အနုပညာသတင်းများ

သင်ဇာဝင့်ကျော်က တော်ရုံအသည်းကွဲမယ့် မိန်းကလေးမဟုတ်ဘူးဆိုတဲ့ ပိုင်တံခွန်

မိန်းကလေးတွေကြား ရေပန်းစားလူကြိုက်များတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်နဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မင်းသမီးသင်ဇာဝင့်ကျော်နဲ့ ကြော်ငြာတွေလည်း တူတူတွဲရိုက်နေပြီး အနုပညာလှုပ်ရှားမှုတွေကို မကြာခဏလုပ်နေတာကိုတော့ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ FMM နဲ့ အင်တာဗျူးမှာတော့ Social Media မှာ တင်ထားတဲ့ သင်ဇာဝင့်ကျော်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံအကြောင်းနဲ့ ပတ်သက်ပြီး “ကျနော်တို့ Canal Plus Interview ဖြေရင်း ဓါတ်ပုံတူတူရိုက်ဖြစ်ခဲ့ကြတာပါ”

သင်ဇာဝင့်ကျော် တယောက် ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အပေါ် မိတ်ဆွေတယောက်ရဲ့ အမြင်နဲ့ ပတ်သက်ပြီး “မသင်ဇာက အရမ်းကို Strong ဖြစ်တဲ့ မိန်းကလေး အဲ့တော့ တော်ရုံတန်ရုံ အသည်းကွဲမှာ မဟုတ်ပါဘူး။ သူက အေးဆေးပဲ”

သင်ဇာဆီက ကိုယ်လေးစားအားကျရတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး “လွတ်လပ်တယ်။ ပွင့်လင်းတယ်။ အရှိကို အရှိတိုင်းနေတယ်။ ဒါပဲ။ ကျနော်အဲ့ဒါတွေကို သဘောကျတယ်။ အချစ်နဲ့ ပတ်သက်ရင်တော့ မသိပါဘူး။ ကျနော်ကိုယ်တိုင်ကျတော့လည်း ဒါတွေကိုမပြောပြတတ်ဘူး”

သင်ဇာရဲ့ ဖက်ရှင်တွေအပေါ်မှာရော ဘယ်လိုမြင်မိလဲဆိုတဲ့ မေးခွန်းကိုတော့ “မသင်ဇာဝတ်တဲ့ ပုံစံတိုင်းကို ကြိုက်တယ်။ ကိုယ့်အမဖြစ်နေတဲ့အခါကျတော့ ထွေထွေထူးထူးကြီး တခြားမိန်းကလေးတွေလိုမျိုး ပြောစရာမရှိပါဘူး” ဟု သင်ဇာဝင့်ကျော်နဲ့ ပတ်သက်ပြီး ပိုင်တံခွန်ကတော့ ဖြေကြားသွား ခဲ့တာ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ မိန်းကလေး တယောက်ဖြစ်သလို ပုရိသတွေ အသည်းစွဲ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။

သင်ဇာကတော့ သိပ်မကြာသေးခင်ကလည်း သူ့ရဲ့ ချစ်သူ နိုင်ငံခြားသားနဲ့ နားလည်မှုယူပြီး လမ်းခွဲလိုက်တာလည်း ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ခဲ့ပြီး လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ကတော့ ပျော်ပျော်ပဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Credit: Nanmalgyi