အနုပညာသတင်းများ
တွဲရိုက်ရမယ့် ကိုရီးမင်းသားက ကလေးလိုနုနေကြောင်းပြောပြတဲ့ ကျော်ထက်အောင်
အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ သား မင်းသန့်မောင်မောင် ရိုက်ကူးမယ့် တိမ်တွေပေါ်ကပန်း ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ့် ကျော်ထက်အောင်က သူ့အနေနဲ့ ဒီဇာတ်ကားအတွက် ဘယ်လိုပုံစံမျိုးတွေ ပြင်ဆင်ပြီး သရပ်ဆောင်သွားမလဲဆိုတာ ပရိသတ်ကြီးသိချင်မှာပါနော်..
ဒီဇာတ်ကားထဲမှာ ကျွန်တော်က ချင်းလူမျိုးကောင်လေးနေရာက ပါဝင်ရမှာ ဖြစ်ပြီးတော့ ကစ်ကစ်ကို စောင့်ရှောက်ရတဲ့အခန်းကပါ။ ကစ်နဲ့ ကျွန်တော်နဲ့က မိဘမဲ့ကျောင်းမှာ အတူတူကြီးပြင်းခဲ့ရတဲ့ မောင်နှမနှစ်ယောက် အဖြစ်ပေါ့။
ရုပ်ရှင်အတွက်လိုအပ်တာကတော့ ဦးမောင်ကပြောတယ် ကျွန်တော်က အပြင်မှာကျတော့ သူများကို အရမ်းဖြည့်စည်းပေးချင်တယ်။ သူများကို အရမ်းဖော်ဖော်ရွေရွေဆက်ဆံတက်တဲ့သူပေါ့။ ဒါပေမယ့် ဇာတ်ကားထဲမှာ သရုပ်ဆောင်ဖို့အတွက်တော့ အချစ်နဲ့ ပတ်သတ်လာရင် နဲနဲစိတ်ပုတ်ရမယ့် Mood လေးဝင်ရမယ်ပေါ့။ ပြီးတော့ တစ်ခုခုဆို ကျွန်တော်က ခေါင်လေး တစ်ငြိမ့်ငြိမ့် လုပ်နေတက်တာကိုလည်း ဖျောက်ဖို့ပြောပါတယ်။
ကျွန်တော်တို့တွေက မရိုက်ခင် ကြိုတင်လေ့ကျင့်မှုတွေလုပ်ရပါတယ်။ ဒါကလည်း ကျွန်တော်တို့ ရိုက်ရိုက် မရိုက်ရိုက် Script မလွတ်ရရ မရရ ဒီလိုလေ့ကျင့်လိုက်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် Chemistry ညီသွားတာပေါ့။ သရုပ်ဆောင်မယ့်လူ အချင်းချင်း ပိုရင်းနှီးလာတယ်။ ပြီးတော့ ကျွန်တော်နဲ့ တွဲဖတ်သရုပ်ဆောင်ရမယ့် ကိုရီးယား မင်းသားက သက်တူရွယ်တူတွေလေ။ သူကတော့ ကိုယ့်ထက်အများကြီး နုတယ်။ ကလေးလို နေလို့လား မသိဘူး။
နောက်တစ်ခုက ကျွန်တော်တို့နဲ့အတူတူရိုက်ရမယ့် ကိုရီးယားမင်းသမီးတွေနဲ့က ပိုပြီး ရင်းနှီးတယ်။ မင်းသားက စကားလည်း သိမ့်မပြောတော့လေ။ Communication လုပ်ဖို့ကို နည်းနည်းလေး တန့်နေသေးတယ်ပြောရမှာပေါ့။ မိန်းကလေးကတော့ ဟိုမေးဒီမေးနဲ့ ဆိုတော့ မြန်မာပြည်အကြောင်းတွေ မေးရင်း ပြောဖြစ်သွားတာပေါ့။
ဘာသာစကား အခက်အခဲတော့ ရှိလိမ့်မယ်။ သူကလည်း သူ့ Mother Language ကိုလွန်ပြီးတော့ Dialog ကို English လိုပြောရမယ်။ ကျွန်တော်တို့လည်း Mother Language ကိုလွန်ပြီးတော့ Dialog ကို English လိုပြောရမယ့် အခန်းတွေမှာ Subtitle ကို မြန်မာလို ထိုးပေးရင်တော့ ပရိသတ်ကြည့်ရတာပိုပြီး Tempo ပိုမြင့်မယ်လို့ထင်ပါတယ်။ သူ့ Dialog ကို သူ့စကားနဲ့ ပြောရင် ပိုပြီး အနှစ်သာရရှိသလို ကျွန်တော်တို့လည်း ဒီလိုပဲဆိုတော့ အဲ့ဒါလေးတွေတော့ ကွာဟမှုရှိမယ်ထင်ပါတယ်။
ရင်လည်းခုန်ပါတယ်။ ဒီကားက ကျွန်တော့ အတွက် Challenge ပေါ့။ရလိုက်ရင်လည်း ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါကျွန်တော့် အတွက် ရလာတဲ့ အခွင့်အရေးကောင်းတစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာတွေမျက်နှာ မငယ်ရအောင် ကြိုးစားသွားမယ်လို့ ကျော်ထက်အောင်ကတိပေးခဲ့ပါတယ်။