အႏုပညာသတင္းမ်ား

ကေလးယူမယ့္အခ်ိန္က်ရင္ပရိသတ္ကုိအသိေပးမယ္ဆိုတဲ့ ေနတိုး

ေနတိုးဟာ ျမန္မာ့ထိပ္တန္းမင္းသားတစ္လက္ျဖစ္ျပီး က်ရာဇာတ္ရုပ္ကုိပီျပင္စြာသရုပ္ေဆာင္နုိင္တာေၾကာင့္ အကယ္ဒမီေရႊစင္ရုပ္တုေတြကုိလည္း လက္ဝယ္ပုိင္ပုိင္ဆုပ္ကုိင္ထားနုိင္သလို ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကုိလည္း ရရွိထားသူပါ။ ေနတိုုးက ပရိသတ္ေတြဝိုင္းခ်စ္ေနရတဲ့ ထိပ္ထားသခင္ေလးနဲ႔ မၾကာေသးမိီကပဲ ေတြ႕ဆံုခဲ့ျပီး မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ထိပ္ထားေလးအေၾကာင္းနဲ႔ ကေလးေတြနဲ႔ ထူးျခားတဲ့ဆက္ဆံေရးအေၾကာင္းေျပာျပသြားခဲ့ပါတယ္။လူပ်ိဳၾကီးေနတိုးက ကေလးေတြခ်စ္တတ္တဲ့အေၾကာင္းနဲ႔ ကေလးေတြနဲ႔ထူးျခားတဲ့ဆက္ဆံေရးအေၾကာင္းကုိ “ခ်စ္တယ္ဗ်၊ ခ်စ္တယ္ဗ်ဆိုတာက ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ ကေလးေတြေမြးကတည္းက တီဗီၾကည့္တတ္တဲ့အရြယ္ကတည္းက ကြ်န္ေတာ့္ကုိခ်စ္ၾကတယ္ေပါ့ေနာ္။ ဒါရိုက္တာ ၾသရသသမီးေလးဆိုလည္းအဲ့လိုပဲ ကြ်န္ေတာ့္ကုိေတြ႕တာနဲ႔ ရွက္ေနတာ။ ကေလးေလးေတြက ကြ်န္ေတာ့္ကုိေတြ႕ရင္ အဲ့လိုပဲ။ ဘယ္လိုပါရမီလဲေတာ့မသိဘူးေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

ထိပ္ထားသခင္ေလးနဲ႔ေတြ႕ခဲ့ေၾကာင္းကိုလည္း ေနတုိးက “ထိပ္ထားတို႔နဲ႔ေတြ႕ေတာ့လည္းအဲ့လိုပဲ။ ေတာ္ေတာ္မ်ားမ်ားေပါ့ေနာ္။ ကေလးေတြနဲ႔ေတြ႕ရင္ ကေလးေတြကလည္း ကြ်န္ေတာ့္ကုိေတြ႕ခ်င္တာမ်ားတယ္။ ကြ်န္ေတာ္ထင္ပါတယ္။ ကြ်န္ေတာ္အနုပညာေလာကထဲကုိေရာက္တာ နွစ္နွစ္ဆယ္ေက်ာ္ေနျပီဆိုေတာ့ သူတို႔ရဲ႕အေမေတြ၊သူတို႔ရဲ႕အေဖေတြ နဲ႔ ကြ်န္ေတာ္တို႔က ရြယ္တူေလာက္ပဲရွိတဲ့အခါက်ေတာ့ ကြ်န္ေတာ့္ဇာတ္ကားေတြကုိၾကည့္ျပီးေတာ့ ဒီကေလးေတြက ေမြးလာတာဆိုေတာ့ေလ။ ဒီကေလးေတြက မေမြးခင္ကတည္းက ကြ်န္ေတာ့္ကုိျမင္ဖူးေနတယ္နဲ႔တူပါတယ္”လုိ႔ ရယ္ေမာရင္းေျဖၾကားထားပါတယ္။

ကေလးခ်စ္တဲ့ေနတိုးက သူ႔ရဲ႕မ်ိဳးဆက္သစ္ေလးခ်န္ခဲ့ဖို႔ကိစၥကုိလည္း “ေလာေလာဆယ္ေတာ့ ကေလးေလးေတြကိုဒီတိုင္းေလးပဲ ခ်စ္ေနခ်င္ေသးတယ္ေပါ့ေနာ္။မ်ိဳးဆက္သစ္ကေတာ့ ကြ်န္ေတာ့္အေနနဲ႔ လိုအပ္တဲ့အခ်ိန္မွာကေတာ့ ကြ်န္ေတာ္ပရိသတ္ကုိအသိေပးမွာပါ”လို႔ ေျပာျပထားပါတယ္။

Personal Life ကုိ ပရိသတ္ကုိဖြင့္ဟျပဖို႔မရွိေသးဘူးလို႔လည္း ေနတိုးက “လူဆိုတာ ျဖစ္လာတဲ့ဘဝမွာ ျဖစ္လာသမွ်ကုိၾကိဳးစားရုန္းကန္ၾကရတာပဲေလ။ လူ႔ဘဝကုိျဖတ္သန္းတဲ့အခ်ိန္မွာ ျဖစ္လာသမ်ွကုိ အေကာင္းဆံုးရင္ဆိုင္ေျဖရွင္းသြားၾကရမွာပဲေလ။ အက်ိဳးအေၾကာင္းအဆိုးအေကာင္းဆိုတာကလည္း ရွိေသးတယ္ေလ။ ကြ်န္ေတာ့္အေနနဲ႔အခုလက္ရွိအေနအထားတစ္ခုမွာေတာ့ ကြ်န္ေတာ့္ရဲ႕lifestyle ကြ်န္ေတာ့္ရဲ႕ personal life နဲ႔ပတ္သက္ျပီးေတာ့ ပရိသတ္ကုိဖြင့္ဟဖို႔ေတာ့မရွိေသးပါဘူး”လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေနတိုးကုိ ခ်စ္ၾကလား။ ေနတိုးရဲ႕ ေနာက္ထပ္ထြက္လာမယ့္ဇာတ္ကားေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

နေတိုးဟာ မြန်မာ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီရွှေစင်ရုပ်တုတွေကိုလည်း လက်ဝယ်ပိုင်ပိုင်ဆုပ်ကိုင်ထားနိုင်သလို ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုလည်း ရရှိထားသူပါ။ နေတိုးက ပရိသတ်တွေဝိုင်းချစ်နေရတဲ့ ထိပ်ထားသခင်လေးနဲ့ မကြာသေးမီကပဲ တွေ့ဆုံခဲ့ပြီး မီဒီယာတွေနဲ့အင်တာဗျူးမှာ ထိပ်ထားလေးအကြောင်းနဲ့ ကလေးတွေနဲ့ ထူးခြားတဲ့ဆက်ဆံရေးအကြောင်းပြောပြသွားခဲ့ပါတယ်။လူပျိုကြီးနေတိုးက ကလေးတွေချစ်တတ်တဲ့အကြောင်းနဲ့ ကလေးတွေနဲ့ထူးခြားတဲ့ဆက်ဆံရေးအကြောင်းကို “ချစ်တယ်ဗျ၊ ချစ်တယ်ဗျဆိုတာက တော်တော်များများပေါ့နော်။ ကလေးတွေမွေးကတည်းက တီဗီကြည့်တတ်တဲ့အရွယ်ကတည်းက ကျွန်တော့်ကိုချစ်ကြတယ်ပေါ့နော်။ ဒါရိုက်တာ သြရသသမီးလေးဆိုလည်းအဲ့လိုပဲ ကျွန်တော့်ကိုတွေ့တာနဲ့ ရှက်နေတာ။ ကလေးလေးတွေက ကျွန်တော့်ကိုတွေ့ရင် အဲ့လိုပဲ။ ဘယ်လိုပါရမီလဲတော့မသိဘူးပေါ့နော်”လို့ ပြောပြထားပါတယ်။

ထိပ်ထားသခင်လေးနဲ့တွေ့ခဲ့ကြောင်းကိုလည်း နေတိုးက “ထိပ်ထားတို့နဲ့တွေ့တော့လည်းအဲ့လိုပဲ။ တော်တော်များများပေါ့နော်။ ကလေးတွေနဲ့တွေ့ရင် ကလေးတွေကလည်း ကျွန်တော့်ကိုတွေ့ချင်တာများတယ်။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အနုပညာလောကထဲကိုရောက်တာ နှစ်နှစ်ဆယ်ကျော်နေပြီဆိုတော့ သူတို့ရဲ့အမေတွေ၊သူတို့ရဲ့အဖေတွေ နဲ့ ကျွန်တော်တို့က ရွယ်တူလောက်ပဲရှိတဲ့အခါကျတော့ ကျွန်တော့်ဇာတ်ကားတွေကိုကြည့်ပြီးတော့ ဒီကလေးတွေက မွေးလာတာဆိုတော့လေ။ ဒီကလေးတွေက မမွေးခင်ကတည်းက ကျွန်တော့်ကိုမြင်ဖူးနေတယ်နဲ့တူပါတယ်”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

ကလေးချစ်တဲ့နေတိုးက သူ့ရဲ့မျိုးဆက်သစ်လေးချန်ခဲ့ဖို့ကိစ္စကိုလည်း “လောလောဆယ်တော့ ကလေးလေးတွေကိုဒီတိုင်းလေးပဲ ချစ်နေချင်သေးတယ်ပေါ့နော်။မျိုးဆက်သစ်ကတော့ ကျွန်တော့်အနေနဲ့ လိုအပ်တဲ့အချိန်မှာကတော့ ကျွန်တော်ပရိသတ်ကိုအသိပေးမှာပါ”လို့ ပြောပြထားပါတယ်။

Personal Life ကို ပရိသတ်ကိုဖွင့်ဟပြဖို့မရှိသေးဘူးလို့လည်း နေတိုးက “လူဆိုတာ ဖြစ်လာတဲ့ဘဝမှာ ဖြစ်လာသမျှကိုကြိုးစားရုန်းကန်ကြရတာပဲလေ။ လူ့ဘဝကိုဖြတ်သန်းတဲ့အချိန်မှာ ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားကြရမှာပဲလေ။ အကျိုးအကြောင်းအဆိုးအကောင်းဆိုတာကလည်း ရှိသေးတယ်လေ။ ကျွန်တော့်အနေနဲ့အခုလက်ရှိအနေအထားတစ်ခုမှာတော့ ကျွန်တော့်ရဲ့lifestyle ကျွန်တော့်ရဲ့ personal life နဲ့ပတ်သက်ပြီးတော့ ပရိသတ်ကိုဖွင့်ဟဖို့တော့မရှိသေးပါဘူး”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကို ချစ်ကြလား။ နေတိုးရဲ့ နောက်ထပ်ထွက်လာမယ့်ဇာတ်ကားတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say