှင်ကျနေတဲ့ကုသိုလ်လေးပါနေတာပေါ့ဗျာ။ပိုင်တံခွန်ကသဘောကောင်းတယ်Respectရှိတယ်ညီလေးလဲအများကြီးအောင်မြင်ပါစေလို့မိဘကိုလုပ်ကျွေးနေတဲ့ညီလေးပါ။

ပွဲတွေလဲတက်ဖူးတယ်ရုပ်ရှင်ဇတ်ကားလဲတူတူရိုက်ဖူးတယ် ဟိုတလောကမြစ်ကြီးနားဖားကန့်ပွဲလေးကျွန်တော်မိတ်ဆက်ပေးတာအဲ့ဒါဒီအင်္ကျီလေးလဲလက်ဆောင်ပေးတယ်သူရတဲ့အနုပညာကြေးထဲကလဲကန်တော့တယ်ဘာသာရေးလုပ်တာ သူ့ကိုကျွန်တော်ကဖုန်း ဆက်တဲ့အချိန်သူကဘုရားစာရွတ်နေပြီးကျွန်တော့်ကိုသူဖုန်းဆက် သီချင်းမဆိုခင်အဲ့ဒါလေးသွားတူတယ်ပြီးတော့သူတစ်ပါးကိုမကောင်းမပြောဘူးမကောင်းမကြံဘူး သူပြောတယ်ကိုစည်သူတဲ့သူတပါးကိုလက်ညှိုးထိုးရင်ကိုယ့်ကိုပြန်ထိုးမယ်သူ့ကိုဆဲရင်သူကပြန်ဆဲမယ်ဘာမှအဓိပ္ပါယ်မရှိဘူးမေတ္တာပဲပို့လိုက်မယ်တဲ့ဒီညီလေးလဲအောင်မြင်မှာပါကျွန်တော်ရဲရဲကြီးပြောရဲတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။