အနုပညာသတင်းများ

သမီးလေးနဲ့ တစ်ရက်ခြားတစ်ခါ Video call ပြောဖြစ်တယ်ဆိုတဲ့ ဘုဏ်းသိုက်

သရုပ်ဆောင်ပိုင်းနဲ့ ဒါရိုက်တာပိုင်းမှာ လူသိများ ပရိသတ်တွေရဲ့ လက်ခံမှုကို ရရှိထားနေတဲ့ ဘုဏ်းသိုက်ကတော့ သမီးဖြစ်သူရဲ့ အကြောင်းလေးတွေကို ပြောပြခဲ့ပြီး သမီးကိုလွမ်းနေရကာ တစ်ရက်ခြားတစ်ခါလောက်တော် Video call ပြောဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ပါတယ်။

“သမီးက တစ်ခါတစ်လေကျရင် ကျွန်တော်နဲ့တူတယ် တစ်ခါတစ်လေကျရင်လည်း သိပ်စကားမပြောဘူး။ အကုန်လုံးသိနေတဲ့ပုံစံမျိုး။”လို့ပြောခဲ့ပြီး သမီးက နိုင်ငံခြားမှာ ဖြစ်လို့ လွမ်းလားလို့ မေးမြန်းရာ “လွမ်းတာပေါ့ တစ်ရက်ခြားတစ်ခါလောက်တော့ Video Call ပြောတယ်။”လို့ ပြောသွားခဲ့ပါတယ်။သမီးလေးက ဘယ်လောက်တောင် စကားပြောတတ်နေပြီလဲလို့ မေးမြန်းရာ “ဒီလိုပါပဲ ကလေးကတော့ တစ်ခါတစ်လေကျရင်လည်း သူပျော်ရင် ပျော်တဲ့အတိုင်း တုန့်ပြန်တယ် ဒါပေမဲ့ များသောအားဖြင့် ပျော်အောင်ထားလို့လားမသိဘူး ပျော်ပါတယ်။

သမီးလေးရဲ့ အနာဂတ်ကိုရော ဘယ်လိုမျိုးစဉ်းစားထားလဲလို့ မေးမြန်းရာ “သမီးအနာဂတ်က သမီးကိုယ်တိုင် ပိုင်တဲ့ သမီးကိုယ်တိုင် Handle လုပ်နိုင်တဲ့ ဥာဏ်ရှိပြီးတော့ ကိယ်ချင်းစာတရားမြင့်မြတ်တဲ့ မိန်းကလေးတစ်ယော်ဖြစ်စေချင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။အမေစုမွေးနေ့အတွက် ဆုမွန်ကောင်းစကားနဲ့ကို ဘုဏ်းသိုက်က “မွေးနေ့ ဆုမွန်ကောင်းကိုပေါ့ အခုဖြတ်ခနဲပေါ့ ဒီမေးခွန်းက ဒီနေ့ အမေခံရမယ်လို့ မမျှော်လင့်ထားဘူး မေးလိုက်တော့ ချက်ချင်းပေါ်လာတာက ကျွန်တော်တို့လို သာမာန်ပြည်သူတစ်တွေကက ပြည်သူ တစ်ယောက်အနေနဲ့ အမေ့အတွက် ဆုတောင်းပေးတဲ့ ဟာတွေ အပြင်ကိုပဲ အမေ့ရဲဘ အဖေဖြစ်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်းကို သားတို့ အကောက်းဆုံးရေးနေပါတယ်။ ဒီဟာအတွက် မျက်နှာ မပျက်စေရပါဘူးလို့။”လို့ ပြောသွားခဲ့ပြန်ပါသေးတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ Icon ပဲလေ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း icon ကျွန်တော်တို့ လူမျိုးတွေအတွက်လည်း icon အားလုံးအတွက် icon ဆိုတော့ ဒါကတော့ရှင်းနေတာပဲနော်။”လို့ပြောသွားခဲ့ပါတယ်။

အမေစုကို အပြင်မှာ အနီးကပ်မြင်ဖူးလားလို့မေးမြန်းရာ “ဒီဗိုလ်ချုပ်ဟာနဲ့ ပတ်သက်ပြီး ကျွန်တော် မလိုက်သွားဖြစ်ဘူးဗျ။ မတွေ့ရသေးဘူး အနီးကပ်ဆိုလို့ အမေဟောပြောပွဲတစ်ခုမှာတော့ တွေ့ဖူးတယ် ဒီအတိုင်း Officially မတွေ့ဖူးသေးဘူး။”လို့ပြောသွားခဲ့ပါတယ်။

The post သမီးလေးနဲ့ တစ်ရက်ခြားတစ်ခါ Video call ပြောဖြစ်တယ်ဆိုတဲ့ ဘုဏ်းသိုက် appeared first on Nanmalgyi.