အနုပညာသတင်းများ

စိုင်းစိုင်းရဲ့ တောဂေါ်လီ သီချင်းကို အပီဟဲပြီး ကနေတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး မော်ဒယ် တယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံခြားသား ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဆိုတာကို ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကြားမှာ အတော်လေးပြောစရာတွေ ဖြစ်ခဲ့ပါသေးတယ်။ သင်ဇာဝင့်ကျော်ကတော့ ခန္ဓာကိုယ်အမိုက်စားနဲ့ ပုရိသတ်တွေ ရင်ခုန်သွားစေလောက်တဲ့ ပုံစံကို ပိုင်ဆိုင်ထားတာကြောင့်လည်း ယခုနောက်ပိုင်းမှာတော့ ယခင်ကထက်ကို ပိုပြီးတော့ နာမည်ကြီးလာတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ လမ်းခွဲခဲ့ပေမယ့်လည်း နားလည်မှု ရှိရှိလမ်းခွဲခဲ့တာကြောင့် သိပ်ပြီးတော့ အသည်းကွဲတာတွေကို သိပ်ပြီးတော့ မရှိတာကြောင့် လမ်းခွဲပြီးနောက်ပိုင်းမှာလည်း ပျော်ပျော်နေနေတာကို တွေ့ရပါတယ်။ သင်ဇာကတော့ ပြီးခဲ့တဲ့ ရက်မှာတော့ သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ပျော်ရွှင်စရာလေးတွေကို ဖန်တီးခဲ့တာကို တွေ့ရပါတယ်။ ကေတီဗီကြီး တခုထဲမှာတော့ သူ့အပေါင်းအသင်းတွေ သူ့ပရိသတ်တွေနဲ့ အတူတူ သီချင်းတွေဆိုခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီ သီချင်းကိုလည်း ဆိုခဲ့ပါသေးတယ်။

သင်ဇာဝင့်ကျော်ရဲ့ တောဂေါ်လီ သီချင်းသီဆိုမှုကိုတော့ ပရိသတ်တော်တော် များများ သဘောကျနေကြပြီး ရက်စ် စာသားတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ဆိုနိုင်တယ်ဆိုပြီး ချီးကျူးထားတာတွေကိုလည်း တွေ့ရပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သီချင်းကို မာန်ပါပါနဲ့ တကယ့်ကို အပူအပင်မရှိပဲ ဆိုနေတဲ့ပုံစံလေးကိုတော့ ကြည့်မိသူတိုင်း သဘောကျမိကြမယ် ထင်ပါတယ်။

အစကတည်းက ဝတ်ပုံစားပုံ ခပ်မိုက်မိုက်နဲ့ ယောကျာ်းလေး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ သင်ဇာဝင့်ကျော်ကတော့ ယခုလိုမျိုး တောဂေါ်လီ သီချင်းလေးနဲ့ ခပ်မိုက်မိုက် သီချင်းသီဆိုထားတာကြောင့် ပိုလို့တောင် မိုက်နေတာ ဖြစ်ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက်လည်း သင်ဇာဝင့်ကျော်တယောက်ရဲ့  တောဂေါ်လီ သီချင်း သီဆိုနေတဲ့ ဗီဒီယိုလေးကိုတော့ တင်ဆက်ပေးလိုက်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီးတော့လည်း သင်ဇာဝင့်ကျော်လေးကို ပိုပြီးတော့ ချစ်မိသွားကြမယ်လို့ ထင်ပါတယ်။

အလန်းစား ကကွက်တွေကို မြင်တွေ့ရမယ့် သင်ဇာရဲ့ တောဂေါ်လီ သီချင်း သီဆိုမှုတွေကတော့ ဘယ်လောက်ထိ မိုက်နေလဲဆိုတာ????Fashion Magazine MyanmarThin Zar Wint Kyaw#Villa

Posted by Fashion Magazine Myanmar on Tuesday, 25 June 2019

The post စိုင်းစိုင်းရဲ့ တောဂေါ်လီ သီချင်းကို အပီဟဲပြီး ကနေတဲ့ သင်ဇာဝင့်ကျော် appeared first on Nanmalgyi.