အနုပညာသတင်းများ

ငါ့ရည်းစားပိုမိုက်တယ် သီချင်းကို ပုဆိုးတွေနဲ့ အပြတ်ကဲနေကြတဲ့ စိုင်းစိုင်းတို့အဖွဲ့

သီချင်းတစ်ပုဒ်ရဲ့ အောင်မြင်မှုကို ဘာတွေနဲ့တိုင်းတာလို့ရလဲ ဆိုတာ ကျနော်တို့မသိပေမယ့် မြန်မာနိုင်ငံမှာတော့ သွားလေရာ ရောက်လေရာမှာ ကြားနေရတဲ့ သီချင်းတစ်ပုဒ်ဆိုရင်တော့ အဲ့ဒီသီချင်းဟာ သေချာပေါက်အောင်မြင်နေတဲ့သီချင်းပဲလို့ သတ်မှတ်ရပါတယ် ။ ပြီးခဲ့ ကက်ဆက်ခွေ ခေတ်ကနေပြီး အဆက်ဆက်ဖြတ်ကျော်ခဲ့တဲ့ VCD ခေတ်ကနေ ယနေ့ အွန်လိုင်းခေတ်ကိုရောက်တဲ့အချိန်ထိ သီချင်းတွေ ဟာ အဲ့ဒီလိုနည်းနဲ့ အောင်မြင်လာကြတယ်လို့ပြောရင်တောင် မှားမယ်မထင်ပါဘူး ။

အခုကျနော်တို့ ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့ သီချင်းတစ်ပုဒ် ပေးချင်တဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ် ။ အဲ့ဒီသီချင်းတစ်ပုဒ်ကတော့ Franzo အဖွဲ့လို့တင်စားခေါ်ဝေါ်လို့ရတဲ့ စိုင်းစိုင်း ၊ G Fatt ၊ Snare ၊ ဂျွန် ၊ ဘန်နီဖြိုးတို့ ဆိုထားတဲ့ င့ါရည်းစားပိုမိုက်တဲ့ ဆိုတဲ့ သီချင်းလေး ကို စိုင်းစိုင်းတို့ တိုက်ပုံနဲ့ ပုဆိုးတွေဝတ်ပြီး သီဆိုဖျော်ဖြေနေတဲ့ ပုံရိပ်တွေပါတဲ့ Video လေးပါ။ ဒီ Video လေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသမီးများနေ့ အမှတ်တရ ဖျော်ဖြေပွဲမှာ သီဆိုဖျော်ဖြေသွားတဲ့ ပုံရိပ်လေးတွေလို့သိရပါတယ်။

ဒီသီချင်းလေးတွေကတော့ ကောင်မလေး ပရိသတ်တွေရော ယောက်ျားလေးပရိသတ်တွေရော ကြိုက်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်တယ်ဆိုတာထက် ယောက်ျားလေးတွေရဲ့ ကြားထဲ ယောက်ျားလေးသူငယ်ချင်းတွေကြားထဲမှာ တစ်ယောက်စော်ကို တစ်ယောက် အပြန်အလှန်ကြွားလုံးထုတ်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရေးသားထားတဲ့ဆိုရင်တောင် ပိုပြီးမှန်ပါမယ့် မြန်ဆန်လှတဲ့ နည်းပညာခေတ်ကြီးဆိုပေမယ့် ဒီသီချင်းဟာလည်း စိုင်းစိုင်းရဲ့အရင်သီချင်းတွေလိုမျိုး အလေ့အထနဲ့ ပဲ ထွက်ပြီးတစ်နှစ်ကြာတဲ့အချိန်မှ အင်တိုက်အားတိုက် နာမည်ကြီးလာခဲ့တယ် ဆိုတာကိုလည်း စိုင်းစိုင်းကိုယ်တိုင် သူရဲ့ Facebook စာမျက်နှာမှာ ရေးသားရှင်းပြခဲ့ဖူးပါတယ်။

စိုင်းစိုင်းက “ကျနော့်သီချင်းတွေဟာ ထွက်ထွက်ချင်းဘယ်တော့မှ မပေါက်ဘူး အနည်းဆုံးတစ်နှစ်တန်သည် နှစ်နှစ်တန်သည်စောင့်ခဲ့ရတာချည်းပါပဲ။ဖေဖော်ဝါရီမှတ်တမ်းထွက်တုန်းက ပထမခြောက်လ တစ်နှစ်နီးပါးလောက် ဘယ်မှသိပ်မရောက်လို့ စိတ်ညစ်နေခဲ့ဖူးတယ်။ တောဂေါ်လီက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၂၀၀၇ April ၁ ရက်နေ့ကထွက်တာပါ။ တစ်နှစ်လုံး ဘာသံမှမကြားရဘဲ နောက်နှစ် ၂၀၀၈ ကျတော့ ဘယ်သွားသွားကြားနေရတဲ့သီချင်း ဖြစ်ခဲ့ဖူးတယ် အခု ကျနော်တို့ရဲ့ ငါ့ရည်းစားကပိုမိုက်တယ် သီချင်းက မနှစ်က April ၁ ရက်နေ့မှာထွက်တယ် တစ်နှစ်အကြာမှာတော့ JOOX မှာ ၂ ပတ်ဆက်တိုက် နံပါတ်တစ် ဖြစ်လာပါပြီအားပေးတဲ့ပရိသတ်များကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။”ဆိုပြီးရေးသားထားဖူးပါတယ်။

ဒီသီချင်းလေးရဲ့ အောင်မြင်မှုကတော့ Animated Music Video လေးအဖြစ် ပရိသတ်တွေအားလုံးရဲ့ မျက်စိရှေ့ကိုရောက်လာခဲ့တဲ့ အချိန်တုန်းကလည်း ပရိသတ်တွေရဲ့ အထူးအားပေးခြင်းကိုရရှိခဲ့ပါတယ် ။ အခုကျနော်တို့ တင်ဆက်ပေးလိုက်တဲ့ Video လေးကိုကြည့်ပြီးသွားရင်လည်း မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို ပြန်လည် ဝေမျှပေးသွားကြပါဦးခင်ဗျာ ။ အခုVideo ကိုတော့ မှုလပိုင်ရှင်ဖြစ်တဲ့ Myanmar Celebrity မီဒီယာမှတစ်ဆင့် ကူးယူဖော်လိုက်ရခြင်းဖြစ်ပါတယ်။

ပုဆိုး၊ တိုက်ပုံ ၀တ်ပြီး ဆိုထားတဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်”

အမျိုးသမီးများနေ့ အကြိုဂုဏ်ပြု ဖျော်ဖြေပွဲမှာ “ငါ့ရည်းစားက ပိုမိုက်တယ်” သီချင်းကို မြန်မာဖက်ရှင် ပုဆိုး၊ တိုက်ပုံတွေနဲ့ ဆိုဖျော်ဖြေခဲ့ကြတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ ဂျွန်၊ ဘန်နီဖြိုး ၊ G-Fatt တို့နှင့် ခဏတာ။ Myanmar Celebrity TV Update: Sai Sai Kham Leng, John, Snare, Bunny Phyoe and G-Fatt performed for Myanmar Women Day Concert.#SaiSaiKhamLeng #PhyoLayy #NayWin #Snare #John #BunnyPhyoe #GFatt

Posted by Myanmar Celebrity on Sunday, 30 June 2019

Credit: Nanmalgyi