အႏုပညာသတင္းမ်ား

စပြန္ဆာလုံးဝမယူဘူးလုိ႔ ေျပာလာတဲ့ သွ်ားထြဋ္အိျႏၵာ

ဆြဲေဆာင္မႈ႐ွိတဲ့ မ်က္ႏွာ႐ွိၿပီး ေယာက္်ားေလး ပရိသတ္ေတြရဲ႕ အဓိက အားေပးခ်င္းကုိ ခံေနရတဲ့ အလွမယ္ သွ်ားထြဋ္အိျႏၵာကေတာ့ အလွမယ္တစ္ေယာက္ျဖစ္ေနေပမယ့္ စပြန္ဆာလုံးဝ မယူဘူးဆုိၿပီး Cele Yatkwat နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

စပြန္ဆာ လုံးဝမယူဘူးဆုိတာနဲ့ပတ္သက္ျပီး သွ်ားထြဋ္အိျႏၵာက “ဒါကေတာ့ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ပါပဲ။ သ်ွားအဲ့ဒီမွာေျဖခဲ့သလိုပါပဲ။ သ်ွားဘယ္သူ႔ကိုမွလဲတိုက္ခိုက္လိုစိတ္မ႐ွိဘူး။ အဓိကကေတာ့ သ်ွားကိုယ္သ်ွားပဲေျပာတာ။ သ်ွားကိုယ္သ်ွားသည္ ဒီလိုမ်ိဴးေတြလုပ္ရတာအဆင္မေျပဘူး။ သ်ွားအတြက္လိပ္ျပာမလံုဘူး။ ၿပီးေတာ့ သ်ွားကိုယ့္မိဘကိုေတာင္မွ ေက်းဇူးဆပ္လို႔မကုန္ေသးတာ အဲ့ဒီအတြက္ကိုထပ္ၿပီးေတာ့ ေက်းဇူးလဲမဆပ္ႏိုင္ဘူး။ ေက်းဇူးလဲအတင္မခံႏိုင္ဘူး ေအာက္က်လဲမခံႏိုင္ဘူး။ အဲ့အတြက္ေၾကာင့္မို႔လို႔ သ်ွားအဲ့ဒီလိုကိစၥေတြနဲ႔ေဝးေဝးေနတာပါ။”လုိ႔ေျပာသြားခဲ့ပါတယ္။

စပြန္ဆာ ဘာေၾကာင့္မယူတာလဲလုိ႔ ေမးျမန္းရာ “မိဘကလဲသ်ွားဒီအရြယ္အထိသူမ်ားေပးစာကမ္းစာနဲ႔ မ႐ွင္သန္ရေအာင္လို႔ သ်ွားကိုထားတယ္။ သ်ွားကိုယ္တိုင္ကလဲ မ႐ွိလဲဘာမွမျဖစ္ဘူး။ ႐ွိလဲဘာမွမျဖစ္ဘူး။ ကိုယ့္စိတ္နဲ႔ပဲဆိုင္တာေပါ့။ တခ်ိဳ႕ေတြက်ေတာ့လဲ ဒီေလာကထဲမွာရပ္တည္ရတာခက္ခဲတာမ်ိဴးေတြ႐ွိတယ္ အဲ့လိုမ်ိဳးက်ေတာ့ တခ်ိဳ႕ေတြကလဲ ဘဝရပ္တည္မႈေၾကာင့္ တခ်ိဳ႕က်ေတာ့လဲ မိသားစုေၾကာင့္ အဲ့လိုမ်ိဳးအေၾကာင္းအမ်ိဴးမ်ိဳးေတြ႐ွိတာေပါ့။ ဒါေပမယ့္ သ်ွားကေတာ့ အဲ့ဒီအေၾကာင္းအရာေတြေၾကာင့္လဲမထားဘူး လိုအပ္လာရင္လဲမထားဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

လုိခ်င္တဲ့ဟာေတြမ်ားေနရင္ စိတ္ေျပာင္းသြားတာမ်ိဳးေရာ ႐ွိလားလုိ႔ ေမးျမန္းရာ”တစ္ခါတစ္ေလက်ရင္ သ်ွားတို႔လဲ တန္ဖိုးႀကီးပစၥည္းတစ္ခုကိုသံုးၿပီးသြားတဲ့အခါက်ရင္ အဲ့ဒီဟာအေပၚမွာပဲ စြဲလမ္းသြားတာေလ။ ဘာျဖစ္​လို႔လဲဆိုေတာ့ တန္ဖိုးခ်င္းေတြကလဲကြာတယ္ quality ေတြကလဲကြာတယ္အခါက်ေတာ့ အဲ့ဒီဟာေတြအေပၚမွာ နည္းနည္းေလးမက္ေမာသြားတာမ်ိဳးေတြ႐ွိတာေပါ့။ ကိုယ့္စိတ္ကိုယ္လဲထိန္းခ်ဳပ္ႏိုင္ဖို႔လိုတာေပါ့။ ကိုယ့္ဘဝကဘာလဲ ကိုယ္ဘယ္ေလာက္႐ွာႏိုင္လဲ အဲ့လိုမ်ိဴ းေပါ့။ အရင္တုန္းကဆိုရင္ေတာ့ သ်ွားေလ ပိုက္ဆံေတြဘာေတြဆိုအရမ္းကပ္စီးနည္းတယ္ မသံုးခ်င္ဘူး ႏွေျမာတာေပါ့ေနာ္။ ဒါေပမယ့္ ေသခ်ာျပန္တြက္လိုက္တဲ့အခါက်ေတာ့ အဲ့ပိုက္ဆံေတြဘယ္ေရာက္သြားလဲဆိုေတာ့လဲဘာမွမယ္မယ္ရရမ႐ွိဘူး။အဲ့တာနဲ႔ေနာက္ပိုင္းက်ေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ တန္ဖိုးႀကီး ပစၥည္းတစ္ခုကိုဝယ္ခ်လိုက္ေတာ့တယ္။ ဝယ္ခ်ၿပီးတဲ့အခါက်ရင္ ကိုယ့္ဟာကိုယ္ေရာင့္ရဲတင္းတိမ္ေနလိုက္တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆွဲဆောင်မှုရှိတဲ့ မျက်နှာရှိပြီး ယောက်ျားလေး ပရိသတ်တွေရဲ့ အဓိက အားပေးချင်းကို ခံနေရတဲ့ အလှမယ် သျှားထွဋ်အိန္ဒြာကတော့ အလှမယ်တစ်ယောက်ဖြစ်နေပေမယ့် စပွန်ဆာလုံးဝ မယူဘူးဆိုပြီး Cele Yatkwat နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

စပွန်ဆာ လုံးဝမယူဘူးဆိုတာနဲ့ပတ်သက်ပြီး သျှားထွဋ်အိန္ဒြာက “ဒါကတော့ ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ။ သျှားအဲ့ဒီမှာဖြေခဲ့သလိုပါပဲ။ သျှားဘယ်သူ့ကိုမှလဲတိုက်ခိုက်လိုစိတ်မရှိဘူး။ အဓိကကတော့ သျှားကိုယ်သျှားပဲပြောတာ။ သျှားကိုယ်သျှားသည် ဒီလိုမျိူးတွေလုပ်ရတာအဆင်မပြေဘူး။ သျှားအတွက်လိပ်ပြာမလုံဘူး။ ပြီးတော့ သျှားကိုယ့်မိဘကိုတောင်မှ ကျေးဇူးဆပ်လို့မကုန်သေးတာ အဲ့ဒီအတွက်ကိုထပ်ပြီးတော့ ကျေးဇူးလဲမဆပ်နိုင်ဘူး။ ကျေးဇူးလဲအတင်မခံနိုင်ဘူး အောက်ကျလဲမခံနိုင်ဘူး။ အဲ့အတွက်ကြောင့်မို့လို့ သျှားအဲ့ဒီလိုကိစ္စတွေနဲ့ဝေးဝေးနေတာပါ။”လို့ပြောသွားခဲ့ပါတယ်။

စပွန်ဆာ ဘာကြောင့်မယူတာလဲလို့ မေးမြန်းရာ “မိဘကလဲသျှားဒီအရွယ်အထိသူများပေးစာကမ်းစာနဲ့ မရှင်သန်ရအောင်လို့ သျှားကိုထားတယ်။ သျှားကိုယ်တိုင်ကလဲ မရှိလဲဘာမှမဖြစ်ဘူး။ ရှိလဲဘာမှမဖြစ်ဘူး။ ကိုယ့်စိတ်နဲ့ပဲဆိုင်တာပေါ့။ တချို့တွေကျတော့လဲ ဒီလောကထဲမှာရပ်တည်ရတာခက်ခဲတာမျိူးတွေရှိတယ် အဲ့လိုမျိုးကျတော့ တချို့တွေကလဲ ဘဝရပ်တည်မှုကြောင့် တချို့ကျတော့လဲ မိသားစုကြောင့် အဲ့လိုမျိုးအကြောင်းအမျိူးမျိုးတွေရှိတာပေါ့။ ဒါပေမယ့် သျှားကတော့ အဲ့ဒီအကြောင်းအရာတွေကြောင့်လဲမထားဘူး လိုအပ်လာရင်လဲမထားဘူး။”လို့ ပြောသွားခဲ့ပါတယ်။

လိုချင်တဲ့ဟာတွေများနေရင် စိတ်ပြောင်းသွားတာမျိုးရော ရှိလားလို့ မေးမြန်းရာ”တစ်ခါတစ်လေကျရင် သျှားတို့လဲ တန်ဖိုးကြီးပစ္စည်းတစ်ခုကိုသုံးပြီးသွားတဲ့အခါကျရင် အဲ့ဒီဟာအပေါ်မှာပဲ စွဲလမ်းသွားတာလေ။ ဘာဖြစ်လို့လဲဆိုတော့ တန်ဖိုးချင်းတွေကလဲကွာတယ် quality တွေကလဲကွာတယ်အခါကျတော့ အဲ့ဒီဟာတွေအပေါ်မှာ နည်းနည်းလေးမက်မောသွားတာမျိုးတွေရှိတာပေါ့။ ကိုယ့်စိတ်ကိုယ်လဲထိန်းချုပ်နိုင်ဖို့လိုတာပေါ့။ ကိုယ့်ဘဝကဘာလဲ ကိုယ်ဘယ်လောက်ရှာနိုင်လဲ အဲ့လိုမျိူ းပေါ့။ အရင်တုန်းကဆိုရင်တော့ သျှားလေ ပိုက်ဆံတွေဘာတွေဆိုအရမ်းကပ်စီးနည်းတယ် မသုံးချင်ဘူး နှမြောတာပေါ့နော်။ ဒါပေမယ့် သေချာပြန်တွက်လိုက်တဲ့အခါကျတော့ အဲ့ပိုက်ဆံတွေဘယ်ရောက်သွားလဲဆိုတော့လဲဘာမှမယ်မယ်ရရမရှိဘူး။အဲ့တာနဲ့နောက်ပိုင်းကျတော့ ကိုယ့်ဟာနဲ့ကိုယ် တန်ဖိုးကြီး ပစ္စည်းတစ်ခုကိုဝယ်ချလိုက်တော့တယ်။ ဝယ်ချပြီးတဲ့အခါကျရင် ကိုယ့်ဟာကိုယ်ရောင့်ရဲတင်းတိမ်နေလိုက်တယ်။”လို့ ပြောသွားခဲ့ပါတယ်။