အႏုပညာသတင္းမ်ား

ခ်စ္သူေတြၾကားမွာ နားလည္မႈက ပိုအေရးၾကီးတယ္ ဆိုတဲ့ ေနျခည္ဦး

Beauty blogger လည္းျဖစ္ သရုပ္ေဆာင္လည္း ပိုင္ႏိုင္တဲ့ ေနျခည္ဦးကိုေတာ့ ဧည့္သည္ ရုပ္ရွင္ကားၾကီးမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ခ်စ္သူက စည္းေဖာက္သြားမွာကို စိုးရိမ္ေနတဲ့ ေကာင္မေလး အျဖစ္ သရုပ္ေဆာင္ထားတဲ့ ေနျခည္က အျပင္လက္ေတြ႕မွာေတာ့ ခ်စ္သူနဲ႔ ေပ်ာ္ရႊင္လို႔ ေနပါတယ္။ ႏွစ္ဦးၾကား နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ LDRS အခ်စ္ေရးကိုေတာ့ ေနျခည္က ခုလို ေျပာျပသြားပါတယ္။

“တစ္ခ်ိဳ႕ကက်ေတာ့ ေနာက္ေကာင္ေလး ၊ ေကာင္မေလးနဲ႔ ရည္းစားရသြားမွ ေဖာက္ျပန္မွ စည္းေဖာက္တယ္လို႔ ထင္တယ္။ တကယ္ေတာ့ စည္းဆိုတာ ကိုျဖိဳး ေျပာတဲ့ စကားအတိုင္း မ်က္စိ အၾကည့္ေလးတစ္ခ်က္ ရင္ထဲမွာ တစ္ခ်က္ေလး ရင္ခုန္လိုက္တာနဲ႔ စည္းေဖာက္တယ္ေပါ့ေလ။ ကိုယ္ကုိယ္တိုင္ကလည္း လူငယ္ျဖစ္ေတာ့ စည္းေတြဘာေတြ ဆိုတာထက္ နားလည္မႈက ပိုအေရးၾကီးတယ္ ထင္တယ္။ ေနာက္ေကာင္မေလးနဲ႔ အျပင္မွာေတြ႕လို႔ ဖုန္းခိုးေျပာလို႔ ဆိုတာမ်ိဳးေတြက အေၾကာင္းျပခ်က္မွ မဟုတ္တာ။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္ရင္ ဒီလိုမ်ိဳး ျဖစ္စရာ မလိုဘူး။ ကိုယ့္ရည္းစားကသာ ေပ်ာ္မယ္ဆိုရင္ နားလည္ေပးႏိုင္တဲ့ အေၾကာင္းရင္းေတြ အမ်ားၾကီး ရွိတယ္။ သူေပ်ာ္ဖို႔အတြက္ ကိုယ္က နားလည္ေပးလိုက္ရင္ rs က ပိုတည္ျမဲလာမယ္ ထင္တယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

မႏၱေလးက ထြက္သမွ်ကို ပို႔ေပးေနတဲ့ ခ်စ္သူေလးအေၾကာင္းလည္း ေနျခည္က ခုလို အမႊန္းတင္သြားပါတယ္။

“သူက ရႈတင္ေတြဆိုရင္ မေနတတ္ေတာ့ မလိုက္ဘူးေပါ့ေနာ္။ အဲ့ေတာ့ ေနျခည္က ရုပ္ရွင္ရိုက္ေနတာ ႏွစ္ပတ္ သံုးပတ္ေလာက္ ရွိျပီဆိုေတာ့ ေနျခည္တို႔ မေတြ႔တာလည္း ၾကာျပီဆိုေတာ့ အဲ့ဒါေၾကာင့္ ေနျခည္ ေနမေကာင္းလို႔ ဆန္ျပဳတ္ကို သူပို႔ေပးတာပါ။ မႏၱေလးက ထြက္သမွ် ပုရစ္ေၾကာ္ဆိုလည္း သူပို႔ေပးတယ္။” လို႔ ဆိုပါတယ္။

သရုပ္ေဆာင္လုပ္ရမလား beauty blogger လုပ္ရမလား ေဝခြဲမရ ျဖစ္ေနတဲ့ အေၾကာင္းလည္း ေနျခည္ဦးက ခုလို ေျပာပါတယ္။

“ေနျခည့္ကို စတက္ကတည္းက beauty blogger ၊ social influencer လို႔ ျမင္တဲ့ ပရိသတ္ေတြ ရွိတယ္။ ဒါကို ၾကိဳက္တဲ့ ပရိသတ္ေတြ ရွိတယ္။ ေနျခည္ ရုပ္ရွင္ရိုက္တဲ့အခ်ိန္မွာ သရုပ္ေဆာင္ အေနနဲ႔ အားေပးတဲ့ ပရိသတ္ေတြ ရွိတယ္ဆိုေတာ့ အခု ျပသနာက ကိုယ့္ကိုယ္ကိုယ္ Blogger အေနနဲ႔ လုပ္ရမလား၊ cele အေနနဲ႔ လုပ္ရမလား မသိေတာ့ဘူး။ အဲ့ ႏွစ္ခုမွာ ေတာ္ေတာ္ေလးကို ဗ်ာမ်ားေနတာ။ ဘာဆက္လုပ္ရမလည္း မသိေတာ့ဘူး။” ဆိုျပီး ေျပာျပသြားပါတယ္။

Beauty blogger လည်းဖြစ် သရုပ်ဆောင်လည်း ပိုင်နိုင်တဲ့ နေခြည်ဦးကိုတော့ ဧည့်သည် ရုပ်ရှင်ကားကြီးမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ချစ်သူက စည်းဖောက်သွားမှာကို စိုးရိမ်နေတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ထားတဲ့ နေခြည်က အပြင်လက်တွေ့မှာတော့ ချစ်သူနဲ့ ပျော်ရွှင်လို့ နေပါတယ်။ နှစ်ဦးကြား နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ LDRS အချစ်ရေးကိုတော့ နေခြည်က ခုလို ပြောပြသွားပါတယ်။

“တစ်ချို့ကကျတော့ နောက်ကောင်လေး ၊ ကောင်မလေးနဲ့ ရည်းစားရသွားမှ ဖောက်ပြန်မှ စည်းဖောက်တယ်လို့ ထင်တယ်။ တကယ်တော့ စည်းဆိုတာ ကိုဖြိုး ပြောတဲ့ စကားအတိုင်း မျက်စိ အကြည့်လေးတစ်ချက် ရင်ထဲမှာ တစ်ချက်လေး ရင်ခုန်လိုက်တာနဲ့ စည်းဖောက်တယ်ပေါ့လေ။ ကိုယ်ကိုယ်တိုင်ကလည်း လူငယ်ဖြစ်တော့ စည်းတွေဘာတွေ ဆိုတာထက် နားလည်မှုက ပိုအရေးကြီးတယ် ထင်တယ်။ နောက်ကောင်မလေးနဲ့ အပြင်မှာတွေ့လို့ ဖုန်းခိုးပြောလို့ ဆိုတာမျိုးတွေက အကြောင်းပြချက်မှ မဟုတ်တာ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်ရင် ဒီလိုမျိုး ဖြစ်စရာ မလိုဘူး။ ကိုယ့်ရည်းစားကသာ ပျော်မယ်ဆိုရင် နားလည်ပေးနိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိတယ်။ သူပျော်ဖို့အတွက် ကိုယ်က နားလည်ပေးလိုက်ရင် rs က ပိုတည်မြဲလာမယ် ထင်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

မန္တလေးက ထွက်သမျှကို ပို့ပေးနေတဲ့ ချစ်သူလေးအကြောင်းလည်း နေခြည်က ခုလို အမွှန်းတင်သွားပါတယ်။

“သူက ရှုတင်တွေဆိုရင် မနေတတ်တော့ မလိုက်ဘူးပေါ့နော်။ အဲ့တော့ နေခြည်က ရုပ်ရှင်ရိုက်နေတာ နှစ်ပတ် သုံးပတ်လောက် ရှိပြီဆိုတော့ နေခြည်တို့ မတွေ့တာလည်း ကြာပြီဆိုတော့ အဲ့ဒါကြောင့် နေခြည် နေမကောင်းလို့ ဆန်ပြုတ်ကို သူပို့ပေးတာပါ။ မန္တလေးက ထွက်သမျှ ပုရစ်ကြော်ဆိုလည်း သူပို့ပေးတယ်။” လို့ ဆိုပါတယ်။

သရုပ်ဆောင်လုပ်ရမလား beauty blogger လုပ်ရမလား ဝေခွဲမရ ဖြစ်နေတဲ့ အကြောင်းလည်း နေခြည်ဦးက ခုလို ပြောပါတယ်။

“နေခြည့်ကို စတက်ကတည်းက beauty blogger ၊ social influencer လို့ မြင်တဲ့ ပရိသတ်တွေ ရှိတယ်။ ဒါကို ကြိုက်တဲ့ ပရိသတ်တွေ ရှိတယ်။ နေခြည် ရုပ်ရှင်ရိုက်တဲ့အချိန်မှာ သရုပ်ဆောင် အနေနဲ့ အားပေးတဲ့ ပရိသတ်တွေ ရှိတယ်ဆိုတော့ အခု ပြသနာက ကိုယ့်ကိုယ်ကိုယ် Blogger အနေနဲ့ လုပ်ရမလား၊ cele အနေနဲ့ လုပ်ရမလား မသိတော့ဘူး။ အဲ့ နှစ်ခုမှာ တော်တော်လေးကို ဗျာများနေတာ။ ဘာဆက်လုပ်ရမလည်း မသိတော့ဘူး။” ဆိုပြီး ပြောပြသွားပါတယ်။