အနုပညာသတင်းများ

ဘာသာစကား ၅ မျိုးလောက် တတ်ချင်တယ်ဆိုတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် ကနေတဆင့် အကယ်ဒမီရတဲ့ အထိအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်း ကိုတော့တော်တော်များများ သိကြမှာပါ။ လက်ရှိချိန်မှာတော့ လူငယ်သရုပ်ဆောင်အဖြစ် ရပ်တည်နေပြီး ကြေငြာတွေ ဗီဒီယိုတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလဲ ပါဝင်သရုပ်ဆောင် နေပါတယ်။ အောင်မြင်မှုတွေ တဖြည်းဖြည်းရရှိနေတဲ့ မင်းသမီး ယွန်းယွန်းကတော့ လက်ရှိချိန်မှာတော့ ပြည်ပနိုင်ငံတွေနဲ့ အလုပ်လုပ်ဖို့ တိုင်ပင်နေကြောင်း သိရပါတယ်။ ယွန်းယွန်းကတော့ ထိုင်းနဲ့ ဖက်စပ်အလုပ်လုပ်ဖို့ ရှိတာကြောင့် လက်ရှိမှာတော့ ထိုင်းစကားသင်နေတယ်လို့ ပြောကြားသွားပြိး လတ်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်းပါ ပြောကြားသွား ခဲ့ပါတယ်။

ယွန်းယွန်းကတော့ အင်တာဗျူးမှာ လက်တလော အနုပညာလှုပ်ရှားမှုနဲ့ပက်သက်ပြီး” အခုလတ်တလောက ကျောင်းစာတဖက်နဲ့အခု ထိုင်းနဲ့ဖတ်ဆက် အနုပညာအလုပ်လေးတွေလုပ်ဖို့ စီစဉ်နေတယ် ကြေငြာအလုပ်လေးတွေလဲပါမယ် ရုပ်ရှင်အတွက်လဲပါမယ် ညီမအချိန်ရရင်တောင်မှ ထိုင်းစကား လေ့လာမလို့ပေါ့နော် အာ့လေးတွေလုပ်နေပါတယ်။

ထိုင်းစကားသင်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ” ထိုင်းနဲ့ဖက်ဆက်တဲ့ အလုပ်လေးတွေ များလာတယ်။ နောက်ပြီး ထိုင်းဘက်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားတာလေးတွေလဲ ရှိတော့လေ နောက်ပိုင်းလဲ သွားလည်တဲ့အခါမှာဘဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်တဲ့အခါမှာဘဲ ဖြစ်ဖြစ် အသုံးဝင်မယ်ထင်လို့ ညီမလဲ အခုလဲအချိန်လေးရနေတုန်းလေး သင်လိုက်တာပါ။

ထိုင်းစကားကခက်လားဆိုတာကိုတော့” ညီမကတော့ အသစ်အဆန်းဆိုစိတ်ဝင်စားတော့ ပျော်နေတာဘဲ အခုထိတော့မခက်သေးပါဘူး

ထိုင်းတွေရဲ့စကားသံအပေါ်ကရော” အဲ့လောက်ထိတော့ မပြောတက်သေးပါးဘူး အခုမှသင်ဖို့လုပ်နေတာ ဆိုတော့ ထိုင်းစာကတော့ ပြောလိုက်ရင် သူအသံတော့ထွက်သွားမှာဘဲပေါ့နော် တမင်ကြီးတော့လုပ်မပြောပါဘူး ဘာလို့လဲဆိုတော့ ကိုယ်ကိုတိုင်ကလဲ မိန်းကလေးဖြစ်နေတော့ ချွဲပီးတော့မပြောတက်ဘူးလေ သူတို့ ထိုင်းတွေလောက်တော့ မပြောနိုင်ဘူး သူတို့နားလည်မယ်တော့ ထင်ပါတယ်။

ဘာသာစကားဘယ်နှမျိုးတက်လဲဆိုတာကိုတော့” လောလောဆယ်တော့ ညီမ မြန်မာလိုရယ် အင်္ဂလိပ်လိုရယ်လောက်တော့ ပြောတက်တယ် ကျွမ်းကျွမ်းကျင်ကျင်တက်တဲ့ သာသာစကားတော့ မရှိသေးဘူး သင်ဖို့အစီစဉ်တွေတော့ရှိတယ် ကိုရီးယားသင်ချင်တယ် တရုတ်စာရယ် ထိုင်းစာက အခုတက်နေတယ် လေးငါးမျိုးလောက်တက်ချင်တယ် ညီမ နဲနဲတော့လောဘကြီးတယ်”

သင်တန်းတက်မဲ့အချိန်နဲ့အနုပညာအလုပ်တွေဘယ်လိုခွဲထားလဲ” ညီမအခု အနုပညာအလုပ်တွေ အရမ်းကြီး ပြန်မလုပ်သေးဘူးလေ ဝါသနာပါတဲ့သင်တန်းတွေ အပြင်သင်တန်းတွေ အရင်တက်ဖို့တော့ အကောင်းဆုံးဘဲပေါ့ အာ့လေးတွေ အချိန်ပေးပြီးတော့လုပ်တယ် အနုပညာဘက်ကျ ကားကြီးတွေ ဆက်တိုက်ရိုက်ရင်တော့ အဲ့ဝါသနာပါတာတွေ လျော့ရမှာပေါ့” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

The post ဘာသာစကား ၅ မျိုးလောက် တတ်ချင်တယ်ဆိုတဲ့ ယွန်းယွန်း appeared first on Nanmalgyi.