အနုပညာသတင်းများ

ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ မြင့်မြတ်ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေး

ပြည်သူအချစ်တော် မင်းသားတယောက်ကတော့ သူအနုပညာလောကထဲကို စဝင်တဲ့အချိန်ကတည်းကိုက ချစ်စရာကောင်းပြီး ရိုးသားတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေ ချစ်ခင် အားပေးနေတာကြတာ ဖြစ်ပါတယ်။ မင်းသားမြင့်မြတ်ကတော့ ရုပ်ချောလို့ နာမည်ကြီးတာမဟုတ်သလို သူ့ရဲ့ရိုးသားပြီး ပရိသတ်အပေါ်ထားတဲ့ စေတနာကြောင့်လည်း လက်ရှိချိန်ထိကို နာမည်မကျပဲ အောင်မြင်နေတာ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ကိုင်နေသလို တဖက်မှာလည်း ချစ်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့သားလေးကတော့ သူနဲ့ သူ့ရဲ့ချစ်ဇနီးလေးနဲ့ တူတာကြောင့် အရမ်းကို ချစ်စရာကောင်းနေပြီး လက်ရှိချိန်မှာတင် သူ့သားလေးကို အားပေးပြီး ချစ်ကြတဲ့ ပရိသတ်အများအပြားရှိနေကြပြီ ဖြစ်ပါတယ်။

လက်ရှိပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ ဗီဒီယိုအတိုလေးကတော့ မြင့်မြတ်ကို ဘေးက ပရိသတ်တယောက်က “ဖေဖေသမီးကို ပေးမှာလား ဖေဖေ့သားလေးကို” ဆိုတဲ့ မေးခွန်းကိုတော့ မြင့်မြတ်က ရှက်ကိုးရှက်ကန်းလေးနဲ့ “ပေးမယ်ပေးမယ် တကယ်ပေးမယ်ဆိုပြီးတော့” ပြန်ဖြေလိုက်တာကတော့ အရမ်းကို နာမည်ကြီးနေတာ ဖြစ်ပါတယ်။

မြင့်မြတ်ကတော့ ရုပ်ရှင်သရုပ်ဆောင်တဲ့နေရာမှာသာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပေမယ့်လည်း ပြင်ပမှာတော့ သူများကို အားနာတတ်ပြီး သဘောကောင်းလွန်းတဲ့ မင်းသားတယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေဆိုပြီးတော့လည်း အပေါ်စီးကနေ မဆက်ဆံတတ်ပဲ တန်းတူဆက်ဆံတတ်တာတွေကြောင့်လည်း ပရိသတ်တွေက သူ့ကိုချစ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပရိသတ်တွေကြားမှာ ခေတ်စားနေတဲ့ သူ့သားလေးကို ပေးမယ်ဆိုတဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဗီဒီယိုလေးကိုကြည့်ပြီး မင်းသားမြင့်မြတ်ကို အားပေးတဲ့သူရော အားမပေးတဲ့သူရော မြင့်မြတ်ကို ချစ်သွားကြမယ်လို့ထင်ပါတယ်။

ဟာ ဒီvideo tiktok မှာမကြာခင်တွေ့ရတော့မယ်ထင်တယ်

Posted by မြင့်မြတ် on Saturday, 29 June 2019

Credit: Nanmalgyi