အနုပညာသတင်းများ
ရှိတဲ့ ပစ္စည်းတွေ ပြန်ထုတ်ရောင်းနေတဲ့ ပိုပို
ပရိသတ်တွေရဲ့အချစ်တော်ပိုပို ကတော့ သူချစ်တဲ့သီချင်းတွေကိုဖန်တီးပြီး သူ့ကိုချစ်တဲ့ပရိသတ်တွေဆီကိုအရောက်ပို့ပေးနေတုန်းပါပဲ။ အခုသူနဲ့Myanmar Celebrity နဲ့အင်တာဗျူးမှာပစ္စည်းတွေပြန်ရောင်းဖြစ်တဲ့အေကြောင်းတွေကိုပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းလေးတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။
ပိုပိုက “ ပိုပိုမှပြဿနာတစ်ခုရှိတာက ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ပြဿနာတစ်ခုရှိတယ်။ တချို့ကြတော့လည်း ရှိတာလည်းလူမသိစေရဘူး ။ရှိတာလည်းလူမသိစေရအောင် နေကြရတယ်။ ဒါကတော့လူကြီးတွေစကားကောင်းတယ်။ ဒါပေမယ့် ပိုပိုကကျဘယ်လိုလဲဆိုတော့ ရှိတာကိုလည်းလုံးဝမကြွားဘူး ရှိတာကလည်း ကိုယ့်အရှိလေမကြွားဖြစ်ဘူး ။မရှိဆိုရင်လည်းမရှိဘူး ပဲလေ။ မပြောဖြစ်ဘူးနော် ။ဒါပေမယ့်ပွင့်ပွင့်လင်းလင်းပြောလွန်းအားကြီးတာမကောင်းမှန်းတော့သိတယ်။ တစ်ခါတလေကျရင်ပရိသတ်ကိုပဲဖြစ်ဖြစ်သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် မညာချင်ဘူးလေ။ ကြုံဖူးတယ်ပိုပိုအဆိုတော်စဖြစ်ကာစတုန်းကလေ ကားလည်းမရှိဘူး တက်စီ စီးရတာ တက်စီစီးရတယ်ဆိုတော့ ၂၅၀၀တန်ခရီးကို လမ်းထဲကနေစီးရင် ၃၀၀၀ ပေးရတယ်။ လမ်းအပြင်က ထွက်စီးရင် ၂၅၀၀ပဲပေးရတယ်။ အဲ့ဒီလိုဆိုတော့ သက်သာတယ်လေ ၅၀၀ ကမုန့်စားလို့ရတယ်ဆိုတော့ ၂၅၀၀တန်ပဲစီးတယ်လေ ။ အဲ့ဒီအချိန်မှာချစ်ဖူးခဲ့သမျှလည်းထွက်ပြီးသွားပြီ ၊ ဘာမှမလိုဘူးတို့လည်းထွက်တယ်။ ကိုယ့်ကို သိရင်လည်းသိမယ် ဒါပေမယ့်မတတ်နိုင်ဘူးလေ ကိုယ့်မှာရှိတဲ့ပိုက်ဆံကို ကိုယ်သုံးရမှာပဲလေ။
သူငယ်ချင်းတွေတော်တော်များများပေါ့တစ်ယောက်မဟုတ်ဘူးနှစ်ယောက်သုံးယောက်လောက်မြင်ဖူးတယ်။ သူတို့ရဲ့ဝင်ငွေတွေဘာတွေကို ဝင်ငွေနဲ့ထွက်ငွေကို မျှတအောင်မသုံးနိုင်ဘူး ။ အခုဆိုရင်ပိုပိုတို့မိုးတွင်းမှာအဆင်မပြေဘူးဆိုရင်ပြောထားတယ် အိမ်မှာလည်း ဟင်းသီးဟင်းရွက်ပဲများများချက်ပါ ။ အသားကိုတစ်မျိုးပဲချက်ပါ။ ဟုတ်တယ်လေဒါ ကိုယ်Save လုပ်ရတာ ။ အကယ်၍ကိုယ်က မိုးတွင်းကျော်သွားပြီးအဆင်ပြေသွားပြီဆိုရင် ဟင်းနှစ်မျိုးချက်လည်းရတယ်။ နောက်ပိုင်းစတူဒီယိုတွေရှိလာပြီဆိုရင် အိမ်မှာပိုပြီးတော့လူတွေများလာမယ်။ အင်ဂျင်နီယာတွေဘာတွေပါလာမယ်။ ကိုယ်ကျွေးရမယ့် ကလေးတွေကလည်းရှိတယ်ဆိုတော့ စည်းကမ်းလေးကတော့ထားတာပေါ့နော် ။အဲ့ဒီလိုမျိုးစည်းကမ်းရှိတဲ့မိန်းမတစ်ယောက်အနေနဲ့ပစ္စည်းတွေရောင်းပြီဆိုရင်လည်း မရှက်ပါဘူး ဘာဖြစ်လို့ရှက်ရမှာလည်း ကိုယ့်ပစ္စည်းကိုရောင်းတာပဲ မဟုတ်တာလုပ်တာမှမဟုတ်ဘူး ။ဝယ်ချင်တဲ့သူရှိရင်လည်းရောင်းချင်တယ် ဒါပါပဲ ။ အင်္ကျီတွေကတော့မရောင်းချင်တော့ဘူး လေရောင်းလို့လဲဘာမှ ရမှာမဟုတ်ဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။