အနုပညာသတင်းများ

စုဖုရားလတ်နေရာကနေ သရုပ်ဆောင်မယ့် ဝတ်မှုန်ရွှေရည်

လက်ရှိ မြန်မာ့ သရုပ်ဆောင်မင်းသမီးတွေထဲမှာ ပရိသတ်ဝန်းရံမှု အများဆုံးထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ကတော့ ပြီးခဲ့တဲ့ လ ကုန်ပိုင်းတုန်းက ကိုရီးယားနိုင်ငံ မှာသွားရောက်ပြီး Asia Special Award ကိုလည်း ပေးအပ်ချီးမြှင့်ခြင်းကို ခံထားရတဲ့သူတစ်ယောက် လည်းဖြစ်ပါတယ်။ အခုမြန်မာရာဇဝင် ဇာတ်လမ်းတစ်ခုမှာ လည်းပါဝင်သရုပ်ဆောင်တော့မယ်လို့ ကြားသိထားရပါတယ်။ မြန်မာ့ရာဇဝင်ထဲက မြန်မာတွေမတွက် ယူကျုံးမရအဖြစ်ရဆုံး ကာလတစ်ခုလို့ ပြောလို့ရတဲ့ ကိုယ့်ထီးနန်းကို သူတပါးလက်ထဲ ရောက်အောင် တွန်းပို့ခဲ့သူ သမိုင်းတရားခံရယ် လို့ လူတချို့ပြစ်တင်ပြောဆိုခဲ့ကြတဲ့ စုဖုရားလတ် နေရာကနေ သရုပ်ဆောင်မယ်လို့လည်း သိရပါတယ်။ စုဖုရားလတ် ရဲ့ဇာတ်ရုပ်ကတော့ ပီပြင်အောင်သရုပ်ဆောင်နိုင်ရင် တော်တော် လူမုန်းများမယ့် ကာရိုက်တာတစ်ခုပါ ။ အခု ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ အကြောင်းလေးကတော့ ဝတ်မှုန်ရွှေရည် နဲ့ Myanmar Celebrity နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။

စုဖုရားလတ် ဇာတ်ရုပ်အနေနဲ့ ရိုက်ကူးမယ့် ဇာတ်လမ်းအခြေအနေကိုလည်း “အဲ့ဒါကလုပ်နေတုန်းပေါ့ processကလည်း လုပ်နေတုန်းပေါ့ ဇာတ်ကလည်း သေချာပြင်ဆင်မှရမယ့်ဇာတ်ဖြစ်နေတော့ ။ ကြီးတော့ပြင်ဆင်နေတယ်။ ဒါပေမယ့် ဘာမှ Ready မဖြစ်သေးပါဘူး ။ရင်ခုန်တာကတော့ အရမ်းပေါ့”ဆိုပြီးပြောပြသွားပါတယ်။

ဒဏ္ဍာရီမိုးဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့လည်း “ဒဏ္ဍာရီမိုးကိုတော့ အချစ်ကားကောင်းကောင်းလေး ကြည့်ချင်တဲ့သူတွေ လာကြည့်ပါလို့ အပြင်ကအသံတွေကိုလည်း ကြားချင်ပါတယ်လို့ သူကအရမ်းကိုအချစ်ကြီးတယ် သံယောဇဉ်ကြီးတယ် အဲ့လိုကောင်မလေးမျိုးပေါ့ အပြင်ကစ်လည်း သံယောဇဉ်ကြီးပါတယ် အချစ်ကြီးပါတယ်။ ရုပ်ရှင်ကြည့်ပြီး ဆုံးဖြတ်ကြပါ ကိုရဲတိုက်ပရိသတ်တွေကတော့ စိတ်တိုင်းကျမှာပါ တအားကို။”ဆိုပြီးပြောပြသွားပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုကိုလည်း “ရုပ်ရှင် ဘယ်နှကား ဇာတ်တွေရွေးရမှာ တိုင်ပင်ရမှာတွေ ရှိပါသေးတယ် ။ ရုပ်ရှင်seriesလည်းပြောထားတယ်ရှိပါတယ်။ ဇတ်လမ်းကမသေချာသေးလို့အသိမပေးသေးတာပါ ဇာတ်လမ်းတွဲကိုလည်း စိတ်ဝင်စားပါတယ် ။ နိုင်ငံတကာမှာလည်း ဇာတ်လမ်းတွဲတွေ စိတ်ဝင်စားကြတယ်ကြိုက်ကြတယ်။ ဒီမှာလည်း ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေ ရိုက်စေချင်ပါတယ်”ဆိုပြီး ဖြည့်စွက်ပြောပြသွားခဲ့ပါတယ်။

ဒီသတင်းလေးကို ဖတ်ပြီးမိတ်ဆွေတို့ရဲ့ အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှသွားကြပါဦး ခင်ဗျာ ။

Credit: Nanmalgyi