အႏုပညာသတင္းမ်ား

အရမ္းရြံစရာေကာင္းတဲ့ ေစာ္ၾကီးမျဖစ္ခ်င္ဘူးဆိုတဲ့ ဆိုဖီယာ

Myanmar Idol ျပိဳင္ပြဲေတြကေန တဆင့္ ပရိသတ္ေတြလူသိမ်ားလာတဲ့ အဆိုေတာ္ ဆိုဖီယာ ကေတာ့ လက္ရွိမွာေအာင္ျမင္တဲ့ အဆိုေတာ္ တေယာက္ ျဖစ္ေနပါျပီ။ ဆိုဖီယာကေတာ့ ပရိသတ္ေတြ ရင္ထဲကိုေရာက္ႏိုင္တဲ့ သီခ်င္းေလးေတြကိုလည္း သီဆိုထားျပီး သူ႔သီခ်င္းေလးေတြကိုေတာ့ ပရိသတ္ေတြက အားေပးၾကပါတယ္။ လက္ရွိမွာလည္း ဆိုဖီယာအေနနဲ႔ MTV အသစ္တပုဒ္ ထြက္ထားပါေသးတယ္။ ျပီးေတာ့ သူ႔ရဲ့ ဝတ္စားဆင္ယင္မႈနဲ႔ ဆက္ဆီ အေပၚခံယူခ်က္ကို ေျပာၾကားသြားခဲ့ပါတယ္။

အဆိုေတာ္ ဆိုဖီယာကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာေတာ့ “ဆိုဖီကေတာ့ အဲ့လိုအထာက်ေနတာကိုပဲ ၾကိဳက္တာပါ။ အမွန္တိုင္းေျပာရရင္ ဆက္ဆီ ကိုေတာ့ အဲ့ေလာက္ၾကီး မၾကိဳက္ပါဘူး။ ဆက္ဆီဖက္ေတာ့ မသြားခ်င္ဘူး။ ေဂၚတာမ်ိဳးေပါ့။ ဆက္ဆီ ဆိုေပမယ့္လည္း ၾကည့္လိုက္တာနဲ႔ ရြံစရာေကာင္းေနတာေတာ့ မျဖစ္ခ်င္ဘူး။ ဆက္ဆီ ေတာ့က်ပါတယ္။ အရမ္းရြံစရာေကာင္းေနတဲ့ ေစာ္ၾကီးေတာ့ မျဖစ္ခ်င္ဘူး။ ကိုယ္ကုိယ္တိုင္ကလည္း ဆက္ဆီ က်ေလာက္ေအာင္လွလားေပါ့။ ကိုယ့္ကိုကုိယ္လည္း အဲ့လိုျပန္စဥ္းစားတယ္။ ဆိုဖီယာဆို ပိန္တယ္။ အျပင္မွာဆို ေသးေသးေလးပဲ။ ခုဆုိ GYM ေဆ့ာေနတယ္။ ဒီႏွစ္ကုန္မွာလည္း သီခ်င္းေခြ ထြက္ဖို႕ရွိေနတယ္။ အဲ့အခါက်ရင္ MTV ေတြမွာ အမိုက္စား ခႏၶာကိုယ္ျဖစ္ဖို႔ ေဆာ့ေနတာပါ”

“ဆိုဖီကေတာ့ FreeStyle ပဲဆိုျဖစ္တာမ်ားပါတယ္။ လြတ္လြတ္လပ္လပ္ ဝတ္ထားတာ မ်ားပါတယ္။ ဆက္ဆီ က်တာေတြေတာ့ သိပ္မဝတ္ျဖစ္ပါဘူး။ ခ်ပ္ေနျပီး ေဘာ္ဒီက အရမ္းမိုက္ေနရင္ေတာ့ တမ်ိဳးေပါ့။ ဆိုဖီမွာလည္း လိုအပ္ခ်က္ေတြအမ်ားၾကီး ရွိပါတယ္။ အဲ့လိုမ်ိဳးကိုေတ့ာဆိုဖီက ၾကိဳက္တယ္။ မိန္းကေလး ျဖစ္ျဖစ္ ေယာက်ာ္းေလး ျဖစ္ျဖစ္ Perfect ျဖစ္လြန္းေနရင္လည္း မၾကိဳက္ဘူး။ တခုခုခ်ိဳ႔ယြင္းေနတာက သူတို႔ရဲ့ အားသာခ်က္လို႔ပဲ ထင္ပါတယ္။ ကိုယ့္ကိုကုိယ္ေတာ့ ငါရုပ္ဆိုးေနတယ္လို႔ေတာ့ မျမင္ပါဘူး။ ကုိယ့္ကိုကုိယ္ေတာ့ ထိန္းရမွာေပါ့ေနာ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Myanmar Idol ပြိုင်ပွဲတွေကနေ တဆင့် ပရိသတ်တွေလူသိများလာတဲ့ အဆိုတော် ဆိုဖီယာ ကတော့ လက်ရှိမှာအောင်မြင်တဲ့ အဆိုတော် တယောက် ဖြစ်နေပါပြီ။ ဆိုဖီယာကတော့ ပရိသတ်တွေ ရင်ထဲကိုရောက်နိုင်တဲ့ သီချင်းလေးတွေကိုလည်း သီဆိုထားပြီး သူ့သီချင်းလေးတွေကိုတော့ ပရိသတ်တွေက အားပေးကြပါတယ်။ လက်ရှိမှာလည်း ဆိုဖီယာအနေနဲ့ MTV အသစ်တပုဒ် ထွက်ထားပါသေးတယ်။ ပြီးတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆက်ဆီ အပေါ်ခံယူချက်ကို ပြောကြားသွားခဲ့ပါတယ်။

အဆိုတော် ဆိုဖီယာကတော့ MC နဲ့ အင်တာဗျူးမှာတော့ “ဆိုဖီကတော့ အဲ့လိုအထာကျနေတာကိုပဲ ကြိုက်တာပါ။ အမှန်တိုင်းပြောရရင် ဆက်ဆီ ကိုတော့ အဲ့လောက်ကြီး မကြိုက်ပါဘူး။ ဆက်ဆီဖက်တော့ မသွားချင်ဘူး။ ဂေါ်တာမျိုးပေါ့။ ဆက်ဆီ ဆိုပေမယ့်လည်း ကြည့်လိုက်တာနဲ့ ရွံစရာကောင်းနေတာတော့ မဖြစ်ချင်ဘူး။ ဆက်ဆီ တော့ကျပါတယ်။ အရမ်းရွံစရာကောင်းနေတဲ့ စော်ကြီးတော့ မဖြစ်ချင်ဘူး။ ကိုယ်ကိုယ်တိုင်ကလည်း ဆက်ဆီ ကျလောက်အောင်လှလားပေါ့။ ကိုယ့်ကိုကိုယ်လည်း အဲ့လိုပြန်စဉ်းစားတယ်။ ဆိုဖီယာဆို ပိန်တယ်။ အပြင်မှာဆို သေးသေးလေးပဲ။ ခုဆို GYM ဆေ့ာနေတယ်။ ဒီနှစ်ကုန်မှာလည်း သီချင်းခွေ ထွက်ဖို့ရှိနေတယ်။ အဲ့အခါကျရင် MTV တွေမှာ အမိုက်စား ခန္ဓာကိုယ်ဖြစ်ဖို့ ဆော့နေတာပါ”

“ဆိုဖီကတော့ FreeStyle ပဲဆိုဖြစ်တာများပါတယ်။ လွတ်လွတ်လပ်လပ် ဝတ်ထားတာ များပါတယ်။ ဆက်ဆီ ကျတာတွေတော့ သိပ်မဝတ်ဖြစ်ပါဘူး။ ချပ်နေပြီး ဘော်ဒီက အရမ်းမိုက်နေရင်တော့ တမျိုးပေါ့။ ဆိုဖီမှာလည်း လိုအပ်ချက်တွေအများကြီး ရှိပါတယ်။ အဲ့လိုမျိုးကိုတေ့ာဆိုဖီက ကြိုက်တယ်။ မိန်းကလေး ဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် Perfect ဖြစ်လွန်းနေရင်လည်း မကြိုက်ဘူး။ တခုခုချို့ယွင်းနေတာက သူတို့ရဲ့ အားသာချက်လို့ပဲ ထင်ပါတယ်။ ကိုယ့်ကိုကိုယ်တော့ ငါရုပ်ဆိုးနေတယ်လို့တော့ မမြင်ပါဘူး။ ကိုယ့်ကိုကိုယ်တော့ ထိန်းရမှာပေါ့နော်” ဟု ပြောကြားသွား ခဲ့ပါတယ်။