အႏုပညာသတင္းမ်ား

စိတ္ကူးထဲကခ်စ္သူပံုစံေျပာျပသြားတဲ့ ေနတုိး

ေနတိုးဟာဆိုရင္ ျမန္မာတစ္နုိင္ငံလံုးကပရိသတ္ေတြအားေပးရတဲ့ ထိပ္တန္းမင္းသားတစ္လက္ျဖစ္ျပီး ပ်ိဳတိုင္းၾကိဳက္တဲ့နွင္းဆီခို္င္လူပ်ိဳၾကီးတစ္ေယာက္ျဖစ္သလုိ ေကာင္မေလးေတြရဲ႕အိပ္မက္မင္းသားဆိုရင္လည္းမမွားပါဘူး။ အခုအခ်ိန္အထိတစ္ကုိယ္တည္းလူပ်ိဳၾကီးအျဖစ္နဲ႔ ပရိသတ္ေတြအတြက္အနုပညာအလုပ္ေတြဇယ္ဆက္သလုိလုပ္ေနတဲ့ ေနတိုးရဲ႕ လက္တြဲေဖာ္ေကာင္မေလးက ဘယ္လုိပုံစံမ်ိဳးျဖစ္လာမလဲဆိုတာ ပရိသတ္အားလံုးကစိတ္ဝင္စားေနၾကပါတယ္။စိတ္ဝင္စားေနၾကတဲ့ ပရိသတ္ၾကီးအတြက္ ေနတိုးက မၾကာေသးမီက အင္တာဗ်ဴးမွာ အခ်စ္ေရးအေၾကာင္းေတြေျဖေပးသြားခဲ့ပါတယ္။

ေနတိုးက သူသေဘာက်တဲ့ Type မ်ိဳးသီးသန္႔မရွိတာေၾကာင့္ သူသေဘာက်မိတဲ့မိန္းကေလးက ဘယ္လိုပံုစံေလးျဖစ္လာမလဲဆိုတာ ကုိယ္တိုင္လည္းသိခ်င္ေနေၾကာင္း “ကြ်န္ေတာ္စိတ္ထဲမွာ ဘယ္လိုပံုစံမ်ိဳးဆိုတာထက္စာလို႔ရွိရင္ကြ်န္ေတာ့္စိတ္ကုိ သေဘာက်ေစနိုင္တဲ့ပံုစံမ်ိဳးဆိုတာ ပံုေဖာ္ဖုိ႔ေတာ့ခဲယဥ္းမွာေပါ့ေနာ္။ ဒါေပမယ့္ ကြ်န္ေတာ့္စိတ္ထဲမွာျဖစ္ေပၚလာမယ့္ပံုစံေလးကုိေတာ့ ကုိယ္ကုိယ္တိုင္လည္းအရမ္းစိတ္ဝင္စားတယ္။ ကုိယ္ကုိုယ္တိုင္လည္း ေရွ႕ဆက္ျပီးေတာ့ဘဝတစ္ခု၊ အဲ့လုိမ်ိဳးကုိလည္းကုိယ္ကိုယ္တိုင္လည္းစိတ္ဝင္စားျပီးေတာ့ လိုခ်င္ေနမိတယ္ေပါ့”လို႔ ေျပာျပသြားပါတယ္။ ပံုစံဆုိတာကေတာ့ ကြ်န္ေတာ့္အေနနဲ႔ ရင္ထဲမွာရွိတဲ့ပံုစံမ်ိဳးကုိေတာ့ ပရိသတ္ကုိေတာ့ မၾကာခင္ေတာ့ ေျပာရမယ့္အခ်ိန္ေရာက္ရင္ေျပာမွာပါ”လို႔ ေျပာျပထားပါတယ္။

ေနတိုးက သူ႔ကုိယ္သူ ရုိတတ္တဲ့လူေတြထဲမွာမပါဘူးလုိ႔လည္း “ကြ်န္ေတာ့္အေနနဲ႔ေတာ့ကုိယ့္ကုိယ္ကိုယ္အဲ့လိုမ်ဳိးရိုတတ္တဲ့လူေတြထဲမွာပါမယ္လို႔ေတာ့မထင္ပါဘူး။ အရွင္းဆံုးေျပာရရင္ေတာ့ ကုိယ့္အလုပ္နဲ႔ကုိယ္ အလုပ္ပိေနတတ္တဲ့လူတစ္ေယာက္ေပါ့။ အခ်ိန္အရမ္းၾကီးနည္းတဲ့လူတစ္ေယာက္ပါပဲ”လို႔ ေျပာျပထားပါတယ္။

ရုိမန္းတစ္ခန္းေတြရိုက္တဲ့အခါ ဘယ္လို Mood သြင္းလဲဆိုုတာကုိေတာ့ ေနတိုးက “ကြ်န္ေတာ္တုိ႔က သရုပ္ေဆာင္တဲ့ေနရာေတြမွာအျပင္ဆိုတဲ့စိတ္ခံစားမႈကုိမထည့္ပါဘူး။ ငါသာအျပင္မွာဆိုလို႔ရွိရင္ဆိုတဲ့ စိတ္ခံစားမႈမထည့္ဘူး။ professional တစ္ေယာက္အေနနဲ႔အလုပ္လုပ္ျပီဆိုကတည္းက အျပင္မွာဆိုတဲ့သရုပ္ေဆာင္မႈမရွိပါဘူး။ ဘဝတစ္ခုမွာ အရမ္းကုိမြန္းက်ပ္ျပီးေတာ့ အရမ္းကုိ ကုိယ္မၾကံဳဖူးေသးတဲ့အေၾကာင္းအရာေတြနဲ႔ဆက္စပ္ေနတဲ့ဇာတ္ဝင္ခန္းေတြဆိုရင္လညး္တကယ္မ်ားျဖစ္ခဲ့ရင္ဆိုတဲ့စိတ္ခံစားမႈနဲ႔ပဲ လုပ္ရတာေပ့ါေနာ္”လို႔ ေျပာျပထားပါတယ္။

ေနတုိးက လက္တေလာအနုပညာလႈပ္ရွားမႈကုိ “လတ္တေလာက အခမ္းနားဆံုးေမတၱာဇာတ္ကားရိုက္ျပီးသြားျပီဆိုေတာ့ ေနာက္ရိုက္ရမယ့္ဇာတ္ကားေတြအတြက္ ျပင္ဆင္မႈေတြအမ်ားၾကီးလုပ္ေနပါတယ္” လို႔ ေျပာထားပါတယ္။

ေျပာခ်င္လြန္းလို႔႔ပရိသတ္ၾကီးေရာ ေနတိုးကိုခ်စ္ၾကလား။ေနတိုးရဲ႕ခ်စ္သူေကာင္မေလးက ဘယ္လိုေလးျဖစ္မယ္ထင္ၾကလဲ။ လူပ်ိဳၾကီးေနတိုးကို အိမ္ေထာင္ျပဳေစခ်င္ေနျပီိလား။ေျပာခဲ့ၾကပါဦး။

Can’t Wait To Say

နေတိုးဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေအားပေးရတဲ့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လူပျိုကြီးတစ်ယောက်ဖြစ်သလို ကောင်မလေးတွေရဲ့အိပ်မက်မင်းသားဆိုရင်လည်းမမှားပါဘူး။ အခုအချိန်အထိတစ်ကိုယ်တည်းလူပျိုကြီးအဖြစ်နဲ့ ပရိသတ်တွေအတွက်အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေတဲ့ နေတိုးရဲ့ လက်တွဲဖော်ကောင်မလေးက ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာ ပရိသတ်အားလုံးကစိတ်ဝင်စားနေကြပါတယ်။စိတ်ဝင်စားနေကြတဲ့ ပရိသတ်ကြီးအတွက် နေတိုးက မကြာသေးမီက အင်တာဗျူးမှာ အချစ်ရေးအကြောင်းတွေဖြေပေးသွားခဲ့ပါတယ်။

နေတိုးက သူသဘောကျတဲ့ Type မျိုးသီးသန့်မရှိတာကြောင့် သူသဘောကျမိတဲ့မိန်းကလေးက ဘယ်လိုပုံစံလေးဖြစ်လာမလဲဆိုတာ ကိုယ်တိုင်လည်းသိချင်နေကြောင်း “ကျွန်တော်စိတ်ထဲမှာ ဘယ်လိုပုံစံမျိုးဆိုတာထက်စာလို့ရှိရင်ကျွန်တော့်စိတ်ကို သဘောကျစေနိုင်တဲ့ပုံစံမျိုးဆိုတာ ပုံဖော်ဖို့တော့ခဲယဉ်းမှာပေါ့နော်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာဖြစ်ပေါ်လာမယ့်ပုံစံလေးကိုတော့ ကိုယ်ကိုယ်တိုင်လည်းအရမ်းစိတ်ဝင်စားတယ်။ ကိုယ်ကိုယ်တိုင်လည်း ရှေ့ဆက်ပြီးတော့ဘဝတစ်ခု၊ အဲ့လိုမျိုးကိုလည်းကိုယ်ကိုယ်တိုင်လည်းစိတ်ဝင်စားပြီးတော့ လိုချင်နေမိတယ်ပေါ့”လို့ ပြောပြသွားပါတယ်။ ပုံစံဆိုတာကတော့ ကျွန်တော့်အနေနဲ့ ရင်ထဲမှာရှိတဲ့ပုံစံမျိုးကိုတော့ ပရိသတ်ကိုတော့ မကြာခင်တော့ ပြောရမယ့်အချိန်ရောက်ရင်ပြောမှာပါ”လို့ ပြောပြထားပါတယ်။

နေတိုးက သူ့ကိုယ်သူ ရိုတတ်တဲ့လူတွေထဲမှာမပါဘူးလို့လည်း “ကျွန်တော့်အနေနဲ့တော့ကိုယ့်ကိုယ်ကိုယ်အဲ့လိုမျိုးရိုတတ်တဲ့လူတွေထဲမှာပါမယ်လို့တော့မထင်ပါဘူး။ အရှင်းဆုံးပြောရရင်တော့ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ပိနေတတ်တဲ့လူတစ်ယောက်ပေါ့။ အချိန်အရမ်းကြီးနည်းတဲ့လူတစ်ယောက်ပါပဲ”လို့ ပြောပြထားပါတယ်။

ရိုမန်းတစ်ခန်းတွေရိုက်တဲ့အခါ ဘယ်လို Mood သွင်းလဲဆိုတာကိုတော့ နေတိုးက “ကျွန်တော်တို့က သရုပ်ဆောင်တဲ့နေရာတွေမှာအပြင်ဆိုတဲ့စိတ်ခံစားမှုကိုမထည့်ပါဘူး။ ငါသာအပြင်မှာဆိုလို့ရှိရင်ဆိုတဲ့ စိတ်ခံစားမှုမထည့်ဘူး။ professional တစ်ယောက်အနေနဲ့အလုပ်လုပ်ပြီဆိုကတည်းက အပြင်မှာဆိုတဲ့သရုပ်ဆောင်မှုမရှိပါဘူး။ ဘဝတစ်ခုမှာ အရမ်းကိုမွန်းကျပ်ပြီးတော့ အရမ်းကို ကိုယ်မကြုံဖူးသေးတဲ့အကြောင်းအရာတွေနဲ့ဆက်စပ်နေတဲ့ဇာတ်ဝင်ခန်းတွေဆိုရင်လည်းတကယ်များဖြစ်ခဲ့ရင်ဆိုတဲ့စိတ်ခံစားမှုနဲ့ပဲ လုပ်ရတာပေ့ါနော်”လို့ ပြောပြထားပါတယ်။

နေတိုးက လက်တလောအနုပညာလှုပ်ရှားမှုကို “လတ်တလောက အခမ်းနားဆုံးမေတ္တာဇာတ်ကားရိုက်ပြီးသွားပြီဆိုတော့ နောက်ရိုက်ရမယ့်ဇာတ်ကားတွေအတွက် ပြင်ဆင်မှုတွေအများကြီးလုပ်နေပါတယ်” လို့ ပြောထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကိုချစ်ကြလား။နေတိုးရဲ့ချစ်သူကောင်မလေးက ဘယ်လိုလေးဖြစ်မယ်ထင်ကြလဲ။ လူပျိုကြီးနေတိုးကို အိမ်ထောင်ပြုစေချင်နေပြီလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say