အနုပညာသတင်းများ

ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ဘူးလို့ပြောလာတဲ့ Maeya Sunsun

မြန်မာလူမျိုးတွေ အားပေးမှုကို ရရှိနေတဲ့ တစ်မူထူးခြားတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံက အလှမယ် Maeya Sunsun ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကို ကြော်ငြာကိစ္စတစ်ခုနဲ့ ဒုတိယအကြိမ်လာခဲ့ပါတယ်။ Maeya Sunsun ကတော့ မြန်မာနိုင်ငံက မီဒီယာတွေနဲ့ တွေ့တဲ့အချိန်မှာ ခွဲစိတ်ပြုပြင်တာမျိုးကို မလုပ်ဘဲ ပင်ကိုရုပ်ရှည် ထိန်းသိမ်းထားချင်တယ်လို့ အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

Maeya Sunsunက “ပထမခရီးစဉ်လိုပဲ အရမ်းစိတ်လှုပ်ရှားပါတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ တွေ့ရလို့ အရမ်း ဝမ်းသာပါတယ်။ မနေ့က ဗိုလ်တထောင် ဘုရားဘိုးဘိုးကြီးနဲ့ ရွှေတိဂုံဘုရားတို့ကို သွားရောက် ဖူးမြှော်ရပါတယ်။ မြန်မာသီချင်းမှာ MV ရိုက်ထားတာရှိပါတယ် အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် MV တွေ ရိုက်တယ် ရှူတင်တွေလည်း ရှိပါတယ် Facebook ကနေလည်း အားပေးလို့ရပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “ခွဲစိတ်ပြုပြင်တာမျိုးတော့ လုံးဝမလုပ်ပါဘူး။ ပင်ကိုယ်ရုပ်ရည်ကို ထိန်းသိမ်းထားချင်တာပေါ့နော်။ Treatment တွေဘာတွေတော့ လုပ်တယ် မျက်နှာပေါင်းတင်တာတို့ဘာတို့ လုပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် Confidence ရှိဖို့က အရေးကြီးဆုံးပဲတဲ့ အလှအပက Second နေရာမှာပါ။ Confidence ရှိမှ အလှအပဆိုတာထွက်လာတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် Confidence ရှိဖို့က အဓိကပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

LGBT တွေနဲ့ ပတ်သက်ပြီးတော့လည်း “ထိုင်းနိုင်ငံမှာ LGBT တွေအတွက်ဆိုရင် အခွင့်အရေးတွေက ဖွင့်ထားပြီးသားပဲ အရင်ကထက်ပိုပြီး လက်ခံလာကြတယ်။ ခွဲစိတ်တာလည်းရှိတဲ့အတွက် ခွဲစိတ်လို့ရတယ် အကုန်လုံးက လက်ခံတယ်ပွင့်ပွင့်လင်းလင်းပဲ ဘာမှမဖြစ်ဘူး။ အရင်တုန်းကဆိုရင် တခြားမိသားစုက လက်မခံနိုင်တာတို့ဘာညာရှိတယ်ပေါ့နော် အခုကျတော့ အရမ်းကို ပွင့်လင်းလာတဲ့အတွက် မိဘတွေလည်း လက်ခံလာကြတယ် တချို့ကလည်း လက်မခံဘူးပေါ့နော်။ LGBT တွေအတွက် ကိုယ့်ကိုယ်ကိုယ် Confidence ရှိရမယ် သူများနှိမ်တာကိုလည်း သွားဂရုမစိုက်နဲ့ စိတ်ဓာတ်ကျအောင် မနေနဲ့ ကိုယ့်အစွမ်းအစနဲ့ ရပ်တည်ပါ။”လို့ပြောသွားခဲ့ပါတယ်။

The post ခွဲစိတ်ပြုပြင်မှုတွေ မလုပ်ဘူးလို့ပြောလာတဲ့ Maeya Sunsun appeared first on Nanmalgyi.