အႏုပညာသတင္းမ်ား

အျပင္ထြက္လည္ရလို႔ေပ်ာ္ေနတဲ့ ယြန္းဝတီလြင္မိုးရဲ႕သားေလး လီယမ္

ယြန္းဝတီလြင္မိုးနဲ႔ ထက္ဦးလိႈင္တို႔ရဲ႕ သားေလး Liam (ခ) လြင္္ထက္ဟာ အခုဆိုရင္ တစ္နွစ္ျပည့္ဖို႔လပုိင္းသာလိုေတာ့တာျဖစ္ျပီး ေမြးခါစကတည္းက လြင္မိုးနဲ႔တစ္ေထရာတည္း ခြ်ပ္စြပ္တူတဲ့ကေလးေလးက တျဖည္းျဖည္းနဲ႔တစ္စတစ္စတကယ့္ကုိ လြင္မိုးငယ္ရုပ္ကေလးအတိုင္းပဲ ခ်စ္ဖို႔ေကာင္းစြာၾကီးျပင္းလာခဲ့တာပါ။ ယြန္းဝတီလြင္မိုးနဲ႔ခင္ပြန္းျဖစ္သူကေတာ့ ေလာေလာဆယ္မွာ Australia နုိင္ငံ Melbourne ျမိဳ႕မွာ ေက်ာင္းသြားတက္ေနတာျဖစ္လို႔ သားေလးလြင္ထက္ကုိ အဖိုးအဖြားေတြနဲ႔ ထားခဲ့ရတာျဖစ္ပါတယ္။

ယြန္းဝတီလြင္မိ္ုးက သားေလးကုိ ထားခဲ့ရမွာမို႔ ေက်ာင္းသြားတက္ျပီးျပန္လာတဲ့အခါ သားေလးက အေမကိုေမ့သြားမွာစိမ္းသြားမွာစုိးရိမ္ေနတယ္လို႔လည္း အင္တာဗ်ဴးေတြမွာေျဖခဲ့ဖူးသလုိ နိုင္ငံျခားေရာက္သြားေတာ့လည္း သားေလးကုိ အျမဲလြမ္းတဲ့ ပုိ႔စ္ေလးေတြလူမႈကြန္ယက္ေပၚမွာတင္ေနတာေတြ႕ရပါတယ္။ ယြန္းဝတီေလးက ေက်ာင္းသြားျပန္တက္ခါစအခ်ိန္တုန္းက သားေလးကုိ အရမ္းလြမ္းတဲ့အေၾကာင္းေလးနဲ႔ဘယ္ေလာက္ခ်စ္တယ္ဆိုတဲ့အေၾကာင္း စာေလးေတြကုိ Instagram မွာ ေရးထားခဲ့ပါေသးတယ္။

အခုေတာ့ တစ္နွစ္ျပည့္ဖို႔ လပိုင္းေလာက္သာလိုေတာ့တဲ့ လြင္ထက္ကေလးက ခ်စ္ဖို႔ေကာင္းစြာၾကီးျပင္းလာျပီျဖစ္သလုိ စကားေတြဝူးဝူးဝါးဝါးလည္းေျပာတတ္ေနျပီး အဖိုးအဖြားေတြရဲ႕ေစာင့္ေရွာက္မႈေအာက္မွာ ေပ်ာ္ရႊင္ေနတဲ့လြင္ထက္ေလးက တစ္ေန႔တစ္ျခား ပိုုပိုျပီးေခ်ာေမာစြာၾကီးျပင္းလာခဲ့ပါျပီ။ မၾကာေသးမီကပဲ လြင္ထက္ေလးရဲ႕ အျပင္ထြက္လည္ျပီးေပ်ာ္ေနတဲ့ video ေလးက ပရိသတ္ေတြၾကားပ်ံ႕နွံ႕လာခဲ့ျပီး ပရိသတ္ေတြက သည္းသည္းလႈပ္ခ်စ္ေနၾကတာေတြ႕ရပါတယ္။ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္လြင္ထက္ေလးရဲ႕ video ေလးကုိေဖာ္ျပေပးလုိက္ပါတယ္။

ယြန္းဝတီလြင္မိုးရဲ႕သားေလးအျပင္ထြက္လည္ေနတဲ့ လီလီကစ္တုတ္ေလး က အရမ္းခ်စ္ဖို႕ေကာင္းတာပဲေနာ္…..Fashion Magazine Myanmar#VideoCredit_to_YoonWadiLwinMoeBigsFans’ Facebook

Posted by Fashion Magazine Myanmar on Thursday, 6 June 2019

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ လြင္ထက္ေလးကုိခ်စ္ၾကလား။ လြင္ထက္ေလးၾကီးလာလို႔ မင္းသားလုပ္ရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

ယွန်းဝတီလွင်မိုးနဲ့ ထက်ဦးလှိုင်တို့ရဲ့ သားလေး Liam (ခ) လွင်ထက်ဟာ အခုဆိုရင် တစ်နှစ်ပြည့်ဖို့လပိုင်းသာလိုတော့တာဖြစ်ပြီး မွေးခါစကတည်းက လွင်မိုးနဲ့တစ်ထေရာတည်း ချွပ်စွပ်တူတဲ့ကလေးလေးက တဖြည်းဖြည်းနဲ့တစ်စတစ်စတကယ့်ကို လွင်မိုးငယ်ရုပ်ကလေးအတိုင်းပဲ ချစ်ဖို့ကောင်းစွာကြီးပြင်းလာခဲ့တာပါ။ ယွန်းဝတီလွင်မိုးနဲ့ခင်ပွန်းဖြစ်သူကတော့ လောလောဆယ်မှာ Australia နိုင်ငံ Melbourne မြို့မှာ ကျောင်းသွားတက်နေတာဖြစ်လို့ သားလေးလွင်ထက်ကို အဖိုးအဖွားတွေနဲ့ ထားခဲ့ရတာဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးက သားလေးကို ထားခဲ့ရမှာမို့ ကျောင်းသွားတက်ပြီးပြန်လာတဲ့အခါ သားလေးက အမေကိုမေ့သွားမှာစိမ်းသွားမှာစိုးရိမ်နေတယ်လို့လည်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးသလို နိုင်ငံခြားရောက်သွားတော့လည်း သားလေးကို အမြဲလွမ်းတဲ့ ပို့စ်လေးတွေလူမှုကွန်ယက်ပေါ်မှာတင်နေတာတွေ့ရပါတယ်။ ယွန်းဝတီလေးက ကျောင်းသွားပြန်တက်ခါစအချိန်တုန်းက သားလေးကို အရမ်းလွမ်းတဲ့အကြောင်းလေးနဲ့ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း စာလေးတွေကို Instagram မှာ ရေးထားခဲ့ပါသေးတယ်။

အခုတော့ တစ်နှစ်ပြည့်ဖို့ လပိုင်းလောက်သာလိုတော့တဲ့ လွင်ထက်ကလေးက ချစ်ဖို့ကောင်းစွာကြီးပြင်းလာပြီဖြစ်သလို စကားတွေဝူးဝူးဝါးဝါးလည်းပြောတတ်နေပြီး အဖိုးအဖွားတွေရဲ့စောင့်ရှောက်မှုအောက်မှာ ပျော်ရွှင်နေတဲ့လွင်ထက်လေးက တစ်နေ့တစ်ခြား ပိုပိုပြီးချောမောစွာကြီးပြင်းလာခဲ့ပါပြီ။ မကြာသေးမီကပဲ လွင်ထက်လေးရဲ့ အပြင်ထွက်လည်ပြီးပျော်နေတဲ့ video လေးက ပရိသတ်တွေကြားပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေကြတာတွေ့ရပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်လွင်ထက်လေးရဲ့ video လေးကိုဖော်ပြပေးလိုက်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့သားလေးအပြင်ထွက်လည်နေတဲ့ လီလီကစ်တုတ်လေး က အရမ်းချစ်ဖို့ကောင်းတာပဲနော်…..Fashion Magazine Myanmar#VideoCredit_to_YoonWadiLwinMoeBigsFans’ Facebook

Posted by Fashion Magazine Myanmar on Thursday, 6 June 2019

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လွင်ထက်လေးကိုချစ်ကြလား။ လွင်ထက်လေးကြီးလာလို့ မင်းသားလုပ်ရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say