အနုပညာသတင်းများ

ငယ်ငယ်က တင်ပါးအကိုင်ခံရလို့ကြောက်ပြီးငိုခဲ့ရတဲ့ နေခြည်ဦး

နေခြည်ဦးဟာဆိုရင် Beauty Blogger ဘဝကနေမင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။ နေခြည်ဦးက ငယ်ရွယ်တဲ့မိန်းကလေးတွေ ဆယ်ကျော်သက်တွေအတွက် inspiration တစ်ခုအဖြစ်ရပ်တည်နေသလို မိန်းကလေးတွေအားကျရတဲ့ စံထားရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ နေခြည်ဦးက လက်ရှိတစ်နိုင်ငံလုံးစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Victoria ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကိုဖြေကြားသွားသလို နေခြည်ကိုယ်တိုင်ငယ်ငယ်တုန်းကလည်း မကိုင်သင့်တဲ့နေရာကိုအကိုင်ခံခဲ့ရကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

နေခြည်က အခုတလော တစ်နိုင်ငံလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်မှုကိုခံနေရတဲ့ Victoria ရဲ့ ကိစ္စအပေါ်အမြင်ကို “အခုက ကျူးလွန်သူရော ကျူးလွန်ခံရသူရောက ကလေးတွေဆိုတော့နေခြည်လည်းစိတ်မကောင်းဘူး။ ဒါက နေခြည်တို့ လက်ခံရမယ့်ကိစ္စမဟုတ်ပါဘူး။ ကလေးပဲကျူးလွန်လွန် လူကြီးပဲကျူးလွန်လွန်နေခြည်တို့ ပြင်းပြင်းထန်ထန်အရေးယူရမယ်လို့နေခြည်ထင်ပါတယ်။ ဒါပေမယ့် ကျူးလွန်သွားတဲ့မိဘတွေဘက်ကိုလည်းနေခြည်ကိုယ်ချင်းစာပါတယ်။ နေခြည်ကိုယ်ချင်းနှစ်ခုလုံးစာတယ်။ နေခြည့်ညီမလေးသာ ကျူးလွန်ခံရတဲ့ ကလေးနေရာမှာဆိုနေခြည်ခံနိုင်မှာမဟုတ်ပါဘူး။ နေခြည့်မှာမောင်လေးလည်းရှိပါတယ်။ နေခြည့်မောင်လေးက တပါးသူုကိုအဲ့လိုလုပ်လိုက်တယ်ဆိုရင် နေခြည်ခံနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပြထားပါတယ်။

နေခြည်ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက မကိုင်သင့်တဲ့နေရာကို အကိုင်ခံခဲ့ရလို့ ကြောက်ပြီးငိုခဲ့ရတယ်လို့ “နေခြည်ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည်ကို်ယ်တိုင်ကအစ ငယ်ငယ်တုန်းက အဲ့လိုလုပ်ခံရဖူးပါတယ်။ နေခြည် ဆယ့်နှစ်နှစ်ဆယ့်သုံးနှစ်တုန်းက နေခြည်တို့က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာပဲနေတာပါ။ သင်္ကြန်မှာ လမ်းမထွက်ပြီးတော့ နေခြည်ရေပက်တဲ့အချိန်မှာနေခြည့်ကိုယောက်ျားတစ်ယောက်က အနောက်ကနေပြီးတော့ နေခြည့်တင်ပါးကိုကိုင်ပါတယ်။ နေခြည်ဆယ့်သုံးဆယ့်လေးနှစ်လောက်ပဲရှိပါသေးတယ်။နေခြည်စိတ်ထဲမှာအရမ်းကြောက်သွားတာ။ ဘယ်သူမှန်းမသိဘူး။နောက်ကိုလည်းလှည့်မကြည့်ရဲဘူး။ ဘာလို့ဒီလူက င့ါကိုဒီလိုကိုင်နေတာလဲဆိုတာနေခြည်စဉ်းစားနေတာပေါ့နော်။ နေခြည်အရမ်းရှက်တယ်။ လှည့်လည်းမကြည့်ရဲဘူး။ သူက အဲဒီလို နေခြည့်ကိုငါးမိနစ်လောက်ကိုင်တဲ့အချိန်မှာ နေခြည်မခံစားနိုင်တော့ဘူး။ နေခြည်ရေခွက်ကိုချပြီးနေခြည့်အိမ်ကိုပြန်ပြေးပြီးနေခြည် တောက်လျှောက်ငိုခဲ့ရတာ”လို့ ရင်ဖွင့်ထားပါတယ်။

နေခြည်က အဲဒီဖြစ်ရပ်ကို မိဘတွေကိုမပြောဖြစ်ခဲ့ဘူးဆိုတဲ့အကြောင်းလည်း “နေခြည်အဲ့တုန်းက မိဘတွေကိုလည်းနေခြည်မပြောခဲ့ရဘူး။ နေခြည့်အဖေကိုပြောရင်လည်း နေခြည့်အဖေက သတ်မယ်ဖြတ်မယ်ပဲလုပ်မှာပဲ။ နေခြည်ဘယ်သူမှန်းလည်းမသိခဲ့ရဘူး။ နေခြည်အဲဒီကိစ္စက နောက်သုံးနှစ်လောက်အထိစိတ်ဒဏ်ရာက carry on လုပ်လာပါတယ်။ ဆယ့်ခြောက်ဆယ့်ခုနစ်လောက်ရောက်မှနေခြည်စာတွေဖတ်ရင်းနဲ့ နေခြည်မိဘတွေကို မပြောဖြစ်ခဲ့တာက နေခြည်လိုအပ်ချက်တွေပေါ့နော်။ နေခြည့်ကိုသင်ပေးမယ့်သူလည်းမရှိဘူး။ ကလေးတွေမှာ body safety ပိုင်းကိုသင်ပေးဖို့လိုအပ်ပါတယ်။ နေခြည်တို့ငယ်ငယ်တုန်းက ကလေးတွေဖြစ်တဲ့အတွက်ဘယ်အစိတ်အပိုင်းကိုကိုင်ရင် ကိုင်လို့ရတယ် ကိုင်လို့မရဘူးဆိုတာဘယ်သူမှမသိပါဘူးခုချိန်မှာ ရင်ဘတ်ကိုလာကိုင်ရင်ပါးပြန်ရိုက်မှာပါ။ ဒါပေမယ့် အဲဒီတုန်းက ဘာပြန်ပြောရမှန်းမသိဘူး။ အဲဒီအတွက် ခန္ဓာကိုယ်မှာ Body Safety parts တွေအများကြီးသင်ရမယ်လို့နေခြည်ထင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

Credit: Nanmalgyi