အနုပညာသတင်းများ

Song Hye Kyo ကို အသိမပေးပဲ ကွာရှင်းခွင့်တောင်းခဲ့တဲ့ Song Joong Ki

Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ မမနဲ့မောင် ဇာတ်လမ်းလေးဟာ နောက်ဆုံးတော့ ဒီမှာပဲတစ်ခန်းရပ်သွားခဲ့ပြီထင်ပါတယ်။Song Joong Ki နဲ့ Song Hye Kyo ဟာ ကွာရှင်းပြတ်စဲမှုနဲ့ပတ်သက်ပြီး မီဒီယာတွေကိုအပြန်အလှန်ငြင်းချက်ထုတ်ရှင်းပြနေခဲ့ကြပေမယ့် အခုအချိန်အထိတော့တစ်ယောက်နဲ့တစ်ယောက် တေ့တေ့ဆိုင်ဆိုင်စကားပြောကြပုံမရဘူးလို့ ပရိသတ်တွေကလည်းဝေဖန်လျက်ရှိကြပါတယ်။

Song Joong Ki ဘက်က ကွာရှင်းခွင့်အရင်လျှောက်ထားခဲ့တာဖြစ်ပြီး အဲဒါကလည်း Song Joong Ki က သူရိုက်လက်စဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ မင်းသမီး Kim Ok Bin နဲ့ ခိုးပြီးဒိတ်လို့ဆိုတဲ့သတင်းတွေ ဓာတ်ပုံတွေကလည်း လူမှုကွန်ယက်မှာပျံ့နှံ့နေသလို Song Hye Kyo ကလည်း သူမ ရိုက်ထားတဲ့ဇာတ်လမ်းတွဲ “Boyfriend”ထဲက မင်းသား Park Bo Gum နဲ့ သံယောဇဉ်တွယ်ငြိသွားလို့ဆိုတဲ့ကောလဟလတွေလည်းပျံ့နှံ့နေခဲ့တာပါ။ Song Hye Kyo ကတော့ သတင်းစာရှင်းလင်းပွဲမှာ မျက်ရည်ကျပြီး “ကျွန်မ ဘယ်လိုမှရွေးချယ်စရာမရှိလို့ ကွာရှင်းပေးလိုက်ရပေမယ့် သူ့ကိုအမြဲချစ်နေမှာပါ”လို့ ပြောသွားခဲ့ပြီး အဲဒီနောက်မှာ Song Joong Ki ဘက်က ကွာရှင်းဖို့ကိစ္စက Song Hye Kyo ကအရင်တောင်းဆိုတာလို့သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

အခုတစ်ခါမှာတော့ ကိုရီးယားရဲ့သတင်းဌာန Channel A ကတင်ဆက်လာတဲ့သတင်းကတော့ Song Joong Ki ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦး ပြောစကားအရ Song Joong Ki က ကွာရှင်းခွင့်တောင်းတာကို Song Hye Kyo တောင်မသိပဲ၊အသိမပေးပဲ ပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။Song Hye Kyo က သူမကို မမ မမ နဲ့ သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ ခင်ပွန်းဖြစ်သူက ကွာချင်နေတဲ့အကြောင်းကို မီဒီယာတွေက ဝေဝေဆာဆာဖော်ပြလာမှပဲ အလန့်တကြားသိလိုက်ရတာပါတဲ့။ အဲဒါကြောင့်လည်း သူမမှာ ပိုပြီးနာကျင်ခံစားရတယ်လို့သိရပါတယ်။

Song Joong Ki ကတော့ ကွာရှင်းဖို့ကို အမြန်ဆုံးပြီးပြတ်အောင်လုပ်ချင်နေပြီး Song Hye Kyo ဘက်က ကွာရှင်းမယ့်ကိစ္စနဲ့ပတ်သက်လို့ အကြောင်းတစ်စုံတစ်ရာ၊အတွင်းရေးတစ်စုံတစ်ရာကို မီဒီယာတွေကို လိမ်ညာပြောပြဖို့ကြိုးစားလာမယ်ဆိုရင် သူကအကြောင်းစုံကိုဖွင့်ချမှာဖြစ်တယ်လို့ သတိပေးထားကြောင်းလည်းသိရပါတယ်။ ဒီအခြေအနေတွေဟာ သိပ်ချစ်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ဦးကြားမှာ မဖြစ်သင့်တဲ့အခြေအနေလို့ဆိုရမှာပါ။

ပရိသတ်တွေကတော့ ကွာရှင်းခွင့်တောင်းတာကိုတောင်အသိမပေးပဲဗြုန်းစားကြီးလုပ်လိုက်ရအောင် Song Joong Ki က Song Hye Kyo ကိုဘယ်လောက်များစိတ်နာနေလဲလို့ ဝေဖန်နေကြပြီး အချို့ကလည်း သူတို့နှစ်ယောက်ကြားမှာအထင်လွဲမှုကြီးကြီးမားမားရှိနေခဲ့လို့ အခုလိုအခြေအနေတွေထိရောက်သွားရတာဖြစ်မယ်လို့ကောက်ချက်ချထားကြပါတယ်။

ပရိသတ်တော်တော်များများက Song Song Couple လေးကို အမြန်ပြန်အဆင်ပြေစေချင်နေပြီး အရင်လိုချစ်နေကြတာပဲပြန်မြင်ချင်နေကြတာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Song Song Couple ရဲ့အချစ်ဗိမာန်လေးနဲ့ အနာဂတ်အိပ်မက်တွေဟာ တကယ်ပဲကွဲအက်ပျက်စီးသွားပြီထင်လား။ပြောခဲ့ကြပါဦး။

Can’t Wait To Say