အနုပညာသတင်းများ
ရည်းစားထားရင် ပါးချည်းပဲ ရိုက်ခံရမှာဆိုတဲ့ ပိုင်တံခွန်
unicode
နှုတ်ခမ်းနီမလေးတွေကြား ရေပန်းစားနေတဲ့ မော်ဒယ်နဲ့ ကြော်ငြာသရုပ်ဆောင် ပိုင်တံခွန် ကတော့အခုနောက်ပိုင်း နာမည်ရနေတဲ့ သူတစ်ယောက်ဆိုတာ ပရိတ်သတ်ကြီးလဲသိကျမှာပါ။ အခုလက်ရှိသူရဲ့ အချစ်ရေးနဲ့ပက်သက်ပြီး သူပရိတ်သတ်တွေလဲ အရမ်းကိုသိချင်နေမှာပါ သူဘယ်လို့ ချစ်သူကောင်မလေးမျိုးကို ချစ်သူအဖြစ် ထားမလဲဆိုတာနဲ့ သူဘယ်လိုတွေ ကြုံတွေ့ခဲ့ရလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။
ပိုင်တံခွန်ကတော့ Pann Pwint နဲ့ အင်တာဗျူးမှာတော့ လက်ရှိအချစ်ရေး အခြေနေကရောဆိုတာကိုတော့ “Single ပါ တစ်ခါတောင်ကျွန်တော်နဲ့ကောင်မလေး တယောက် Bar ကပုံတွေ တက်လာတယ် ပရိတ်သတ်ကိုအားနာတယ် ဒါနဲ့ပက်သက်ပြီး တချို့မသိတဲ့လူတွေက တကယ်လားဆိုပြီး ထင်နေကျတယ်။ တွေ့တိုင်းဒါကြီးဘဲမေးနေကျတာ ကျွန်တော် အာကြောင့် အခုတစ်ခါတည်းဖြေတာပါ လုံးဝsingle ပါ ဘာမှမရှိပါဘူး အရှုပ်အရှင်းလဲ မရှိပါဘူး”
အချစ်ရေးနဲ့ပက်သက်လို့ တစ်မျိုးမြင်နေကြတာနဲ့ ပတ်သက်ပြီး “အဲ့လိုတော့မစိုးရိမ်ဘူးဗျ အရင်ထဲကကျွန်တော်က လိမ္မာတဲ့သူမဟုတ်ဘူး အရမ်းဆိုးတယ် ရည်စားလဲများတယ် ဒါပေမယ့်အခုလက်ရှိက ကျွန်တော် ရည်းစားမထားတာ အလုပ်လဲများတယ် ပြီးတော့ ကျွန်တော်ပရိတ်သတ်တွေက ကျွန်တော်ကို တော်တော်များများသိတယ် ကျွန်တော် ဘယ်သူနဲ့ခိုးတွဲနေလဲဆိုတာ သူတို့ကသိတယ် အာ့ကြောင့်အခုလက်ရှိရည်းစား မရှိတာသူတို့သိပါတယ်”
ရည်စားမရှိတာကြာပြီလားဆိုတဲ့ အပေါ်မှာတော့ “ကြာပါပြီ နောက်ဆုံး တစ်ယောက်နဲ့ပျက်ပြီးထဲက ကျွန်တော်အခု အလုပ်ဘဲလုပ်တယ်။ တကယ်တမ်း တခြားတစ်ယောက်ကိုပေးဖို့ ကျွန်တော်မှာ အချိန်မရှိဘူး အခုကိုဘဲကြည့် ကျွန်တော် တော်တော်ပိန်ညောင်နေပြီ ကိုယ်ကိုကိုယ်တောင် အချိန်မပေးနိူင်တာ တခြားတစ်ယောက်ကို ပေးဖို့ တော်တော်ခဲရင်းတယ်”
ရည်စားမရှိတာ့ ဘယ်လိုနေလဲဆိုတာကိုတော့ “ပိုပြီးလွတ်လပ်တယ် အခုကျွန်တော်သူငယ်ချင်းတွေ ရည်းစားရှိတယ် ၂၄နာရီသူတော်ဦးတင်နေရတယ် မနက်အိပ်ယာထတဲ့အချိန်က ညအိပ်တဲ့အချိန်ထိဘဲ သူတို့ကိုကြည့်ပြီး အရမ်းစိတ်ညစ်ဖို့ကောင်းတယ် ကျွန်တော်လဲကြုံဘူးပါတယ်။
အရင်Exတွေတုန်းက ကျွန်တော် ကောင်မလေးကို ၂၄နာရီအချိန်ပေးနေရတယ် နောက်ဆုံးဘယ်သွားသွား video call ခေါ်ရတယ် အဲ့လိုကျတော့ကြာလာတော့လဲ အဆင်မပြေဘူးလေ အခုကျရည်စားမရှိတော့ အလုပ်ကို အေးဆေးလုပ်လို့ရတယ် ပြီးတော့အခုကျွန်တော် Facebook ပေါ်မှာမြင်တဲ့အတိုင်းဘဲ Baby ရေလိုက် တော်ကြာ ရန်ဖြစ်လိုက်နဲ့ရည်းစားရှိရင် ပါးကြီးဘဲအရိုက်ခံရတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
Credit: Nanmalgyi