အႏုပညာသတင္းမ်ား

ခင္ပြန္းနဲ႔သားကိုေသေလာက္ေအာင္ခ်စ္တယ္ဆိုတဲ့ ဆုပန္ထြာ

မိဘနဲ႔သားသမီးဆိုတာ အျပန္အလွန္သင္ယူမႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ သံေယာဇဥ္ဆက္ထံုးေလးတစ္ခုပါပဲ ။မိဘတစ္ေယာက္ရဲ႕စိတ္ဓာတ္ေတြဟာ သားသမီးေတြဆီမွာ ကပ္ပါလာခဲ့သလို အက်င့္စ႐ိုက္နဲ႔ ေနထိုင္ပံု စံေတြကလည္း တူေနတတ္ပါတယ္။ အခုေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီးကိုေျပာျပေပးခ်င္တဲ့အေၾကာင္းရာေလးကေတာ့ အေဖနဲ႔တူလြန္းတဲ့သားေလးအေပၚ ခ်စ္စိတ္ေတြေဝေနတဲ့ဆုပန္ထြာရဲ႕ စေတးတပ္ေလးတစ္ခုပဲျဖစ္ပါတယ္။

ဆုပန္ထြာက သူ႔အေကာင့္မွာ ၿပီးခဲ့တဲ့ ၆ရက္ေန႔က “ဖေအနဲ႔တစ္ပံုစံတည္း၊တေထရာတည္းတူေနတတ္တဲ့သား။သူ႔ဒယ္ဒယ္က သူမေမြးခင္ကတည္းက ကိုယ္နဲ႔ခဏမ်ားခြဲရၿပီဆို မိန္းမအိန္းက်ႌေလး ယူယူၿပီးကိုင္ကိုင္အိပ္တတ္တာ သူ႔အေဖအက်င့္၊ သားေမြးလာေတာ့လည္း သားနဲ႔ခဏခြဲရၿပီဆို သူ႔သားအိန္းက်ႌ ခရီးသြားရင္ ယူယူလာၿပီး ကိုင္ကိုင္အိပ္တာအက်င့္။အခု သူ႔ဒယ္ဒယ္က ကိုယ္ခရီးသြားေတာ့ သူ႔သားကိုယ့္အိန္းက်ႌေလးကိုင္ၿပီးအိပ္တယ္တဲ့ Viber ကေနပို႔လာတယ္။ကိုယ္ မ်က္ရည္ေလးေတာင္ဝိုင္းသြားတယ္။ “သားေလးရယ္” မာမား ခ်စ္တယ္ေနာ္ သူ႔ဒယ္ဒယ္အက်င့္ေလးနဲ႔တူလို႔ ပိုခ်စ္ရပါတယ္။ဒီလိုလုပ္ရမယ္သူဘယ္လိုသိလည္းမသိ။ သူ႔ဒယ္ဒယ္ေတာင္အံ့ၾသလို႔။ဒီသားအဖ ကိုယ့္ကိုခ်စ္တတ္လာေအာင္၊ၾကင္နာတတ္လာေအာင္၊ ေႏြးေထြးတဲ့ေမတၱာေတြနဲ႔ သိပ္လုပ္တဲ့သားအဖ။ ခ်စ္တယ္ ဒယ္ဒယ္နဲ႔သားရယ္။ မိသားစုဆိုတဲ့ေႏြးေထြးတဲ့ေအးခ်မ္းတဲ့ေမတၱာတရားေလးနဲ႔ေနခြင့္ေပးတဲ့ ဒယ္ဒယ္နဲ႔သားကို “ေသေလာက္ေအာင္ခ်စ္တယ္”ဆိုၿပီးေရးတင္ထားခဲ့ပါတယ္။

ဆုပန္ထြာရဲ႕သားေလးအေပၚခ်စ္တဲ့အခ်စ္ေတြဟာ သူရဲ႕စေတးတပ္ေလးကိုဖတ္မိသူေတြေတာင္မ်က္ရည္လည္ေလာက္ေအာင္စြဲေဆာင္ၿပီး အခ်စ္ေတြကူးလူးေစခဲ့ပါတယ္။ သားေလးအေပၚခ်စ္တဲ့ဆုပန္ထြာရဲ႕အခ်စ္ေတြကိုဘယ္လိုျမင္လဲဆိုတဲ့ မိတ္ေဆြတို႔ရဲ႔အျမင္ေတြကိုလည္းျပန္လည္မွ်ေဝေပးသြားၾကပါဦးခင္ဗ်ာ ။

မိဘနဲ့သားသမီးဆိုတာ အပြန်အလှန်သင်ယူမှုတွေနဲ့ပြည့်နှက်နေတဲ့ သံယောဇဉ်ဆက်ထုံးလေးတစ်ခုပါပဲ ။မိဘတစ်ယောက်ရဲ့စိတ်ဓာတ်တွေဟာ သားသမီးတွေဆီမှာ ကပ်ပါလာခဲ့သလို အကျင့်စရိုက်နဲ့ နေထိုင်ပုံ စံတွေကလည်း တူနေတတ်ပါတယ်။ အခုပြောချင်လွန်းလို့ ပရိသတ်ကြီးကိုပြောပြပေးချင်တဲ့အကြောင်းရာလေးကတော့ အဖေနဲ့တူလွန်းတဲ့သားလေးအပေါ် ချစ်စိတ်တွေဝေနေတဲ့ဆုပန်ထွာရဲ့ စတေးတပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဆုပန်ထွာက သူ့အကောင့်မှာ ပြီးခဲ့တဲ့ ၆ရက်နေ့က “ဖအေနဲ့တစ်ပုံစံတည်း၊တထေရာတည်းတူနေတတ်တဲ့သား။သူ့ဒယ်ဒယ်က သူမမွေးခင်ကတည်းက ကိုယ်နဲ့ခဏများခွဲရပြီဆို မိန်းမအိန်းင်္ကျီလေး ယူယူပြီးကိုင်ကိုင်အိပ်တတ်တာ သူ့အဖေအကျင့်၊ သားမွေးလာတော့လည်း သားနဲ့ခဏခွဲရပြီဆို သူ့သားအိန်းင်္ကျီ ခရီးသွားရင် ယူယူလာပြီး ကိုင်ကိုင်အိပ်တာအကျင့်။အခု သူ့ဒယ်ဒယ်က ကိုယ်ခရီးသွားတော့ သူ့သားကိုယ့်အိန်းင်္ကျီလေးကိုင်ပြီးအိပ်တယ်တဲ့ Viber ကနေပို့လာတယ်။ကိုယ် မျက်ရည်လေးတောင်ဝိုင်းသွားတယ်။ “သားလေးရယ်” မာမား ချစ်တယ်နော် သူ့ဒယ်ဒယ်အကျင့်လေးနဲ့တူလို့ ပိုချစ်ရပါတယ်။ဒီလိုလုပ်ရမယ်သူဘယ်လိုသိလည်းမသိ။ သူ့ဒယ်ဒယ်တောင်အံ့သြလို့။ဒီသားအဖ ကိုယ့်ကိုချစ်တတ်လာအောင်၊ကြင်နာတတ်လာအောင်၊ နွေးထွေးတဲ့မေတ္တာတွေနဲ့ သိပ်လုပ်တဲ့သားအဖ။ ချစ်တယ် ဒယ်ဒယ်နဲ့သားရယ်။ မိသားစုဆိုတဲ့နွေးထွေးတဲ့အေးချမ်းတဲ့မေတ္တာတရားလေးနဲ့နေခွင့်ပေးတဲ့ ဒယ်ဒယ်နဲ့သားကို “သေလောက်အောင်ချစ်တယ်”ဆိုပြီးရေးတင်ထားခဲ့ပါတယ်။

ဆုပန်ထွာရဲ့သားလေးအပေါ်ချစ်တဲ့အချစ်တွေဟာ သူရဲ့စတေးတပ်လေးကိုဖတ်မိသူတွေတောင်မျက်ရည်လည်လောက်အောင်စွဲဆောင်ပြီး အချစ်တွေကူးလူးစေခဲ့ပါတယ်။ သားလေးအပေါ်ချစ်တဲ့ဆုပန်ထွာရဲ့အချစ်တွေကိုဘယ်လိုမြင်လဲဆိုတဲ့ မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းပြန်လည်မျှဝေပေးသွားကြပါဦးခင်ဗျာ ။