အနုပညာသတင်းများ

Rဇာနည်နဲ့ချစ်စနိုး အခေါ်အဝေါ်တွေ အကြောင်းကို ပြောပြတဲ့ ဝမ်း

R ဇာနည်နဲ့ ဝမ်းဆိုတာက ပရိသတ်တွေ ချစ်ခင်အားပေး အားကျရတဲ့ ဇနီးမောင်နှံလည်းဖြစ်ပါတယ်။ R ဇာနည်က တေးသီချင်းတွေကို သီဆိုဖျော်ဖြေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ယူနိုင်ခဲ့သလို မိန်းမချောချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားသမီးလေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Rဇာနည်တဲ့ ဝမ်းတို့က သူငယ်ချင်းကနေ သမီးရည်းစားဖြစ်ပြီး ယူလိုက်ကြတာဖြစ်တာကြောင့် ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ မခေါ်တတ်ဘူးလို့ ဝမ်းကတော့ We Media ရဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဝမ်းက “အစ်မက ကျားယောက်ဆိုတာ ဟိုးငယ်ငယ်ကတည်းက ယောက်ျားယောက်ျားလို့ခေါ်တယ်။ အစ်မတို့နှစ်ယောက်က အသက်ကတော့ ၄ နှစ်လောက်ကွာတယ် ဒါပေမဲ သငယ်ချင်းကနေ သမီးရည်းစားဖြစ်ပြီး ယူလိုက်တာဆိုတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ အရင်ကတည်းကလည်း သူငယ်ချင်းကနေ ဖြစ်တာဆိုတော့လေ ကိုကိုတွေမောင်မောင်တွေလည်း မခေါ်တတ်တော့လေ အရင်ဆို နာမည်ပဲ ခေါ်တာပေါ့နော်။ ယူပြီးသွားတော့လည်း နာမည်ပဲခေါ်တာ မကောင်းပါဘူးလေလို့ ယောက်ျားယောက်ျားနဲ့ခေါ်တယ်။ အဲ့တာနဲ့ အစ်မသူငယ်ချင်းတစ်ယောက်က ပြောတယ်ပေါ့နော် ယောက်ျားဆိုတာ အများဆိုင်နာမ်တဲ့ အများဆိုင်နာမ်ကိုခေါ်လို့မရဘူးလို့ အစ်မကိုပြောတယ်။

ယောက်ျားဆိုတာလူတိုင်းခေါ်တယ် အကုန်ယောက်ျားပေါ့ကွာ နင်က ဘယ်လိုခေါ်မှာလဲပေါ့ အဲ့လိုမျိုးပြောတယ်။ အေးဟုတ်တော့ဟုတ်တယ်ဆိုပြီး ယောက်ျားလို့မခေါ်ဘဲ ကျားယောက်ပြောင်းခေါ်တော့ဆိုပြီး ခေါ်လိုက်ရင်းနဲ့ အခုအချိန်အထိ နှုတ်ဆွဲနေတာ။ ကလေးတွေကကျတော့လည်း ကျားယောက်ကျတော့ လိုက်မခေါ်တော့ဘူးလေ။ တချို့ကလေးတွေ စကားပြောတတ်ရင် အမေခေါ်တာ အဖေခေါ်တာ လိုက်လိုက်ခေါ်တယ်လေနော်။ အဲ့လိုကျတော့ သူတို့က မခေါ်ဘူး မေးတော့မေးတယ်။ အဲ့တာဘာကို ခေါ်တာလဲတဲ့ အဲ့တာယောက်ျားကိုပြောင်းပြန်ခေါ်တာလို့ ပြောတော့ သူတို့ မခေါ်တော့ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

အိမ်ထောင်တစ်ခုမှာ နားလည်မှုက ဘယ်လောက် အထိ အရေးပါလဲလို့ မေးမြန်းရာ “နားလည်မှုကပေါ့နော် နံပါတ်တစ်က နားလည်မှုကို ကိုယ်တိုင်လည်း တည်ဆောက်ရတယ်။ ကိုယ်နဲ့လက်တွဲဖော် ကိုယ့်အိမ်ထောင်ဖက်ကလည်း တည်ဆောက်ရမှာပေါ့ တစ်ဖက်ကနေပဲ တည်ဆောက်နေလို့မရဘူးပေါ့နော်။ အိမ်ထောင်အခုပြုတယ် အခုချက်ချင်းနားလည်သွားတာတော့မဟုတ်ဘူးပေါ့နော် အချိန်ကအရမ်းအရေးကြီးတယ်လေ တစ်နှစ် နှစ်နှစ် ၁၀ နှစ် ၁၅ နှစ် ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူးပေါ့ တစ်ယောက်နဲ့တစ်ယောက်က။ တစ်ယောက်က အရမ်းသိတတ်ပြီး တစ်ယောက်က မသိတတ် ရင်တော့လည်း မရဘူးပေါ့နော် အပြန်အလှန် ကိုယ်ချင်းစာတရားလည်း ရှိရမှာပေါ့နော်။ အိမ်ထောင်တစ်ခုပြုပြီဆိုရင်တော့ ချစ်တာကတော့ အခြေခံတာပေါ့နော် ချစ်တာက တစ်ကြောင်း ကျန်တာကိုလည်း လိုက်ပြုပြင် သူ့ဘက်ကလည်းလျှော့ အရာရာတိုင်းကို အဲ့လိုဆိုရင်တော့ အဆင်ပြေမှာပါ။”လို့ပြောသွားခဲ့ပါတယ်။

Rဇာနည်အတွက် ဘယ်လိုမျိုး ပံ့ပိုးခဲ့လဲ “သူအောင်မြင်ဖို့ကို ကိုယ်ကကြီးပဲ Support လုပ်ပြီး သူဘာမှမလုပ်ရင် ဖြစ်လာမှာ မဟုတ်ဘူးလေနော်။ အဓိက နံပါတ်တစ်ကတော့ ကိုယ်ကိုယ်တိုင် ကြိုးစားဖို့က နံပါတ်တစ်ပါ။ နံပါတ်နှစ်ကတော့ ခုနကပြောသလို ဘေးကနေ သူကဘာပဲပြောပြော အလုပ်ကိုထွက်လုပ်ရတာ နောက်ဆံမတင်းရအောင် အစ်မကြိုးစား နေပေးတယ်လေ ဘာမှလှည့်ကြည်စရာမလိုအောင် စီစဉ်ပြီး လုပ်ပေးလိုက်တာပေါ့။ ဒါကတော့ ကိုယ့်တာဝန်ကိုယ်ကျေအာင်လုပ်လိုက်တာပေါ့ သူကလည်း သူ့တာဝန်သူကျေအောင် လျှောလျှောလျူလျူနဲ့ လုပ်တယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

The post Rဇာနည်နဲ့ချစ်စနိုး အခေါ်အဝေါ်တွေ အကြောင်းကို ပြောပြတဲ့ ဝမ်း appeared first on Nanmalgyi.