အနုပညာသတင်းများ

သားလေးကသူ့ကို မေမေ မခေါ်ဘဲ သဲသဲ လို့ခေါ်တယ် ဆိုတဲ့ ယွန်းဝတီလွင်မိုး

ချစ်စရာကောင်းတဲ့ ယွန်းဝတီ လွင်မိုးရဲ့ သားလေး လီယမ်ကလည်း ပရိသတ်တွေ ချစ်ခြင်းမေတ္တာကို သိမ်းပိုက်ထားနိုင်နေပြီဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုး ရဲ့ ပရိသတ်အချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတဲ့ အပေါ်မှာ နှမြောတသ ဖြစ်ခဲ့ကြပေမယ့် သူရဲ့ရင်သွေးလေးလီယမ် ကို မြင့်တွေ့ကြတဲ့အချိန်မှာတော့ နှမြောတသဖြစ်မှုတွေဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အခု ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာ သူ့သားလေးနဲ့ သူ့အကြောင်းအနည်းငယ်ပြောပြသွားတာ ရှိပါတယ် ။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ ။

သားလေးကတော့ ကိုယ့်သားဆိုတော့ လွမ်းတာပေါ့ ။ Face Time လေးတွေ ဘာလေးတွေလုပ်တယ် အခုရန်ကုန်မှာ ရှိတုန်းတော့ ရသမျှအချိန်ကို ပေးဖြစ်ပါတယ်။ သားလေးက သမီးတိုစောင့်နေတာက ဖေဖေမေမေ လို့ပြောမလားပေါ့ အခုက သူ့ဟာသူခေါ်တယ် သဲသဲတဲ့ ။ ဘယ်လိုအလွမ်းသယ်လဲဆိုတော့ ဒီဖုန်းထဲမှာ လည်း သားပုံတွေနဲ့ပြည့်နေတာ ပုံ၆၀၀၀လည်းကျော်သွားပါပြီ ။ အချိန်ကလည်းနည်းနည်းကွာတော့ အားတိုင်း သားလေး အိပ်ချိန်နဲ့ ဘာနဲ့ သမီးကလည်း ကျောင်းတတ်နေရတာဆိုတော့ အချိန်နည်းနည်းလုပြီးတော့ Face Time ပြောဖြစ်ပါတယ်။

မိသားစုအတွက်ဘာလုပ်လဲဆိုတော့ အခုကတည်းက မိသားစုအတွက် အလုပ်လုပ်ပေးတယ် ။ ပိုက်ဆံရှာတယ် နောက်ဆိုလည်း ကိုယ့်Brand နဲ့ ကိုယ့် Company ကိုထောင်ရမယ် ။သားလေးနဲ့အချိန်ကုန်ဆုံးတာကတော့ သားလေးက အခုမှ ၁၁လပဲရှိသေးတာလေ ဖေဖေပြောသလိုပဲပေါ့ သမီးဒီအရွယ်နဲ့ ပညာရေးက အရေးကြီးပါတယ် ။ ပြီးအောင်သင်ယူမယ် ပြီးရင် သားလေးနဲ့တစ်ဘဝလုံးအတူတူရှိတော့မှာပါ ။ အဖိုးရဲ့ အသည်းနှစ်ပါ ညဆိုလည်း အဖိုးနဲ့အဖွားနဲ့ပဲ သိပ်ပြီးတော့ နေ့တိုင်းအဖိုးနဲ့ အဖွားနဲ့ပဲ အိပ်တယ်” ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ချစ်ဖို့ကောင်းတဲ့ လီယမ်လေးတစ်ယောက်ကတော့ စကားတွေကို ဝူးဝူးဝါးဝါး ပြောတတ်ရုံတင်မဟုတ်ပဲ သဲသဲလို့တောင်ခေါ်တတ်ပြောတတ်နေပြီလို့ ယွန်းဝတီလွင်မိုးက ပြောပြသွားခဲ့ပါတယ် ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးရော ယွန်းဝတီလွင့်မိုးရဲ့ သားလေး တစ်ယောက် ချစ်ရတဲ့ မေမေနဲ့ အမြန်ဆုံး အတူတူဘဝတစ်လျှောက်လုံး နေသွားရပါစေလို့ ဆုတောင်းစကားလေး ပြောပေးသွားဦးနော်

Credit: Nanmalgyi