အႏုပညာသတင္းမ်ား

အသံၾကိဳးေရာင္လို႔ အလုပ္ခဏနားရမယ္ဆုိတဲ့ အဆိုေတာ္ ပိုးမီ

Myanmar Idol မွာ သားငယ္ ၊ ရဲေနာင္ ၊ မိုင္းမိုင္ဆိုင္းတို႔နဲ႔အတူ တက္လွမ္းလာသူက အဆိုေတာ္ ပိုးမီ ျဖစ္ပါတယ္။ မိဘကို ရွာေကၽြးေနတဲ့ သမီးအလိမၼာ ျဖစ္လို႔ ျပိဳင္ပြဲမွာ ပရိသတ္ေတြေမတၱာနဲ႔ save လုပ္ျခင္း ခံခဲ့ရသူပါ။ လက္ရွိအခ်ိန္မွာ သီခ်င္းအသစ္ေတြ ထြက္ရွိဖို႔ ၾကိဳးစားေနျပီး နယ္ပြဲေတြ မ်ားစြာ သီဆိုေနတဲ့ ပိုးမီက အသံၾကိဳး ေရာင္လို႔ အလုပ္ေတြ ခဏနားမယ္လို႔ သိရပါတယ္။ စိုးရိမ္ရတဲ့ အေျခအေန ဟုတ္ မဟုတ္ ဆိုတာကိုေတာ့ ပိုးမီက ခုလို ေျပာျပသြားပါတယ္။

“အရင္တစ္ေခါက္က ျဖစ္ဖူးတယ္။ ဆရာဝန္ ေျပာတာကေတာ့ အသံၾကိဳး ေရာင္တာေပါ့။ လည္ေခ်ာင္းနာတယ္။ ရာသီဥတု အေျပာင္းအလဲေၾကာင့္ ျဖစ္တာ ထင္ေနတာဆိုေတာ့ မဟုတ္ဘူးတဲ့။ အသံကို သံုးပါမ်ားလို႔ အသံၾကိဳးေရာင္တာ။ အသံအိုးနဲ႔ အာေခါင္နဲ႔ သြားတဲ့ေနရာမွာ အသံၾကိဳး ႏွစ္ေခ်ာင္း ရွိပါတယ္။ အဲ့ဒီ တြဲထားတဲ့ ၾကိဳးက ေရာင္တာေပါ့။ အဲ့ၾကိဳးေတြသာ တစ္ခုခု ျဖစ္သြားရင္ အသံမထြက္တာေတြ ျဖစ္သြားႏိုင္တယ္ဆိုေတာ့ စိုးရိမ္ရတယ္ေပါ့။ ဒီထက္ပိုဆိုးသြားရင္ ခြဲစိတ္မႈေတြ လုပ္ရတာေတြ အသံၾကိဳးကို ျခစ္ထုတ္ရတာေတြ ရွိတယ္။ သစ္ပင္ေတြမွာ အသားမာ တက္သလို ျဖစ္သြားရင္ ျပန္ျခစ္ထုတ္ရတဲ့ အခါမ်ိဳးေတြ ရွိတယ္ဆိုေတာ့ အခုကေတာ့ အဲ့လို အေျခအေနမျဖစ္ေအာင္ တစ္လ ၊ တစ္လခြဲေလာက္ေတာ့ နားရမယ္။” လို႔ ဆိုပါတယ္။

ပထမတစ္ေခါက္ျဖစ္ဖူးေပမဲ့ ဒုတိယအၾကိမ္မွာ ေၾကာက္သြားေၾကာင္းလည္း ပုိးမီက ခုလို ေျပာျပပါတယ္။

“ပထမတစ္ေခါက္ျဖစ္ကတည္းက ဆရာဝန္ၾကီးက အသားက်ေအာင္ နားေစခ်င္တာ။ ဒါေပမဲ့ ပြင့္လင္းရာသီျဖစ္တယ္ ၊ ပြဲေတြလည္း ေတာက္ေလွ်ာက္သြားေနရတယ္ ဆိုေတာ့ ဆရာဝန္ၾကီး ေပးတဲ့ေဆးေတြကို ပံုမွန္ေသာက္ျဖစ္ေပမဲ့ မနားျဖစ္တဲ့အတြက္ ဆရာဝန္ၾကီးကိုလည္း အားနာပါတယ္။ ကိုယ့္ဝါသနာအရ စီးပြားရွာရတာဆိုေတာ့ ပြဲေလးေတြ လာတဲ့အခ်ိန္မွာ လက္မလႊတ္ႏိုင္ဘူးေပါ့ေနာ္။ အခု ဒုတိယအၾကိမ္ ျပန္ျဖစ္ေတာ့ ပိုးမီလည္း ေၾကာက္သြားတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

အဆိုေတာ္ေတြမွာ အသံက အေရးၾကီးတာျဖစ္လို႔ အသံၾကိဳးေရာင္သြားတာက ဒီ့ထက္ပို မစိုးရိမ္ရဖို႔ပဲ ေမွ်ာ္လင့္ရပါတယ္။

Myanmar Idol မှာ သားငယ် ၊ ရဲနောင် ၊ မိုင်းမိုင်ဆိုင်းတို့နဲ့အတူ တက်လှမ်းလာသူက အဆိုတော် ပိုးမီ ဖြစ်ပါတယ်။ မိဘကို ရှာကျွေးနေတဲ့ သမီးအလိမ္မာ ဖြစ်လို့ ပြိုင်ပွဲမှာ ပရိသတ်တွေမေတ္တာနဲ့ save လုပ်ခြင်း ခံခဲ့ရသူပါ။ လက်ရှိအချိန်မှာ သီချင်းအသစ်တွေ ထွက်ရှိဖို့ ကြိုးစားနေပြီး နယ်ပွဲတွေ များစွာ သီဆိုနေတဲ့ ပိုးမီက အသံကြိုး ရောင်လို့ အလုပ်တွေ ခဏနားမယ်လို့ သိရပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေ ဟုတ် မဟုတ် ဆိုတာကိုတော့ ပိုးမီက ခုလို ပြောပြသွားပါတယ်။

“အရင်တစ်ခေါက်က ဖြစ်ဖူးတယ်။ ဆရာဝန် ပြောတာကတော့ အသံကြိုး ရောင်တာပေါ့။ လည်ချောင်းနာတယ်။ ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်တာ ထင်နေတာဆိုတော့ မဟုတ်ဘူးတဲ့။ အသံကို သုံးပါများလို့ အသံကြိုးရောင်တာ။ အသံအိုးနဲ့ အာခေါင်နဲ့ သွားတဲ့နေရာမှာ အသံကြိုး နှစ်ချောင်း ရှိပါတယ်။ အဲ့ဒီ တွဲထားတဲ့ ကြိုးက ရောင်တာပေါ့။ အဲ့ကြိုးတွေသာ တစ်ခုခု ဖြစ်သွားရင် အသံမထွက်တာတွေ ဖြစ်သွားနိုင်တယ်ဆိုတော့ စိုးရိမ်ရတယ်ပေါ့။ ဒီထက်ပိုဆိုးသွားရင် ခွဲစိတ်မှုတွေ လုပ်ရတာတွေ အသံကြိုးကို ခြစ်ထုတ်ရတာတွေ ရှိတယ်။ သစ်ပင်တွေမှာ အသားမာ တက်သလို ဖြစ်သွားရင် ပြန်ခြစ်ထုတ်ရတဲ့ အခါမျိုးတွေ ရှိတယ်ဆိုတော့ အခုကတော့ အဲ့လို အခြေအနေမဖြစ်အောင် တစ်လ ၊ တစ်လခွဲလောက်တော့ နားရမယ်။” လို့ ဆိုပါတယ်။

ပထမတစ်ခေါက်ဖြစ်ဖူးပေမဲ့ ဒုတိယအကြိမ်မှာ ကြောက်သွားကြောင်းလည်း ပိုးမီက ခုလို ပြောပြပါတယ်။

“ပထမတစ်ခေါက်ဖြစ်ကတည်းက ဆရာဝန်ကြီးက အသားကျအောင် နားစေချင်တာ။ ဒါပေမဲ့ ပွင့်လင်းရာသီဖြစ်တယ် ၊ ပွဲတွေလည်း တောက်လျှောက်သွားနေရတယ် ဆိုတော့ ဆရာဝန်ကြီး ပေးတဲ့ဆေးတွေကို ပုံမှန်သောက်ဖြစ်ပေမဲ့ မနားဖြစ်တဲ့အတွက် ဆရာဝန်ကြီးကိုလည်း အားနာပါတယ်။ ကိုယ့်ဝါသနာအရ စီးပွားရှာရတာဆိုတော့ ပွဲလေးတွေ လာတဲ့အချိန်မှာ လက်မလွှတ်နိုင်ဘူးပေါ့နော်။ အခု ဒုတိယအကြိမ် ပြန်ဖြစ်တော့ ပိုးမီလည်း ကြောက်သွားတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အဆိုတော်တွေမှာ အသံက အရေးကြီးတာဖြစ်လို့ အသံကြိုးရောင်သွားတာက ဒီ့ထက်ပို မစိုးရိမ်ရဖို့ပဲ မျှော်လင့်ရပါတယ်။